Skip to main content
ရန္ကုန္တြင္ ဇူလိုင္လ မီတာခမွာ ယခင္လထက္ ၃၆ ဘီလီယံ တုိးျမွင့္ရရွိ
Ads Block

ရန္ကုန္တြင္ ဇူလိုင္လ မီတာခမွာ ယခင္လထက္ ၃၆ ဘီလီယံ တုိးျမွင့္ရရွိ

ရန္ကုန္တုိင္းေဒသႀကီးတြင္ ဇူလိုင္လအတြက္ လွ်ပ္စစ္မီတာခမွာ ၉၁ ဘီလီယံ ေကာက္ခံရရွိခဲ့ၿပီး မီတာခ မတက္ခင္ လကထက္ ၃၆ဘီလီယံ တုိးျမွင့္ရရွိခဲ့ေၾကာင္း ရန္ကုန္လွ်ပ္စစ္ဓာတ္အားေပးေရး ေကာ္ပိုေရးရွင္း (YESC) မွ သိရသည္။

ရန္ကုန္တြင္ ဇူလိုင္လ မီတာခမွာ ယခင္လထက္ ၃၆ ဘီလီယံ တုိးျမွင့္ရရွိ

စက္တင္ဘာလ ၉ရက္က ရန္ကုန္လွ်ပ္စစ္ဓာတ္အားေပးေရး ေကာ္ပိုေရးရွင္းတြင္ က်င္းပျပဳလုပ္သည့္ သတင္း စာရွင္းလင္းပြဲတြင္ တာဝန္ရွိသူမ်ားက ထိုသို႔ ေျပာၾကားခဲ့ျခင္း ျဖစ္သည္။

“ ကၽြန္မတို႔ မီတာခေတြ မတက္ခင္ ဇြန္လက ေကာက္ခံရရွိေငြက ၅၅ဘီလီယံရွိၿပီးေတာ့ အခု ၇လပိုင္းမွာ ၉၁ဘီလီယံဆိုေတာ့ ၃၆ဘီလီယံ တုိးတက္ၿပီး ရရွိပါတယ္။ အဲဒီမွာ အိမ္သံုးကဆုိရင္ ၁၂ဘီလီယံ ပိုမုိရရွိပါတယ္။ အိမ္သံုးမဟုတ္တဲ့ အမ်ိဳးအစားကေတာ့ ၂၄ ဘီလီယံ ပိုမုိၿပီးေတာ့ ရရွိပါတယ္။” ဟု YESC မွ အေထြေထြမန္ေနဂ်ာ (ဘ႑ာေရး) ေဒၚစိုးစိုးႏြယ္က ေျပာသည္။

အေျခခံလူတန္းစားမ်ား သံုးစြဲသည့္ ၁ယူနစ္မွ ၇၅ ယူနစ္အထိ ၂၆ရာခုိင္ႏႈန္းခန္႔ရွိၿပီး ၆၇၅ က်ပ္ ပိုမုိက်သင့္ၿပီး၊ လူလတ္တန္းစားမ်ားအေနျဖင့္ သံုးစြဲသည့္ ၇၅ယူနစ္မွ ၂၀၀ယူနစ္အထိ ၃၈ရာခုိင္ႏႈန္းရွိၿပီး အနည္းဆံုး ၂၂၅၀မွ ၁၀၀၅၀ က်ပ္အထိ ပိုမုိကုန္က်ျခင္းႏွင့္ ၂၀၀ယူနစ္အထက္ မီးသံုးစြဲသူမ်ားအေနျဖင့္ သံုးစြဲမႈ၏ ၁၆ရာခုိင္ႏႈန္းရွိၿပီး သံုးစြဲမႈအေပၚမူတည္ၿပီး ပိုမုိကုန္က်မည္ျဖစ္ေၾကာင္း ၎က ေျပာသည္။

ႏွစ္ေပမီးေခ်ာင္း (၂၀) ၀ပ္ကို ၅၅ နာရီသံုးစြဲပါက တစ္ယူနစ္၊ ေလးေပမီးေခ်ာင္း (၄၀) ၀ပ္ကို ၂၅ နာရီသံုးစြဲပါက တစ္ယူနစ္ တက္မည္ျဖစ္ေၾကာင္း သိရသည္။

ေရခဲေသတၱာ (၁၅၀)၀ပ္ကုိ ၆နာရီသံုးစြဲပါက တစ္ယူနစ္၊ ထမင္းေပါင္းအုိး ၂နာရီသံုးစြဲပါက တစ္ယူနစ္၊ အဝတ္ေလွ်ာ္စက္ ၂နာရီသံုးပါက တစ္ယူနစ္၊ အဲကြန္း ၂နာရီသံုးပါက တစ္ယူနစ္က်သင့္ေၾကာင္း ရန္ကုန္လွ်ပ္စစ္ဓာတ္ အားေပးေကာ္ပိုေရးရွင္းမွ သိရသည္။

