Skip to main content
ျမန္မာႏုိင္ငံတြင္ အနာႀကီးေရာဂါ လံုးဝေပ်ာက္ကင္းမႈမရွိေသး
Ads Block

ျမန္မာႏုိင္ငံတြင္ အနာႀကီးေရာဂါ လံုးဝေပ်ာက္ကင္းမႈမရွိေသး

ျမန္မာႏုိင္ငံတြင္ အနာႀကီးေရာဂါ လံုးဝေပ်ာက္ကင္းမႈမရွိေသးသျဖင့္ အားစိုက္လုပ္ေဆာင္ေနေၾကာင္း က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနမွ ျပည္ေထာင္စုဝန္ႀကီးေဒါက္တာျမင့္ေထြးကေျပာသည္။

ျမန္မာႏုိင္ငံတြင္ အနာႀကီးေရာဂါ လံုးဝေပ်ာက္ကင္းမႈမရွိေသး

စက္တင္ဘာလ ၁၀ ရက္ကက်င္းပသည့္ ဒုတိယအႀကိမ္ ျပည္သူ႔လႊတ္ေတာ္ ၁၃ ႀကိမ္ေျမာက္ ပုံမွန္အစည္းအေဝး ၁၈ ရက္ေျမာက္ေန႔တြင္ ယင္းကဲ့သို႔ေျပာျခင္းျဖစ္သည္။

“ အနာႀကီးကိုေတာ့ ေမ့လုိ႔မရပါဘူး။ ေပ်ာက္သေလာက္ျဖစ္တယ္ဆုိေပမဲ့ မေပ်ာက္ပါဘူး။ ကြက္ၾကားကြက္ၾကားျဖစ္ေနတဲ့ေနရာေတြအမ်ားႀကီးရွိပါတယ္။ ဒီကိစၥကို ကၽြန္ေတာ္တုိ႔ မ်က္ေျခမျပတ္ပါဘူး။ အနာႀကီးေရာဂါကိုလည္းအားစိုက္ၿပီးလုပ္ေနပါတယ္” ဟု က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနမွ ျပည္ေထာင္စုဝန္ႀကီးေဒါက္တာျမင့္ေထြးက ေျပာသည္။

ေရၾကည္မဲဆႏၵနယ္မွ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ေဒါက္တာဦးစံေရႊဝင္း၏ ျမန္မာႏုိင္ငံရွိ မသန္စြမ္းသူမ်ား၏ အခြင့္ေရးဥပေဒ(၂၀၁၅)ႏွင့္ နည္းဥပေဒ(၂၀၁၇) ျပဌာန္းခ်က္မ်ားပါအခ်က္မ်ားကို ထိထိေရာက္ေရာက္ အေကာင္အထည္ေဖာ္ႏုိင္ေရးအတြက္ ျမန္မာႏုိင္ငံအထက္ပိုင္းတြင္ ျပန္လည္သန္စြမ္းေရး ေဆးရုံတစ္ရုံဖြင့္လွစ္ေပးရန္ႏွင့္ပတ္သက္ၿပီးေမးျမန္းရာတြင္ ယခုကဲ့သို႔ ထည့္သြင္းေျဖၾကားခဲ့ျခင္းျဖစ္သည္။

၂၀၁၇ ခုႏွစ္တြင္ အနာႀကီးေရာဂါအသစ္ျဖစ္ပြားသူ ၂၂၀၀ ဦးေက်ာ္ေတြ႔ရွိခဲ့ၿပီး ၂၀၁၈ ခုႏွစ္တြင္ ၂၂၀၀ ဦး ေတြ႔ရွိခဲ့ေၾကာင္း သိရသည္။

မႏၱေလးတိုင္းေဒသႀကီး၊ မတၱရာၿမိဳ႕ရွိအနာႀကီးေရာဂါကုေဆးရုံတြင္ အနာႀကီးေရာဂါေဝဒနာရွင္မ်ားအျပင္ ကိုယ္ခႏၶာခ်ိဳ႕တဲ့သူမ်ား၊ အရုိးအေၾကာေရာဂါေဝဒနာေရဂါမ်ားျဖင့္ ျပန္လည္သန္စြမ္းေရးမ်ား ေဆာင္ရြက္ေနေၾကာင္း သိရသည္။

ခ်မ္းၿငိမ္း(အကုန္သိသတင္းဌာန)

Unicode Version

မြန်မာနိုင်ငံတွင် အနာကြီးရောဂါ လုံးဝပျောက်ကင်းမှုမရှိသေး

မြန်မာနိုင်ငံတွင် အနာကြီးရောဂါ လုံးဝပျောက်ကင်းမှုမရှိသေးသဖြင့် အားစိုက်လုပ်ဆောင်နေကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးကပြောသည်။

စက်တင်ဘာလ ၁၀ ရက်ကကျင်းပသည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ၁၃ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၈ ရက်မြောက်နေ့တွင် ယင်းကဲ့သို့ပြောခြင်းဖြစ်သည်။

“ အနာကြီးကိုတော့ မေ့လို့မရပါဘူး။ ပျောက်သလောက်ဖြစ်တယ်ဆိုပေမဲ့ မပျောက်ပါဘူး။ ကွက်ကြားကွက်ကြားဖြစ်နေတဲ့နေရာတွေအများကြီးရှိပါတယ်။ ဒီကိစ္စကို ကျွန်တော်တို့ မျက်ခြေမပြတ်ပါဘူး။ အနာကြီးရောဂါကိုလည်းအားစိုက်ပြီးလုပ်နေပါတယ်” ဟု ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးက ပြောသည်။

ရေကြည်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဦးစံရွှေဝင်း၏ မြန်မာနိုင်ငံရှိ မသန်စွမ်းသူများ၏ အခွင့်ရေးဥပဒေ(၂၀၁၅)နှင့် နည်းဥပဒေ(၂၀၁၇) ပြဌာန်းချက်များပါအချက်များကို ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ရေးအတွက် မြန်မာနိုင်ငံအထက်ပိုင်းတွင် ပြန်လည်သန်စွမ်းရေး ဆေးရုံတစ်ရုံဖွင့်လှစ်ပေးရန်နှင့်ပတ်သက်ပြီးမေးမြန်းရာတွင် ယခုကဲ့သို့ ထည့်သွင်းဖြေကြားခဲ့ခြင်းဖြစ်သည်။

၂၀၁၇ ခုနှစ်တွင် အနာကြီးရောဂါအသစ်ဖြစ်ပွားသူ ၂၂၀၀ ဦးကျော်တွေ့ရှိခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် ၂၂၀၀ ဦး တွေ့ရှိခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့ရှိအနာကြီးရောဂါကုဆေးရုံတွင် အနာကြီးရောဂါဝေဒနာရှင်များအပြင် ကိုယ်ခန္ဓာချို့တဲ့သူများ၊ အရိုးအကြောရောဂါဝေဒနာရေဂါများဖြင့် ပြန်လည်သန်စွမ်းရေးများ ဆောင်ရွက်နေကြောင်း သိရသည်။

ချမ်းငြိမ်း(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။