Skip to main content
အီရန္ ႏ်ဴကလီးယားလက္နက္ လွ်ဳိ႕၀ွက္ထုတ္လုပ္ေနရာကုိ သက္ေသအေထာက္မ်ားနဲ႔ ေနတန္ယာ ခ်ျပ
Ads Block

အီရန္ ႏ်ဴကလီးယားလက္နက္ လွ်ဳိ႕၀ွက္ထုတ္လုပ္ေနရာကုိ သက္ေသအေထာက္မ်ားနဲ႔ ေနတန္ယာ ခ်ျပ

                  အီရန္ဟာ အဘာဒက္ရွ္ၿမိဳ႕အနီးက လွ်ုိ႕၀ွက္ေနရာတစ္ခုမွာ ႏ်ဴကလီးယားလက္နက္ ထုတ္လုပ္ ေနခဲ့ေၾကာင္း ဒါေပမဲ့လည္း ဒီလွ်ဳိ႕၀ွက္ေနရာကုိ ရိပ္မိသြားၾကၿပီလုိ ့ သတိျပဳမိခဲ့ၿပီးေနာက္ အီရန္အစုိးရက အေဆာက္အအုံေတြကုိ ဖ်က္ဆီးပစ္ခဲ့ေၾကာင္း အစၥေရး၀န္ႀကီးခ်ဳပ္ေနတန္ယာဟုက တနလၤာေန႕မွာ ထုတ္ေဖာ္ဖြင့္ခ်ခဲ့ပါတယ္။

 

အီရန္ ႏ်ဴကလီးယားလက္နက္ လွ်ဳိ႕၀ွက္ထုတ္လုပ္ေနရာကုိ သက္ေသအေထာက္မ်ားနဲ႔ ေနတန္ယာ ခ်ျပ

                 လွ်ဳိ႕၀ွက္ေနရာကုိ ေနတန္ယာဟု က ပထမဆုံးအႀကိမ္ ထုတ္ေဖာ္ျပခဲ့ျခင္းျဖစ္ၿပီး အစၥေရးအေနနဲ႕ အီရန္ရဲ႕ စာရြက္စာတမ္းမွတ္တမ္းဖုိင္ေတြကုိ ယခင္ကတည္းက ရရွိထားၿပီးျဖစ္တယ္လုိ ့ ဆုိပါတယ္။ ယင္း လွ်ဳိ႕၀ွက္ေနရာမွာ ႏ်ဴကလီးယားလက္နက္ေတြ ထုတ္လုပ္ဖုိ ့ အီရန္က လက္ေတြ႕စမ္းသပ္ ေနတာျဖစ္ေၾကာင္း ကုိ အေဆာက္အအုံငယ္ေတြမ်ားစြာ ရွိေနတဲ့ ေနရာတစ္ခုရဲ႕ ေ၀ဟင္ဓါတ္ပုံတစ္ပုံ ယင္းတုိ ့ရဲ႕ ကုိၾသဒီနိတ္ အမွတ္အသားေတြနဲ႕အတူ ေနတန္ယာဟုက သက္ေသျပေျပာဆုိခဲ့ပါတယ္။ အဘာဒက္ရွ္အေဆာက္အအုံေနရာကုိ ၂၀၁၉ ခုႏွစ္ ဇြန္လအတြင္းက ဓါတ္ပုံရုိက္ယူထား ခဲ့တာျဖစ္တယ္လုိ ့ လည္း ၄င္းက ေျပာပါတယ္။

           ဒီေနရာကုိ မိမိတုိ ့ ေဖာ္ထုတ္သိရွိသြားၿပီလုိ႕ အီရန္ရိပ္မိသြားခ်ိန္မွာ ဘာလုပ္လုိက္တယ္ထင္သလဲလုိ ့ ေနတန္ယာဟုက ေမးခြန္းထုတ္ရင္း အေဆာက္အအုံေတြ ၾကက္ေပ်ာက္ ငွက္ေပ်ာက္ ေပ်ာက္သြားတဲ့ လြန္ခဲ့တဲ့ ၁ လ ခန္႕က ရုိက္ထားတဲ့ ဓါတ္ပုံတစ္ပုံကုိ ထပ္မံျပသခဲ့ပါတယ္။  “ သူတုိ ့ ဒီေနရာကုိ ဖ်က္ဆီးပစ္ လုိက္ၾက တယ္ေလ၊ အလုံးစုံ ဖ်က္ဆီးပစ္လုိက္တာပါ” လုိ ့ ဆုိခဲ့ပါတယ္။

               ႏုိင္ငံတကာ အဏုျမဴစြမ္းအင္ ေအဂ်င္စီ (IAEA) က အီရန္ရဲ႕ ေနရာသစ္တစ္ခုမွာ ယူေရနီယံ အစအနေတြ ေတြ႕ရွိခဲ့တယ္ဆုိတဲ့ သတင္းထြက္ေပၚလာၿပီးေနာက္မွာ ေနတန္ယာဟုက အခုကိစၥကုိ ဖြင့္ခ် လာခဲ့တာျဖစ္ပါတယ္။ အီရန္ကေတာ့ ယူေရနီယံ အစအန စစ္ေဆးေတြ႕ရွိခဲ့တယ္ဆုိတဲ့ ေနရာနဲ႕ ပတ္သက္ၿပီး ရွင္းလင္းေျပာဆုိျခင္းမရွိေသးပါဘူး။ သုိ ့ေသာ္လည္း ႏ်ဴကလီးလက္နက္ ထုတ္လုပ္ဖုိ ့လုပ္ေနတယ္ဆုိတဲ့ စြပ္စြဲခ်က္ေတြကုိေတာ့ အီရန္က ေတာက္ေလွ်ာက္ျငင္းေနခဲ့တာပါ။