လွ်ပ္စစ္မီတာခမ်ားကို ၂၀၁၉ ခုႏွစ္၊ ဇူလုိင္လ ၁ရက္မွ စတင္ၿပီး တစ္ယူနစ္မွ ယူနစ္သုံးဆယ္အထိ တစ္ယူနစ္လွ်င္ ၃၅ က်ပ္နႈန္း၊ ၃၁ ယူနစ္မွ ယူနစ္ ၅၀ အထိ တစ္ယူနစ္လွ်င္ က်ပ္ ၅၀ ႏႈန္း၊  ယူနစ္ ၂၁၀ အထက္အား တစ္ယူနစ္လွ်င္ ၁၂၅ က်ပ္ႏႈန္း ေျပာင္းလဲေကာက္ခံခဲ့ၿပီး အဆုိပါေကာက္ခံမႈေၾကာင့္ သံုးစြဲသူမ်ားအေနျဖင့္ ယခင္က က်သင့္သည့္မီတာခထက္ ႏွစ္ဆခန္႔ ပိုမိုေပးေဆာင္ေနရေၾကာင္း သိရသည္။

ခ်မ္းၿငိမ္း(အကုန္သိ သတင္းဌာန)

Unicode Version

ရန်ကုန်တွင် ဇူလိုင်လ မီတာခမှာ ယခင်လထက် ၃၆ ဘီလီယံ တိုးမြှင့်ရရှိ

ရန်ကုန်တိုင်းဒေသကြီးတွင် ဇူလိုင်လအတွက် လျှပ်စစ်မီတာခမှာ ၉၁ ဘီလီယံ ကောက်ခံရရှိခဲ့ပြီး မီတာခ မတက်ခင် လကထက် ၃၆ဘီလီယံ တိုးမြှင့်ရရှိခဲ့ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း (YESC) မှ သိရသည်။

စက်တင်ဘာလ ၉ရက်က ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းတွင် ကျင်းပပြုလုပ်သည့် သတင်း စာရှင်းလင်းပွဲတွင် တာဝန်ရှိသူများက ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ ကျွန်မတို့ မီတာခတွေ မတက်ခင် ဇွန်လက ကောက်ခံရရှိငွေက ၅၅ဘီလီယံရှိပြီးတော့ အခု ၇လပိုင်းမှာ ၉၁ဘီလီယံဆိုတော့ ၃၆ဘီလီယံ တိုးတက်ပြီး ရရှိပါတယ်။ အဲဒီမှာ အိမ်သုံးကဆိုရင် ၁၂ဘီလီယံ ပိုမိုရရှိပါတယ်။ အိမ်သုံးမဟုတ်တဲ့ အမျိုးအစားကတော့ ၂၄ ဘီလီယံ ပိုမိုပြီးတော့ ရရှိပါတယ်။” ဟု YESC မှ အထွေထွေမန်နေဂျာ (ဘဏ္ဍာရေး) ဒေါ်စိုးစိုးနွယ်က ပြောသည်။

အခြေခံလူတန်းစားများ သုံးစွဲသည့် ၁ယူနစ်မှ ၇၅ ယူနစ်အထိ ၂၆ရာခိုင်နှုန်းခန့်ရှိပြီး ၆၇၅ ကျပ် ပိုမိုကျသင့်ပြီး၊ လူလတ်တန်းစားများအနေဖြင့် သုံးစွဲသည့် ၇၅ယူနစ်မှ ၂၀၀ယူနစ်အထိ ၃၈ရာခိုင်နှုန်းရှိပြီး အနည်းဆုံး ၂၂၅၀မှ ၁၀၀၅၀ ကျပ်အထိ ပိုမိုကုန်ကျခြင်းနှင့် ၂၀၀ယူနစ်အထက် မီးသုံးစွဲသူများအနေဖြင့် သုံးစွဲမှု၏ ၁၆ရာခိုင်နှုန်းရှိပြီး သုံးစွဲမှုအပေါ်မူတည်ပြီး ပိုမိုကုန်ကျမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

နှစ်ပေမီးချောင်း (၂၀) ဝပ်ကို ၅၅ နာရီသုံးစွဲပါက တစ်ယူနစ်၊ လေးပေမီးချောင်း (၄၀) ဝပ်ကို ၂၅ နာရီသုံးစွဲပါက တစ်ယူနစ် တက်မည်ဖြစ်ကြောင်း သိရသည်။

ရေခဲသေတ္တာ (၁၅၀)ဝပ်ကို ၆နာရီသုံးစွဲပါက တစ်ယူနစ်၊ ထမင်းပေါင်းအိုး ၂နာရီသုံးစွဲပါက တစ်ယူနစ်၊ အဝတ်လျှော်စက် ၂နာရီသုံးပါက တစ်ယူနစ်၊ အဲကွန်း ၂နာရီသုံးပါက တစ်ယူနစ်ကျသင့်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ် အားပေးကော်ပိုရေးရှင်းမှ သိရသည်။

လျှပ်စစ်မီတာခများကို ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁ရက်မှ စတင်ပြီး တစ်ယူနစ်မှ ယူနစ်သုံးဆယ်အထိ တစ်ယူနစ်လျှင် ၃၅ ကျပ်နှုန်း၊ ၃၁ ယူနစ်မှ ယူနစ် ၅၀ အထိ တစ်ယူနစ်လျှင် ကျပ် ၅၀ နှုန်း၊  ယူနစ် ၂၁၀ အထက်အား တစ်ယူနစ်လျှင် ၁၂၅ ကျပ်နှုန်း ပြောင်းလဲကောက်ခံခဲ့ပြီး အဆိုပါကောက်ခံမှုကြောင့် သုံးစွဲသူများအနေဖြင့် ယခင်က ကျသင့်သည့်မီတာခထက် နှစ်ဆခန့် ပိုမိုပေးဆောင်နေရကြောင်း သိရသည်။

ချမ်းငြိမ်း(အကုန်သိ သတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။