Skip to main content
NCA-S EAO မ်ားအေနျဖင့္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ကို ျပင္ပမွေဆာင္ရြက္ေနျခင္းမ်ိဳး လံုး၀မရွိေၾကာင္း ဗိုလ္မွဴးႀကီးစိုင္းငင္း ေျပာ
Ads Block

NCA-S EAO မ်ားအေနျဖင့္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ကို ျပင္ပမွေဆာင္ရြက္ေနျခင္းမ်ိဳး လံုး၀မရွိေၾကာင္း ဗိုလ္မွဴးႀကီးစိုင္းငင္း ေျပာ

              NCA-S EAO မ်ားအေနျဖင့္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ကို ျပင္ပမွေဆာင္ရြက္ေနျခင္းမ်ိဳးလံုး၀မရွိေၾကာင္း NCA-S EAO ညွိႏိႈင္းေရးအဖြဲ႔မွအဖြဲ႔ေခါင္းေဆာင္ ဗိုလ္မွဴးႀကီးစိုင္းငင္းက ေျပာသည္။

NCA-S EAO မ်ားအေနျဖင့္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ကို ျပင္ပမွေဆာင္ရြက္ေနျခင္းမ်ိဳး လံုး၀မရွိေၾကာင္း ဗိုလ္မွဴးႀကီးစိုင္းငင္း ေျပာ

ရန္ကုန္ၿမိဳ႕၊ ေရႊလီလမ္းရွိ အမ်ဳိးသားျပန္လည္သင့္ျမတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရးဗဟိုဌာန(NRPC) ၌ စက္တင္ဘာလ ၁၀ ရက္၊ နံနက္ပိုင္းကက်င္းပသည့္ အစိုးရကိုယ္စားလွယ္အဖြဲ႔ႏွင့္ တစ္ႏိုင္ငံလုံးပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရး သေဘာတူစာခ်ဳပ္ကို လက္မွတ္ေရးထိုးထားေသာ တိုင္းရင္းသားလက္နက္ကိုင္ေတာ္လွန္ေရးအဖြဲ႔အစည္းမ်ား (NCA-S EAO) ၏ ညွိႏိႈင္းေရးအဖြဲ႕ညိွႏိႈင္းအစည္းအေဝးတြင္ ယင္းကဲ့သို႔ေျပာျခင္းျဖစ္သည္။

NCA-S EAO မ်ားအေနျဖင့္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ကို ျပင္ပမွေဆာင္ရြက္ေနျခင္းမ်ိဳး လံုး၀မရွိေၾကာင္း ဗိုလ္မွဴးႀကီးစိုင္းငင္း ေျပာ

“ကြ်န္ေတာ္တို႔ဟာ NCA စာခ်ဳပ္ကို တာဝန္ယူမႈ၊ တာဝန္ခံမႈ၊ ပြင့္လင္းျမင္သာမႈေတြနဲ႔  လက္မွတ္ေရးထိုးျခင္း ျဖစ္သည့္အေလ်ာက္ NCA မွာ ျပ႒ာန္းထားတဲ့အတိုင္း မပ်က္မကြက္လိုက္နာေဆာင္ရြက္ရမွာျဖစ္ပါတယ္။ တခ်ဳိ႕ လူပုဂၢိဳလ္ေတြ၊ အဖြဲ႔အစည္းေတြ ထင္မွတ္ထားသလို NCA-S EAO ေတြဟာ ျပင္ပကေန ၿငိမ္းခ်မ္းေရးလုပ္ငန္း စဥ္ကို ေဆာင္ရြက္ေနၿပီလားဆိုတာ လုံးဝမဟုတ္ပါဘူး။ NCA သေဘာတူစာခ်ဳပ္ပါအခ်က္မ်ားကို ၿပီးစီးေအာင္ ျမင္သည္အထိ မပ်က္မကြက္အတူတကြပူးတြဲအေကာင္အထည္ေဖာ္ေဆာင္ရြက္သြားရန္ အျပန္အလွန္ သႏိၷ႒ာန္ျပဳၾကသည္လို႔ NCA နိဒါန္းမွာ အတိအလင္းေဖာ္ျပထားတဲ့အတိုင္းပဲ ကြ်န္ေတာ္တို႔ NCA-S EAO ေတြက မယိုင္မလဲရပ္တည္ေနပါတယ္” ဟု NCA-S EAO ညွိႏိႈင္းေရးအဖြဲ႔မွ အဖြဲ႔ေခါင္းေဆာင္ ဗိုလ္မွဴးႀကီးစိုင္းငင္းက ေျပာသည္။

