Skip to main content
 ၂၀၅၀ ျပည့္နွစ္တြင္ ငွက္ဖ်ား ေရာဂါ ကုိ လံုး၀ အျမစ္ျပတ္ နိွမ္နွင္းနိုင္မည္ဟု နိုင္ငံတကာက်ြမ္းက်င္ပညာရွင္မ်ား ေျပာၾကား
Ads Block

 ၂၀၅၀ ျပည့္နွစ္တြင္ ငွက္ဖ်ား ေရာဂါ ကုိ လံုး၀ အျမစ္ျပတ္ နိွမ္နွင္းနိုင္မည္ဟု နိုင္ငံတကာက်ြမ္းက်င္ပညာရွင္မ်ား ေျပာၾကား

 

ငွက္ဖ်ား ေရာဂါက ိုမ်ိဳးဆက္တစ္ခုအတြင္း လံုး၀အျမစ္ျပတ္နိွမ္နွင္းနိုင္မည္ဟု နိုင္ငံတကာက်န္းမာေရးပညာရွင္မ်ားက ေျပာၾကားခဲ့ၾကသည္။ ကမၻာ့သက္တမ္းအရွည္ၾကာဆံုးနွင့္ေၾကာက္စရာအေကာင္းဆံုးေရာဂါမ်ားထဲမွာ တစ္ခုအပါ၀င္ျဖစ္သည့္ ငွက္ဖ်ား ေရာဂါကင္းစင္ေသာအနာဂတ္တစ္ခုကို ၂၀၅၀ မွာ ရရွိနိုင္မာျဖစ္ေၾကာင္း က်ြမ္းက်င္ပညာရွင္ ၄၁ ဦးက စက္တင္ဘာ ၈ ရက္ ထုက္ျပန္ခ်က္တြင္ ေျပာဆုိခဲ့သည္။

 ၂၀၅၀ ျပည့္နွစ္တြင္ ငွက္ဖ်ား ေရာဂါ ကုိ လံုး၀ အျမစ္ျပတ္ နိွမ္နွင္းနိုင္မည္ဟု နိုင္ငံတကာက်ြမ္းက်င္ပညာရွင္မ်ား ေျပာၾကား

ထိုေျပာၾကားခ်က္သည္ ယခင္လက ထုတ္ျပန္ခဲ့ေသာ ကမၻာက်န္းမာေရးအဖဲြ ့အစည္း WHO ၏ ငွက္ဖ်ားေရာဂါဆုိင္ရာ သံုးသပ္ခ်က္ကုိ ဆန္႕က်င္ေျပာၾကားလိုက္ျခင္းျဖစ္ၿပီး ပညာရွင္မ်ားက WHO ကိုရည္မွန္းခ်က္ၾကီးၾကီးထားရန္နွင့္ ေရွာင္ဖယ္မေနရန္တိုက္တြန္းေျပာဆိုခဲ့သည္။

ရည္မွန္းခ်က္အတိုင္း ေရာက္ရွိရန္အတြက္မူ အစိုးရအဖဲြ ့စည္းမ်ား သိပၸံပညာရွင္မ်ား ျပည့္သူ ့က်န္းမာရးေခါင္းေဆာင္မ်ားက ေငြေၾကးအားျဖင့္ျဖစ္ေစ ေရာဂါပိုးနွင့္ ေရာဂါပိုးသယ္ေဆာင္သူျခင္မ်ားကို နိွမ္နွင္းရန္တီထြင္ၾကံဆျခင္းျဖင့္ျဖစ္ေစ ကူညီရန္လိုအပ္မည္ျဖစ္သလုိ ယခင္ကႏွင့္မတူသည့္ ရည္မွန္းခ်က္၊ ကတိက၀တ္နွင့္ ပူးေပါင္းပါ၀င္ေဆာင္ရြက္မႈမ်ား လုိအပ္မည္ဟု ဆုိသည္။

“အခ်ိန္ေတာ္ေတာ္ၾကာေအာင္ ဒီငွက္ဖ်ားေရာဂါကင္းစင္ေရးဆိုတာ ေ၀းကြာလွတဲ့ အိပ္မက္တစ္ခုျဖစ္ေနခဲ့ပါတယ္။ ဒါေပမယ့္ အခုေတာ့ ၂၀၅၀ ခုနွစ္မွာ ငွက္ဖ်ား ေရာဂါ ကုိ ကၽြန္ေတာ္တုိ ့လံုး၀အျမစ္ျပတ္နိွမ္နွင္းနိုင္ေတာ့မွာျဖစ္တယ္”ဟု   ဆန္ဖရန္စစၥကိုရွိ  ကယ္လီဖိုးနီးယားတကၠသိုလ္ နိုင္ငံတကာက်န္းမာေရးအဖဲြ ့ဒါရိုက္တာ ရစ္ခ်က္ ဖန္ခ်မ ္ကေျပာေၾကားခဲ့သည္။

