Skip to main content
ၾကက္ေတာင္အားကစားကိုလူသိမ်ားလာေစရန္ အေထာက္အပံ့မ်ားစြာလိုအပ္ေနဟုဆို
Ads Block

ၾကက္ေတာင္အားကစားကိုလူသိမ်ားလာေစရန္ အေထာက္အပံ့မ်ားစြာလိုအပ္ေနဟုဆို

ျမန္မာႏိုင္ငံတြင္ ၾကက္ေတာင္အားကစားကိုလူသိမ်ားလာေစေရး ႏိုင္ငံတကာၿပိဳင္ပြဲမ်ားယွဥ္ၿပိဳင္ရန္ အေထာက္အပံ့မ်ားစြာလိုအပ္ေနေၾကာင္း ျမန္မာႏုိင္ငံၾကက္ေတာင္အဖြဲ႕ခ်ဳပ္မွအတြင္းေရးမွဴး ဦးဥာဏ္လင္းက ေျပာသည္။

ရန္ကုန္ၿမိဳ႕ အမ်္ိဳးသားၾကက္ေတာင္အားကစားရုံတြင္ စက္တင္ဘာလ(၁၀)ရက္က အကုန္သိသတင္းဌာန၏ ေမးျမန္းမႈကို အထက္ပါအတိုင္းေျဖၾကားျခင္းျဖစ္သည္။

“ အခုဆိုရင္ သက္ထားသူဇာက ႏုိင္ငံတကာမွာဆုတံဆိပ္ေတြရေနတဲ့အတြက္ ၾကက္ေတာင္အားကစားကို လူအမ်ားစုအားေပးလာၾကပါၿပီ။ ဒီထက္ပိုၿပီးလူသိမ်ားေအာင္၊ ဒီအားကစားကို မ်ိဳးဆက္သစ္လူငယ္ေတြ စိတ္၀င္စားေအာင္ဆိုတာက လက္ရွိ္ ရွိေနတဲ့ကစားသမားေတြက ႏိုင္ငံတကာၿပိဳင္ပြဲေတြမ်ားမ်ားၿပိဳင္ၿပီး ေအာင္ျမင္မႈေတြရယူႏုိင္မွျဖစ္မွာပါ။ အဲဒီလိုႏိုင္ငံတကာၿပိဳင္ပြဲေတြမွာေအာင္ျမင္မႈေတြရယူဖို႔က အေထာက္အပံ့ေတြအမ်ားႀကီးလိုတယ္။ ဒီလိုအေထာက္အပံံ့ေတြကကၽြန္ေတာ္တို႔အဖြဲ႕ခ်ဳပ္တစ္ခုတည္း ေထာက္ပံံံ့ေနလို႔လည္းမရပါဘူး။ ကၽြန္ေတာ္တို႔အဖြဲ႕ခ်ဳပ္လည္းမနည္းရပ္တည္ေနရတာပါ။ အစိုးရေရာ၊ ဒီအားကစားကိုစိတ္၀င္စားတဲ့ လုပ္ငန္းရွင္ေတြေရာေထာက္ပံ့မွရမွာပါ” ဟု ျမန္မာႏုိင္ငံၾကက္ေတာင္အဖြဲ႕ခ်ဳပ္မွ အတြင္းေရးမွဴး ဦးဥာဏ္လင္းကေျပာသည္။

ျမန္မာႏိုင္ငံၾကက္ေတာင္အဖြဲ႕ခ်ဳပ္အေနျဖင့္ ႏုိင္ငံတကာၿပိဳင္ပြဲမ်ားကိုအိမ္ရွင္အျဖစ္ (၃)ႀကိမ္အထိ တာ၀န္ယူက်င္းပခဲ့ဖူးၿပီး ယင္းၿပိဳင္ပြဲမ်ားမွာ ၂၀၁၆၊၂၀၁၇ ၊ ၂၀၁၈ အာရွလူငယ္စီးရီးၿပိဳင္ပြဲမ်ားျဖစ္သည္။

“ အခုလက္တေလာမွာေတာ့ ကၽြန္ေတာ္တ္ို႔ကိုအဖြဲ႕ခ်ဳပ္ကေရာ၊ က်န္းမာေရးနဲ႕အားကစား၀န္ႀကီးဌာနကပါ ေထာက္ပံ့မႈေတြေပးေနပါတယ္။ အခုၿပိဳင္မဲ့ႏုိင္ငံတကာၿပိဳင္ပြဲအတြက္လည္း Training လုပ္တဲ့ေနရာမွာ အေထာက္အပံ့ေတြေတာ္ေတာ္ေပးပါတယ္။ ဒီလိုလုပ္တာေတြကဒီၿပိဳင္ပြဲအတြက္ပဲမဟုတ္ဘဲ ေရရွည္မွာၿပိဳင္မယ့္ ၿပိဳင္ပြဲေတြမွာလည္း ေထာက္ပံ့မႈေတြအမ်ားႀကီးေပးဖိ္ု႔ေတာင္းဆိုခ်င္ပါတယ္။”ဟု ျမန္မာ့လက္ေရြးစင္ ၾကက္ေတာင္ကစားသမား ကိုေအာင္မ်ိဳးထူးက ေျပာသည္။

