Skip to main content
ဝင္းႏွင့္ေဇာ္ အသက္ရွင္သန္ခြင့္ရရွိေစရန္ ထုိင္းအမ်ိဳးသားလူ႔အခြင့္အေရးေကာ္မရွင္ထံ ေမတၱာရပ္ခံစာေပးပို႔
Ads Block

ဝင္းႏွင့္ေဇာ္ အသက္ရွင္သန္ခြင့္ရရွိေစရန္ ထုိင္းအမ်ိဳးသားလူ႔အခြင့္အေရးေကာ္မရွင္ထံ ေမတၱာရပ္ခံစာေပးပို႔

ထိုင္းႏိုင္ငံ လိပ္ကၽြန္းလူသတ္မႈတြင္ ေသဒဏ္ခ်မွတ္ခံထားရေသာ ဝင္းႏွင့္ေဇာ္ကို အသက္ရွင္သန္ခြင့္ရရွိႏိုင္ေရးအတြက္ ထုိင္းအမ်ိဳးသားလူ႔အခြင့္အေရး ေကာ္မရွင္မွ ကူညီေဆာင္ရြက္ေပးရန္ ျမန္မာႏုိင္ငံ အမ်ိဳးသားလူ႔အခြင့္အေရးေကာ္မရွင္က ေမတၱာရပ္ခံစာ ေပးပို႔လုိက္ေၾကာင္း သိရသည္။

ဝင္းႏွင့္ေဇာ္ အသက္ရွင္သန္ခြင့္ရရွိေစရန္ ထုိင္းအမ်ိဳးသားလူ႔အခြင့္အေရးေကာ္မရွင္ထံ ေမတၱာရပ္ခံစာေပးပို႔

စက္တင္ဘာလ ၉ ရက္ ရက္စြဲျဖင့္ ျမန္မာႏုိင္ငံ အမ်ိဳးသားလူ႔အခြင့္ေရးေကာ္မရွင္ ဥကၠ႒ ဦးဝင္းျမက လက္မွတ္ေရးထုိးၿပီး ေမတၱာရပ္ခံစာ ေပးပို႔ခဲ့ျခင္း ျဖစ္သည္။

“ အသက္ရွင္သန္ခြင့္က အေရးႀကီးပါတယ္။ အသက္ရွင္သန္ခြင့္ရဖုိ႔အတြက္ကို ေတာင္းဆုိတဲ့သေဘာပါ။ သူတို႔ရဲ႕ တရားစီရင္ခြင့္ကိုေတာ့ ဝင္ေရာက္ေႏွာင့္ယွက္လို႔ေတာ့ မရဘူး။ အစိုးရကိုလည္း တုိက္ရိုက္သြားေျပာလုိ႔မရတဲ့အတြက္ ေကာ္မရွင္အခ်င္းခ်င္း ခ်ိတ္ဆက္ၿပီး ေမတၱာရပ္ခံစာေပးပို႔တာပါ” ျမန္မာႏုိင္ငံအမ်ိဳးသားလူ႔အခြင့္ေရးေကာ္မရွင္ အဖြဲ႔ဝင္ ဦးယုလြင္ေအာင္က ေျပာသည္။

“ေရႊ႕ေျပာင္းလုပ္သား ၂ ဦး၏ အသက္ရွင္သန္ခြင့္ ခံစားရရွိႏုိင္ေရးအတြက္ ထိုင္းႏိုင္ငံ အမ်ိဳးသားလူ႔အခြင့္အေရး ေကာ္မရွင္အေနျဖင့္ လူ႔အခြင့္အေရးရႈေထာင့္မွ ကူညီေဆာင္ရြက္ေပးရန္”ဟု ေမတၱာရပ္ခံစာတြင္ ပါရွိသည္။

ျမန္မာႏုိင္ငံ လူ႔အခြင့္အေရးေကာ္မရွင္အေနျဖင့္ ၂၀၁၄ ခုႏွစ္ ေအာက္တုိဘာလတြင္ တစ္ႀကိမ္၊ ၂၀၁၅ ခုႏွစ္ ဒီဇင္ဘာလတြင္ တစ္ႀကိမ္ ေမတၱာရပ္ခံစာ ေပးပို႔ခဲ့ၿပီး ၂၀၁၉ ခုႏွစ္တြင္ တတိယအႀကိမ္အျဖစ္ ထပ္မံေပးပို႔ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“ ဒီကေလးႏွစ္ေယာက္ကို သတ္မယ္လုိ႔ေတာ့ မထင္ဘူး။ အခုက လူေတြေရာ၊ ကမၻာက စိတ္ဝင္စားေန တဲ့အမႈျဖစ္ေတာ့ ခုလုိလုပ္တဲ့သေဘာျဖစ္ပါတယ္။ မီဒီယာေတြ သတိမမူတဲ့အခ်ိန္ ေနာက္ ႏွစ္အနည္းငယ္ၾကာ တဲ့ အခ်ိန္မွာ ျပန္လႊတ္မွာပါ” ဟု ျမန္မာအေရးေဆာင္ရြက္သူတစ္ဦးျဖစ္သည့္ ကိုရဲမင္းက ေျပာသည္။