အဆိုပါအစည္းအေဝးကို စက္တင္ဘာလ ၁၀ ရက္မွ ၁၁ ရက္အထိ ဆက္လက္က်င္းပသြားမည္ျဖစ္ၿပီး ယခုအစည္းအေဝးသို႔ NCA-S EAO ညွိႏိႈင္းေရးအဖြဲ႔မွ ကိုယ္စားလွယ္ေခါင္းေဆာင္ ၁၅ ဦး တက္ေရာက္ ေဆြးေႏြးေနေၾကာင္း သိရသည္။

“ ေဆြးေႏြးတဲ့ေနရာမွာ တစ္ဖက္ကတစ္ဖက္ကို အသာစီးရလိုမႈ၊ အျမတ္ရလိုမႈ၊ အႏိုင္ရလိုမႈေတြကို ေရွ႕တန္းမတင္ဘဲ ျပည္သူလူထုတစ္ရပ္လုံးေကာင္းက်ဳိးအတြက္ NCA ပူးတြဲပိုင္ရွင္ေတြျဖစ္ၾကတဲ့ ကြ်န္ေတာ္တို႔ေတြဟာ လုပ္ေဖာ္ကိုင္ဖက္အျဖစ္ေရာ၊ တစ္ေလွတည္းစီး တစ္ခရီးတည္းသြားအျဖစ္နဲ႔ပါ ေတြ႔ၾကံဳရင္ဆိုင္ေနရတဲ့ အခက္အခဲေတြကို ဝိုင္းဝန္းပူးတြဲနည္းလမ္းရွာ အေျဖရွာမွသာ အခက္အခဲျပႆနာေတြကို ေက်ာ္လႊားႏိုင္မွာျဖစ္ပါတယ္” ဟု ဗိုလ္မွဴးႀကီးစိုင္းငင္းက ဆက္ေျပာသည္။

လက္ရွိတြင္ NCA လက္မွတ္ေရးထိုးထားသည့္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႔အစည္းမ်ားမွာ ကရင္အမ်ဳိးသားအစည္းအရံုုး(KNU)၊ ခ်င္းအမ်ဳိးသားတပ္ဦး(CNF)၊ ျမန္မာႏိုင္ငံလံုးဆိုင္ရာ ေက်ာင္းသားမ်ား ဒီမိုကရက္တစ္တပ္ဦး(ABSDF)၊ ကရင္ၿငိမ္းခ်မ္းေရးေကာင္စီ(KNLA/PC)၊ ပအို၀္းအမ်ဳိးသားလြတ္ေျမာက္ေရး အဖြဲ႔ခ်ဴပ္(PNLO)၊ ရခိုင္ျပည္လြတ္ေျမာက္ေရးပါတီ(ALP)၊ ရွမ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီ(RCSS)၊ ကရင္အမ်ဳိးသားဒီမို ေရစီအက်ိဳးျပဳတပ္မေတာ္(DKBA )မြန္ျပည္သစ္ပါတီ(NMSP)ႏွင့္ လားဟူဒီမိုကရက္တစ္အစည္းအရံုး(LDU)တို႔ ျဖစ္သည္။

ဓာတ္ပုံ- NCA-S EAO

ႏိုင္မင္းလြင္(အကုန္သိသတင္းဌာန)

Unicode Version

NCA-S EAO များအနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပြင်ပမှဆောင်ရွက်နေခြင်းမျိုး လုံးဝမရှိကြောင်း ဗိုလ်မှူးကြီးစိုင်းငင်း ပြော

       NCA-S EAO များအနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပြင်ပမှဆောင်ရွက်နေခြင်းမျိုးလုံးဝမရှိကြောင်း NCA-S EAO ညှိနှိုင်းရေးအဖွဲ့မှအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီးစိုင်းငင်းက ပြောသည်။