လက္ရွိတြင္ ၾကက္ေတာင္ႏုိင္ငံတကာစီးရီးၿပိဳင္ပြဲကို ျမန္မာႏိုင္ငံ၌ပထမဦးဆံုးအႀကိမ္ အိမ္ရွင္အျဖစ္ က်င္းပေနၿပီး ယင္းၿပိဳင္ပြဲခ်န္ပီယံဆုအတြက္ အေမရိကန္ေဒၚလာ (၁)ေသာင္းခ်ီးျမွင့္မည္ျဖစ္ကာ ကမၻာ့ၾကက္ေတာင္အဖြဲ႕ခ်ဳပ္မွ ေဒၚလာ ၈၀၀၀ ႏွင့္ ျမန္မာႏုိင္ငံၾကက္ေတာင္အဖြဲ႕ခ်ဳပ္မွ ေဒၚလာ ၂၀၀၀ တာ၀န္ယူခ်ီးျမွင့္သြားမည္ျဖစ္ေၾကာင္း သိရသည္။

ထက္ေ၀လင္း(အကုန္သိသတင္းဌာန)

Unicode Version

ကြက်တောင်အားကစားကိုလူသိများလာစေရန် အထောက်အပံ့များစွာလိုအပ်နေဟုဆို

မြန်မာနိုင်ငံတွင် ကြက်တောင်အားကစားကိုလူသိများလာစေရေး နိုင်ငံတကာပြိုင်ပွဲများယှဉ်ပြိုင်ရန် အထောက်အပံ့များစွာလိုအပ်နေကြောင်း မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ်မှအတွင်းရေးမှူး ဦးဉာဏ်လင်းက ပြောသည်။

ရန်ကုန်မြို့ အမျိုးသားကြက်တောင်အားကစားရုံတွင် စက်တင်ဘာလ(၁၀)ရက်က အကုန်သိသတင်းဌာန၏ မေးမြန်းမှုကို အထက်ပါအတိုင်းဖြေကြားခြင်းဖြစ်သည်။

“ အခုဆိုရင် သက်ထားသူဇာက နိုင်ငံတကာမှာဆုတံဆိပ်တွေရနေတဲ့အတွက် ကြက်တောင်အားကစားကို လူအများစုအားပေးလာကြပါပြီ။ ဒီထက်ပိုပြီးလူသိများအောင်၊ ဒီအားကစားကို မျိုးဆက်သစ်လူငယ်တွေ စိတ်ဝင်စားအောင်ဆိုတာက လက်ရှိ ရှိနေတဲ့ကစားသမားတွေက နိုင်ငံတကာပြိုင်ပွဲတွေများများပြိုင်ပြီး အောင်မြင်မှုတွေရယူနိုင်မှဖြစ်မှာပါ။ အဲဒီလိုနိုင်ငံတကာပြိုင်ပွဲတွေမှာအောင်မြင်မှုတွေရယူဖို့က အထောက်အပံ့တွေအများကြီးလိုတယ်။ ဒီလိုအထောက်အပံံ့တွေကကျွန်တော်တို့အဖွဲ့ချုပ်တစ်ခုတည်း ထောက်ပံံံ့နေလို့လည်းမရပါဘူး။ ကျွန်တော်တို့အဖွဲ့ချုပ်လည်းမနည်းရပ်တည်နေရတာပါ။ အစိုးရရော၊ ဒီအားကစားကိုစိတ်ဝင်စားတဲ့ လုပ်ငန်းရှင်တွေရောထောက်ပံ့မှရမှာပါ” ဟု မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ်မှ အတွင်းရေးမှူး ဦးဉာဏ်လင်းကပြောသည်။

မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ်အနေဖြင့် နိုင်ငံတကာပြိုင်ပွဲများကိုအိမ်ရှင်အဖြစ် (၃)ကြိမ်အထိ တာဝန်ယူကျင်းပခဲ့ဖူးပြီး ယင်းပြိုင်ပွဲများမှာ ၂၀၁၆၊၂၀၁၇ ၊ ၂၀၁၈ အာရှလူငယ်စီးရီးပြိုင်ပွဲများဖြစ်သည်။

“ အခုလက်တလောမှာတော့ ကျွန်တော်တို့ကိုအဖွဲ့ချုပ်ကရော၊ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနကပါ ထောက်ပံ့မှုတွေပေးနေပါတယ်။ အခုပြိုင်မဲ့နိုင်ငံတကာပြိုင်ပွဲအတွက်လည်း Training လုပ်တဲ့နေရာမှာ အထောက်အပံ့တွေတော်တော်ပေးပါတယ်။ ဒီလိုလုပ်တာတွေကဒီပြိုင်ပွဲအတွက်ပဲမဟုတ်ဘဲ ရေရှည်မှာပြိုင်မယ့် ပြိုင်ပွဲတွေမှာလည်း ထောက်ပံ့မှုတွေအများကြီးပေးဖို့တောင်းဆိုချင်ပါတယ်။”ဟု မြန်မာ့လက်ရွေးစင် ကြက်တောင်ကစားသမား ကိုအောင်မျိုးထူးက ပြောသည်။

လက်ရှိတွင် ကြက်တောင်နိုင်ငံတကာစီးရီးပြိုင်ပွဲကို မြန်မာနိုင်ငံ၌ပထမဦးဆုံးအကြိမ် အိမ်ရှင်အဖြစ် ကျင်းပနေပြီး ယင်းပြိုင်ပွဲချန်ပီယံဆုအတွက် အမေရိကန်ဒေါ်လာ (၁)သောင်းချီးမြှင့်မည်ဖြစ်ကာ ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်မှ ဒေါ်လာ ၈၀၀၀ နှင့် မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ်မှ ဒေါ်လာ ၂၀၀၀ တာဝန်ယူချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ထက်ဝေလင်း(အကုန်သိသတင်းဌာန) 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။