Skip to main content
နယ္တြင္စည္းရုံးေရးဆင္းသည့္အခါ NLD ပါတီဝင္မ်ားႏွင့္ ေရြးေကာက္ပြဲေကာ္မရွင္က ဖိအားေပးျခင္းမ်ဳိး ရွိေနေၾကာင္း NDF ပါတီဥကၠ႒ေျပာ
Ads Block

နယ္တြင္စည္းရုံးေရးဆင္းသည့္အခါ NLD ပါတီဝင္မ်ားႏွင့္ ေရြးေကာက္ပြဲေကာ္မရွင္က ဖိအားေပးျခင္းမ်ဳိး ရွိေနေၾကာင္း NDF ပါတီဥကၠ႒ေျပာ

နယ္တြင္စည္းရုံးေရးဆင္းသည့္အခါ NLD ပါတီဝင္မ်ားႏွင့္ ေရြးေကာက္ပြဲေကာ္မရွင္က ဖိအားေပးျခင္းမ်ဳိး ရွိေနသျဖင့္ ေက်းရြာသူေက်းရြာသားမ်ားက အျခားပါတီမ်ားကို လက္မခံရဲသည့္အေနအထားမ်ား ျဖစ္လာေၾကာင္း အမ်ဳိးသားဒီမိုကေရစီအင္အားစု (NDF) ပါတီဥကၠ႒ ဦးခင္ေမာင္ေဆြက ေျပာသည္။

စက္တင္ဘာလ ၁၀ ရက္၌ အကုန္သိသတင္းဌာန၏ ဆက္သြယ္ေမးျမန္းမႈအေပၚ ယခုကဲ့သို႔ ျပန္လည္ေျဖၾကားေပးျခင္းျဖစ္သည္။

“ အခုနယ္ေတြမွာ စည္းရုံးေရးဆင္းတဲ့အခါမွာ NLD ပါတီဝင္ေတြနဲ႔ေကာ္မရွင္ကလူေတြက ေက်းရြာအုပ္စုေတြအထိဆင္းၿပီးေတာ့ အျခားပါတီေတြစည္းရုံးေရးဆင္းတာကို လိုက္ၿပီးေတာ့ ဓာတ္ပုံရိုက္တာတို႔၊ ဖိအားေပးတာတို႔ ဒီလိုအခ်က္ျပတဲ့အခါမွာ ရပ္ကြက္သူ၊ ရပ္ကြက္သားေတြက ေက်းရြာသူ၊ ေက်းရြာသားေတြက ေၾကာက္ရြံ႕မႈေတြရွိတဲ့အခါ အျခားပါတီေတြကိုလက္မခံရဲတဲ့အေနအထားေတြျဖစ္လာၿပီ။ ေနာက္တစ္ခါ ေဒၚေအာင္ဆန္းစုၾကည္ကလည္း သူ႔လူေတြကို မႏိုင္ႏိုင္ေအာင္ရတဲ့နည္းနဲ႔အႏိုင္ရေအာင္ လုပ္ရမယ္ဆိုတဲ့စကားႀကီးက ေရြးေကာက္ပြဲကိုပစ္ပယ္ၿပီးေတာ့ အႏိုင္ရေရးအဓိက၊ ျဖစ္သလုိႏိုင္ေအာင္ လုပ္ၾကဆိုၿပီး messages ေပးတာနဲ႔ တူေနတဲ့အတြက္ေၾကာင့္မို႔လို႔ ေရြးေကာက္ပြဲကေတာ့ တရားမွ်တလြတ္လပ္ဖို႔ အေၾကာင္းရွိပါဦးမလားဆိုၿပီး သံသယေတြအမ်ားႀကီးျဖစ္ရပါတယ္” ဟု အမ်ဳိးသားဒီမိုကေရစီအင္အားစု (NDF) ပါတီဥကၠ႒ ဦးခင္ေမာင္ေဆြက ေျပာသည္။

ထို႔ေၾကာင့္ လာမည့္ ၂၀၂၀ ေရြးေကာက္ပြဲတြင္ တစ္ပါတီတည္းကအစိုးရဖြဲ႔ရန္မလြယ္ကူေၾကာင္း ၄င္းက ဆက္လက္ေျပာသည္။