ရန်ကုန်မြို့၊ ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC) ၌ စက်တင်ဘာလ ၁၀ ရက်၊ နံနက်ပိုင်းကကျင်းပသည့် အစိုးရကိုယ်စားလှယ်အဖွဲ့နှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ (NCA-S EAO) ၏ ညှိနှိုင်းရေးအဖွဲ့ညှိနှိုင်းအစည်းအဝေးတွင် ယင်းကဲ့သို့ပြောခြင်းဖြစ်သည်။

“ကျွန်တော်တို့ဟာ NCA စာချုပ်ကို တာဝန်ယူမှု၊ တာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှုတွေနဲ့  လက်မှတ်ရေးထိုးခြင်း ဖြစ်သည့်အလျောက် NCA မှာ ပြဋ္ဌာန်းထားတဲ့အတိုင်း မပျက်မကွက်လိုက်နာဆောင်ရွက်ရမှာဖြစ်ပါတယ်။ တချို့ လူပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေ ထင်မှတ်ထားသလို NCA-S EAO တွေဟာ ပြင်ပကနေ ငြိမ်းချမ်းရေးလုပ်ငန်း စဉ်ကို ဆောင်ရွက်နေပြီလားဆိုတာ လုံးဝမဟုတ်ပါဘူး။ NCA သဘောတူစာချုပ်ပါအချက်များကို ပြီးစီးအောင် မြင်သည်အထိ မပျက်မကွက်အတူတကွပူးတွဲအကောင်အထည်ဖော်ဆောင်ရွက်သွားရန် အပြန်အလှန် သန္နိဋ္ဌာန်ပြုကြသည်လို့ NCA နိဒါန်းမှာ အတိအလင်းဖော်ပြထားတဲ့အတိုင်းပဲ ကျွန်တော်တို့ NCA-S EAO တွေက မယိုင်မလဲရပ်တည်နေပါတယ်” ဟု NCA-S EAO ညှိနှိုင်းရေးအဖွဲ့မှ အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီးစိုင်းငင်းက ပြောသည်။

အဆိုပါအစည်းအဝေးကို စက်တင်ဘာလ ၁၀ ရက်မှ ၁၁ ရက်အထိ ဆက်လက်ကျင်းပသွားမည်ဖြစ်ပြီး ယခုအစည်းအဝေးသို့ NCA-S EAO ညှိနှိုင်းရေးအဖွဲ့မှ ကိုယ်စားလှယ်ခေါင်းဆောင် ၁၅ ဦး တက်ရောက် ဆွေးနွေးနေကြောင်း သိရသည်။

“ ဆွေးနွေးတဲ့နေရာမှာ တစ်ဖက်ကတစ်ဖက်ကို အသာစီးရလိုမှု၊ အမြတ်ရလိုမှု၊ အနိုင်ရလိုမှုတွေကို ရှေ့တန်းမတင်ဘဲ ပြည်သူလူထုတစ်ရပ်လုံးကောင်းကျိုးအတွက် NCA ပူးတွဲပိုင်ရှင်တွေဖြစ်ကြတဲ့ ကျွန်တော်တို့တွေဟာ လုပ်ဖော်ကိုင်ဖက်အဖြစ်ရော၊ တစ်လှေတည်းစီး တစ်ခရီးတည်းသွားအဖြစ်နဲ့ပါ တွေ့ကြုံရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ဝိုင်းဝန်းပူးတွဲနည်းလမ်းရှာ အဖြေရှာမှသာ အခက်အခဲပြဿနာတွေကို ကျော်လွှားနိုင်မှာဖြစ်ပါတယ်” ဟု ဗိုလ်မှူးကြီးစိုင်းငင်းက ဆက်ပြောသည်။

လက်ရှိတွင် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှာ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ(KNLA/PC)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချူပ်(PNLO)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)၊ ကရင်အမျိုးသားဒီမို ရေစီအကျိုးပြုတပ်မတော်(DKBA )မွန်ပြည်သစ်ပါတီ(NMSP)နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)တို့ ဖြစ်သည်။

ဓာတ်ပုံ- NCA-S EAO

နိုင်မင်းလွင်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။