ထုိင္းႏုိင္ငံ လိပ္ကၽြန္းတြင္ ၿဗိတိန္ႏုိင္ငံသားႏွစ္ဦး အသတ္ခံရမႈႏွင့္ ပတ္သက္ၿပီး ျမန္မာေရႊ႕ေျပာင္း လုပ္သားႏွစ္ဦးျဖစ္သည့္ ကိုေဇာ္လင္းႏွင့္ ကိုဝင္းေဇာ္ထြန္းတုိ႔ႏွစ္ဦး၏ ေနာက္ဆံုးအယူခံကို ၂၀၁၉ ခုႏွစ္ ၾသဂုတ္လ ၂၉ ရက္တြင္ ပယ္ခ်ၿပီး ေသဒဏ္ကိုသာ ဆက္လက္အတည္ျပဳခဲ့ျခင္း ျဖစ္သည္။

ခ်မ္းၿငိမ္း(အကုန္သိ သတင္းဌာန)

Unicode Version

 

ဝင်းနှင့်ဇော် အသက်ရှင်သန်ခွင့်ရရှိစေရန် ထိုင်းအမျိုးသားလူ့အခွင့်အရေးကော်မရှင်ထံ မေတ္တာရပ်ခံစာပေးပို့

ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုတွင် သေဒဏ်ချမှတ်ခံထားရသော ဝင်းနှင့်ဇော်ကို အသက်ရှင်သန်ခွင့်ရရှိနိုင်ရေးအတွက် ထိုင်းအမျိုးသားလူ့အခွင့်အရေး ကော်မရှင်မှ ကူညီဆောင်ရွက်ပေးရန် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က မေတ္တာရပ်ခံစာ ပေးပို့လိုက်ကြောင်း သိရသည်။

စက်တင်ဘာလ ၉ ရက် ရက်စွဲဖြင့် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြက လက်မှတ်ရေးထိုးပြီး မေတ္တာရပ်ခံစာ ပေးပို့ခဲ့ခြင်း ဖြစ်သည်။

“ အသက်ရှင်သန်ခွင့်က အရေးကြီးပါတယ်။ အသက်ရှင်သန်ခွင့်ရဖို့အတွက်ကို တောင်းဆိုတဲ့သဘောပါ။ သူတို့ရဲ့ တရားစီရင်ခွင့်ကိုတော့ ဝင်ရောက်နှောင့်ယှက်လို့တော့ မရဘူး။ အစိုးရကိုလည်း တိုက်ရိုက်သွားပြောလို့မရတဲ့အတွက် ကော်မရှင်အချင်းချင်း ချိတ်ဆက်ပြီး မေတ္တာရပ်ခံစာပေးပို့တာပါ” မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်ရေးကော်မရှင် အဖွဲ့ဝင် ဦးယုလွင်အောင်က ပြောသည်။

“ရွှေ့ပြောင်းလုပ်သား ၂ ဦး၏ အသက်ရှင်သန်ခွင့် ခံစားရရှိနိုင်ရေးအတွက် ထိုင်းနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်အနေဖြင့် လူ့အခွင့်အရေးရှုထောင့်မှ ကူညီဆောင်ရွက်ပေးရန်”ဟု မေတ္တာရပ်ခံစာတွင် ပါရှိသည်။

မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်အနေဖြင့် ၂၀၁၄ ခုနှစ် အောက်တိုဘာလတွင် တစ်ကြိမ်၊ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလတွင် တစ်ကြိမ် မေတ္တာရပ်ခံစာ ပေးပို့ခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် တတိယအကြိမ်အဖြစ် ထပ်မံပေးပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ ဒီကလေးနှစ်ယောက်ကို သတ်မယ်လို့တော့ မထင်ဘူး။ အခုက လူတွေရော၊ ကမ္ဘာက စိတ်ဝင်စားနေ တဲ့အမှုဖြစ်တော့ ခုလိုလုပ်တဲ့သဘောဖြစ်ပါတယ်။ မီဒီယာတွေ သတိမမူတဲ့အချိန် နောက် နှစ်အနည်းငယ်ကြာ တဲ့ အချိန်မှာ ပြန်လွှတ်မှာပါ” ဟု မြန်မာအရေးဆောင်ရွက်သူတစ်ဦးဖြစ်သည့် ကိုရဲမင်းက ပြောသည်။

ထိုင်းနိုင်ငံ လိပ်ကျွန်းတွင် ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံရမှုနှင့် ပတ်သက်ပြီး မြန်မာရွှေ့ပြောင်း လုပ်သားနှစ်ဦးဖြစ်သည့် ကိုဇော်လင်းနှင့် ကိုဝင်းဇော်ထွန်းတို့နှစ်ဦး၏ နောက်ဆုံးအယူခံကို ၂၀၁၉ ခုနှစ် သြဂုတ်လ ၂၉ ရက်တွင် ပယ်ချပြီး သေဒဏ်ကိုသာ ဆက်လက်အတည်ပြုခဲ့ခြင်း ဖြစ်သည်။

ချမ်းငြိမ်း(အကုန်သိ သတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။