အဆိုပါအေၾကာင္းအရာႏွင့္ပတ္သက္ၿပီး အကုန္သိသတင္းဌာနမွ စက္တင္ဘာလ ၁၀ ရက္၌ ေရြးေကာက္ပြဲေကာ္မရွင္မွ ေျပာေရးဆိုခြင့္ရွိသူဦးျမင့္ႏိုင္အား ဖုန္းျဖင့္အႀကိမ္ႀကိမ္ဆက္သြယ္ခဲ့ေသာ္လည္း ျပန္လည္ကိုင္ၾကားေျဖဆိုျခင္းမရွိခဲ့ပါ။

“ တရားဝင္ႏိုင္ငံေရးပါတီေတြအားလုံး လြတ္လပ္စြာပါတီစည္းရုံးေရးလုပ္ခြင့္ရွိပါတယ္။ ဒါေပမဲ့ ေအာင္ႏိုင္ေရးေတာ့ လုပ္ခြင့္မရွိဘူး။ ဘာေတြအမွန္တကယ္လုပ္ခဲ့တယ္၊ လုပ္ေနတယ္ဆိုတာ ကြ်န္ေတာ္တို႔ မသိပါဘူး။ အျခားပါတီေတြရဲ႕လႈပ္ရွားမႈေတြကို ဥပေဒမဲ့ေႏွာင့္ယွက္ဟန္႔တားတယ္ဆိုရင္ေတာ့ သက္ဆိုင္ရာကို ဥပေဒအရတိုင္ၾကားတာ(ဒါမွမဟုတ္)ကြ်န္ေတာ္တို႔ပါတီကိုတိုင္ၾကားတာရွိရင္ ကြ်န္ေတာ္တို႔စစ္ေဆးၿပီးေတာ့ ေပၚေပါက္ခ်က္အရ အေရးယူမွာျဖစ္ပါတယ္” ဟု အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ (NLD) ပါတီမွ ေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာမ်ဳိးညြန္႔က ေျပာသည္။

လာမည့္ ၂၀၂၀ ေရြးေကာက္ပြဲႏွင့္ပတ္သက္၍ ဟန္ျပေရြးေကာက္ပြဲမဟုတ္၊ စံျပေရြးေကာက္ပြဲျဖစ္ေအာင္ ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္ဥကၠ႒ ဦးလွသိန္းက ေနျပည္ေတာ္ရွိ ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္ရုံး၌ ၿပီးခဲ့သည့္ ၾသဂုတ္လ ၂၃ ရက္ကက်င္းပခဲ့ေသာ ေရြးေကာက္ပြဲေကာ္မရွင္ႏွင့္ႏိုင္ငံေရးပါတီမ်ားညိွႏႈိင္းအစည္းအေဝးတြင္ ေျပာၾကားထားသည္။

ႏိုင္မင္းလြင္(အကုန္သိသတင္းဌာန)

Unicode Version

နယ်တွင်စည်းရုံးရေးဆင်းသည့်အခါ NLD ပါတီဝင်များနှင့် ရွေးကောက်ပွဲကော်မရှင်က ဖိအားပေးခြင်းမျိုး ရှိနေကြောင်း NDF ပါတီဥက္ကဋ္ဌပြော

နယ်တွင်စည်းရုံးရေးဆင်းသည့်အခါ NLD ပါတီဝင်များနှင့် ရွေးကောက်ပွဲကော်မရှင်က ဖိအားပေးခြင်းမျိုး ရှိနေသဖြင့် ကျေးရွာသူကျေးရွာသားများက အခြားပါတီများကို လက်မခံရဲသည့်အနေအထားများ ဖြစ်လာကြောင်း အမျိုးသားဒီမိုကရေစီအင်အားစု (NDF) ပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ပြောသည်။

စက်တင်ဘာလ ၁၀ ရက်၌ အကုန်သိသတင်းဌာန၏ ဆက်သွယ်မေးမြန်းမှုအပေါ် ယခုကဲ့သို့ ပြန်လည်ဖြေကြားပေးခြင်းဖြစ်သည်။