“က်ြန္ေတာ္တို ့ဟာရည္မွန္းခ်က္ၾကီးၾကီးနဲ ့ကိုယ့္ကိုကိုယ္စိန္ေခၚၿပီး  ထိုရည္မွန္းခ်က္ျပည့္ေအာင္လည္းၾကိဳးစားလုပ္ေဆာင္ရမွာျဖစ္တယ္” ဟုလည္း ၄င္းက ေျပာၾကားခဲ့သည္။

၄င္းတုိ ့၏ ထုတ္ျပန္ခ်က္သည္  WHO ၏ ငွက္ဖ်ား ေရာဂါ က ို လံုး၀အျမစ္ျပတ္နိွမ္နွင္းနိုင္မည္လား ငွက္ဖ်ားရာဂါကင္းစင္ဖို ့မျဖစ္နိုင္ေသး၊ ယုတၱိမရွိတဲ့ ရည္မွန္းခ်က္ေတြ ခ်မွက္တာ မေသခ်ာမတိက်တဲ့ ကုန္က်စရိတ္ႏွင့္ ပန္းတိုင္ေတြခ်မွက္တာဟာ စိတ္ပ်က္မႈမ်ားႏွင့္ ေဘးထြက္ဆိုးက်ိဳးမ်ားသာျဖစ္လာမည္ ဆိုေသာ ထုတ္ျပန္ခ်က္အၿပီး ရက္သတၱပက္အနည္းငယ္ၾကာတြင္ ေပၚထြက္လာျခင္းျဖစ္သည္။

 

၂၀၁၇ ခုႏွစ္တြင္ လူေပါင္း ၂၁၉ သန္းငွက္ဖ်ားေရာဂါျဖစ္ပြားခဲ့ကာ  ၄၃၅၀၀၀ ခန္႕ ေသဆံုးခဲ့သည္။ ေသဆုံးသူ အမ်ားစုမွာ အာဖရိကဆင္းရဲမဲြေတေဒသမ်ားမွ ကေလးသူငယ္မ်ား အမ်ားဆံုးျဖစ္သည္။

ေလ့လာဆန္းစစ္ခ်က္မ်ားအရ ကမၻာ့လူဦးေရတစ္၀က္ခန္႕သည္ ငွက္ဖ်ားေရာဂါကူးစက္နိုင္သည့္ အႏၱရာယ္ရွိေနကာ နွစ္မိနစ္တိုင္းကေလးတေယာက္ႏႈန္း ေသဆံုးေနသည္ဟု ဆုိသည္။

CNA

ခ်စ္ဆုေ၀(အကုန္သိ သတင္းဌာန)

Unicode Version

 

၂၀၅၀ ပြည့်နှစ်တွင် ငှက်ဖျား ရောဂါ ကို လုံး၀ အမြစ်ပြတ် နှိမ်နှင်းနိုင်မည်ဟု နိုင်ငံတကာကျွမ်းကျင်ပညာရှင်များ ပြောကြား

ငှက်ဖျား ရောဂါက ိုမျိုးဆက်တစ်ခုအတွင်း လုံးဝအမြစ်ပြတ်နှိမ်နှင်းနိုင်မည်ဟု နိုင်ငံတကာကျန်းမာရေးပညာရှင်များက ပြောကြားခဲ့ကြသည်။ ကမ္ဘာ့သက်တမ်းအရှည်ကြာဆုံးနှင့်ကြောက်စရာအကောင်းဆုံးရောဂါများထဲမှာ တစ်ခုအပါဝင်ဖြစ်သည့် ငှက်ဖျား ရောဂါကင်းစင်သောအနာဂတ်တစ်ခုကို ၂၀၅၀ မှာ ရရှိနိုင်မာဖြစ်ကြောင်း ကျွမ်းကျင်ပညာရှင် ၄၁ ဦးက စက်တင်ဘာ ၈ ရက် ထုက်ပြန်ချက်တွင် ပြောဆိုခဲ့သည်။