“ အခုနယ်တွေမှာ စည်းရုံးရေးဆင်းတဲ့အခါမှာ NLD ပါတီဝင်တွေနဲ့ကော်မရှင်ကလူတွေက ကျေးရွာအုပ်စုတွေအထိဆင်းပြီးတော့ အခြားပါတီတွေစည်းရုံးရေးဆင်းတာကို လိုက်ပြီးတော့ ဓာတ်ပုံရိုက်တာတို့၊ ဖိအားပေးတာတို့ ဒီလိုအချက်ပြတဲ့အခါမှာ ရပ်ကွက်သူ၊ ရပ်ကွက်သားတွေက ကျေးရွာသူ၊ ကျေးရွာသားတွေက ကြောက်ရွံ့မှုတွေရှိတဲ့အခါ အခြားပါတီတွေကိုလက်မခံရဲတဲ့အနေအထားတွေဖြစ်လာပြီ။ နောက်တစ်ခါ ဒေါ်အောင်ဆန်းစုကြည်ကလည်း သူ့လူတွေကို မနိုင်နိုင်အောင်ရတဲ့နည်းနဲ့အနိုင်ရအောင် လုပ်ရမယ်ဆိုတဲ့စကားကြီးက ရွေးကောက်ပွဲကိုပစ်ပယ်ပြီးတော့ အနိုင်ရရေးအဓိက၊ ဖြစ်သလိုနိုင်အောင် လုပ်ကြဆိုပြီး messages ပေးတာနဲ့ တူနေတဲ့အတွက်ကြောင့်မို့လို့ ရွေးကောက်ပွဲကတော့ တရားမျှတလွတ်လပ်ဖို့ အကြောင်းရှိပါဦးမလားဆိုပြီး သံသယတွေအများကြီးဖြစ်ရပါတယ်” ဟု အမျိုးသားဒီမိုကရေစီအင်အားစု (NDF) ပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ပြောသည်။

ထို့ကြောင့် လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် တစ်ပါတီတည်းကအစိုးရဖွဲ့ရန်မလွယ်ကူကြောင်း ၎င်းက ဆက်လက်ပြောသည်။

အဆိုပါအကြောင်းအရာနှင့်ပတ်သက်ပြီး အကုန်သိသတင်းဌာနမှ စက်တင်ဘာလ ၁၀ ရက်၌ ရွေးကောက်ပွဲကော်မရှင်မှ ပြောရေးဆိုခွင့်ရှိသူဦးမြင့်နိုင်အား ဖုန်းဖြင့်အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ပြန်လည်ကိုင်ကြားဖြေဆိုခြင်းမရှိခဲ့ပါ။

“ တရားဝင်နိုင်ငံရေးပါတီတွေအားလုံး လွတ်လပ်စွာပါတီစည်းရုံးရေးလုပ်ခွင့်ရှိပါတယ်။ ဒါပေမဲ့ အောင်နိုင်ရေးတော့ လုပ်ခွင့်မရှိဘူး။ ဘာတွေအမှန်တကယ်လုပ်ခဲ့တယ်၊ လုပ်နေတယ်ဆိုတာ ကျွန်တော်တို့ မသိပါဘူး။ အခြားပါတီတွေရဲ့လှုပ်ရှားမှုတွေကို ဥပဒေမဲ့နှောင့်ယှက်ဟန့်တားတယ်ဆိုရင်တော့ သက်ဆိုင်ရာကို ဥပဒေအရတိုင်ကြားတာ(ဒါမှမဟုတ်)ကျွန်တော်တို့ပါတီကိုတိုင်ကြားတာရှိရင် ကျွန်တော်တို့စစ်ဆေးပြီးတော့ ပေါ်ပေါက်ချက်အရ အရေးယူမှာဖြစ်ပါတယ်” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောသည်။

လာမည့် ၂၀၂၀ ရွေးကောက်ပွဲနှင့်ပတ်သက်၍ ဟန်ပြရွေးကောက်ပွဲမဟုတ်၊ စံပြရွေးကောက်ပွဲဖြစ်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၌ ပြီးခဲ့သည့် သြဂုတ်လ ၂၃ ရက်ကကျင်းပခဲ့သော ရွေးကောက်ပွဲကော်မရှင်နှင့်နိုင်ငံရေးပါတီများညှိနှိုင်းအစည်းအဝေးတွင် ပြောကြားထားသည်။

နိုင်မင်းလွင်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။