ထိုပြောကြားချက်သည် ယခင်လက ထုတ်ပြန်ခဲ့သော ကမ္ဘာကျန်းမာရေးအဖွဲ့အစည်း WHO ၏ ငှက်ဖျားရောဂါဆိုင်ရာ သုံးသပ်ချက်ကို ဆန့်ကျင်ပြောကြားလိုက်ခြင်းဖြစ်ပြီး ပညာရှင်များက WHO ကိုရည်မှန်းချက်ကြီးကြီးထားရန်နှင့် ရှောင်ဖယ်မနေရန်တိုက်တွန်းပြောဆိုခဲ့သည်။

ရည်မှန်းချက်အတိုင်း ရောက်ရှိရန်အတွက်မူ အစိုးရအဖွဲ့စည်းများ သိပ္ပံပညာရှင်များ ပြည့်သူ့ကျန်းမာရးခေါင်းဆောင်များက ငွေကြေးအားဖြင့်ဖြစ်စေ ရောဂါပိုးနှင့် ရောဂါပိုးသယ်ဆောင်သူခြင်များကို နှိမ်နှင်းရန်တီထွင်ကြံဆခြင်းဖြင့်ဖြစ်စေ ကူညီရန်လိုအပ်မည်ဖြစ်သလို ယခင်ကနှင့်မတူသည့် ရည်မှန်းချက်၊ ကတိကဝတ်နှင့် ပူးပေါင်းပါဝင်ဆောင်ရွက်မှုများ လိုအပ်မည်ဟု ဆိုသည်။

“အချိန်တော်တော်ကြာအောင် ဒီငှက်ဖျားရောဂါကင်းစင်ရေးဆိုတာ ဝေးကွာလှတဲ့ အိပ်မက်တစ်ခုဖြစ်နေခဲ့ပါတယ်။ ဒါပေမယ့် အခုတော့ ၂၀၅၀ ခုနှစ်မှာ ငှက်ဖျား ရောဂါ ကို ကျွန်တော်တို့လုံးဝအမြစ်ပြတ်နှိမ်နှင်းနိုင်တော့မှာဖြစ်တယ်”ဟု   ဆန်ဖရန်စစ္စကိုရှိ  ကယ်လီဖိုးနီးယားတက္ကသိုလ် နိုင်ငံတကာကျန်းမာရေးအဖွဲ့ဒါရိုက်တာ ရစ်ချက် ဖန်ချမ ်ကပြောကြေားခဲ့သည်။

“ကျွန်တော်တို့ဟာရည်မှန်းချက်ကြီးကြီးနဲ့ကိုယ့်ကိုကိုယ်စိန်ခေါ်ပြီး  ထိုရည်မှန်းချက်ပြည့်အောင်လည်းကြိုးစားလုပ်ဆောင်ရမှာဖြစ်တယ်” ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

၎င်းတို့၏ ထုတ်ပြန်ချက်သည်  WHO ၏ ငှက်ဖျား ရောဂါ က ို လုံးဝအမြစ်ပြတ်နှိမ်နှင်းနိုင်မည်လား ငှက်ဖျားရာဂါကင်းစင်ဖို့မဖြစ်နိုင်သေး၊ ယုတ္တိမရှိတဲ့ ရည်မှန်းချက်တွေ ချမှက်တာ မသေချာမတိကျတဲ့ ကုန်ကျစရိတ်နှင့် ပန်းတိုင်တွေချမှက်တာဟာ စိတ်ပျက်မှုများနှင့် ဘေးထွက်ဆိုးကျိုးများသာဖြစ်လာမည် ဆိုသော ထုတ်ပြန်ချက်အပြီး ရက်သတ္တပက်အနည်းငယ်ကြာတွင် ပေါ်ထွက်လာခြင်းဖြစ်သည်။

 ၂၀၁၇ ခုနှစ်တွင် လူပေါင်း ၂၁၉ သန်းငှက်ဖျားရောဂါဖြစ်ပွားခဲ့ကာ  ၄၃၅၀၀၀ ခန့် သေဆုံးခဲ့သည်။ သေဆုံးသူ အများစုမှာ အာဖရိကဆင်းရဲမွဲတေဒေသများမှ ကလေးသူငယ်များ အများဆုံးဖြစ်သည်။

လေ့လာဆန်းစစ်ချက်များအရ ကမ္ဘာ့လူဦးရေတစ်ဝက်ခန့်သည် ငှက်ဖျားရောဂါကူးစက်နိုင်သည့် အန္တရာယ်ရှိနေကာ နှစ်မိနစ်တိုင်းကလေးတယောက်နှုန်း သေဆုံးနေသည်ဟု ဆိုသည်။ 

CNA

ချစ်ဆုဝေ(အကုန်သိ သတင်းဌာန)

 

 

 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။