                 အစၥေရး၀န္ႀကီးခ်ဳပ္ ေနတန္ယာဟုဟာ အီရန္နဲ႕ အင္အားႀကီးႏုိင္ငံေတြအၾကား ေရးထုိးခဲ့တဲ့ ႏ်ဴကလီးသေဘာတူစာခ်ဳပ္ကုိ အျပင္းအထန္ ကန္႕ကြက္ခဲ့သူျဖစ္ပါတယ္။

                ႏုိင္ငံတကာ အသုိင္းအ၀ုိင္း ႏႈိးထၾကပါေတာ့၊ အီရန္ရဲ႕ စနစ္တက် လိမ္ညာေနမႈကုိ သိျမင္ ၾကပါေတာ့လုိ ့ မိမိ ေတာင္းဆုိေၾကာင္း ႏ်ဴကလီးယားဗုံး ထုတ္လုပ္ဖုိ ့လုပ္ေနတဲ့ အီရန္ရဲ႕ ေျခလွမ္းကုိ ရပ္တန္႕ ဖုိ႕ရာ တစ္ခုတည္းေသာ နည္လမ္းကေတာ့ ဖိအားေပးဖို႕၊ ဖိအားေတြ ပုိပုိၿပီး ထပ္ထပ္ၿပီး ေပးေနဖုိ႔သာ ျဖစ္ေၾကာင္း ေနတန္ယာဟု က ေျပာဆုိခဲ့ပါတယ္။

Reuters

ကုိလင္း (အကုန္သိ သတင္းဌာန)

Unicode Version

အီရန် နျူကလီးယားလက်နက် လျှို့ဝှက်ထုတ်လုပ်နေရာကို သက်သေအထောက်များနဲ့ နေတန်ယာ ချပြ 

                  အီရန်ဟာ အဘာဒက်ရှ်မြို့အနီးက လျှို့ဝှက်နေရာတစ်ခုမှာ နျူကလီးယားလက်နက် ထုတ်လုပ် နေခဲ့ကြောင်း ဒါပေမဲ့လည်း ဒီလျှို့ဝှက်နေရာကို ရိပ်မိသွားကြပြီလို့ သတိပြုမိခဲ့ပြီးနောက် အီရန်အစိုးရက အဆောက်အအုံတွေကို ဖျက်ဆီးပစ်ခဲ့ကြောင်း အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုက တနင်္လာနေ့မှာ ထုတ်ဖော်ဖွင့်ချခဲ့ပါတယ်။

                 လျှို့ဝှက်နေရာကို နေတန်ယာဟု က ပထမဆုံးအကြိမ် ထုတ်ဖော်ပြခဲ့ခြင်းဖြစ်ပြီး အစ္စရေးအနေနဲ့ အီရန်ရဲ့ စာရွက်စာတမ်းမှတ်တမ်းဖိုင်တွေကို ယခင်ကတည်းက ရရှိထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။ ယင်း လျှို့ဝှက်နေရာမှာ နျူကလီးယားလက်နက်တွေ ထုတ်လုပ်ဖို့ အီရန်က လက်တွေ့စမ်းသပ် နေတာဖြစ်ကြောင်း ကို အဆောက်အအုံငယ်တွေများစွာ ရှိနေတဲ့ နေရာတစ်ခုရဲ့ ဝေဟင်ဓါတ်ပုံတစ်ပုံ ယင်းတို့ရဲ့ ကိုသြဒီနိတ် အမှတ်အသားတွေနဲ့အတူ နေတန်ယာဟုက သက်သေပြပြောဆိုခဲ့ပါတယ်။ အဘာဒက်ရှ်အဆောက်အအုံနေရာကို ၂၀၁၉ ခုနှစ် ဇွန်လအတွင်းက ဓါတ်ပုံရိုက်ယူထား ခဲ့တာဖြစ်တယ်လို့ လည်း ၎င်းက ပြောပါတယ်။

           ဒီနေရာကို မိမိတို့ ဖော်ထုတ်သိရှိသွားပြီလို့ အီရန်ရိပ်မိသွားချိန်မှာ ဘာလုပ်လိုက်တယ်ထင်သလဲလို့ နေတန်ယာဟုက မေးခွန်းထုတ်ရင်း အဆောက်အအုံတွေ ကြက်ပျောက် ငှက်ပျောက် ပျောက်သွားတဲ့ လွန်ခဲ့တဲ့ ၁ လ ခန့်က ရိုက်ထားတဲ့ ဓါတ်ပုံတစ်ပုံကို ထပ်မံပြသခဲ့ပါတယ်။  “ သူတို့ ဒီနေရာကို ဖျက်ဆီးပစ် လိုက်ကြ တယ်လေ၊ အလုံးစုံ ဖျက်ဆီးပစ်လိုက်တာပါ” လို့ ဆိုခဲ့ပါတယ်။

               နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) က အီရန်ရဲ့ နေရာသစ်တစ်ခုမှာ ယူရေနီယံ အစအနတွေ တွေ့ရှိခဲ့တယ်ဆိုတဲ့ သတင်းထွက်ပေါ်လာပြီးနောက်မှာ နေတန်ယာဟုက အခုကိစ္စကို ဖွင့်ချ လာခဲ့တာဖြစ်ပါတယ်။ အီရန်ကတော့ ယူရေနီယံ အစအန စစ်ဆေးတွေ့ရှိခဲ့တယ်ဆိုတဲ့ နေရာနဲ့ ပတ်သက်ပြီး ရှင်းလင်းပြောဆိုခြင်းမရှိသေးပါဘူး။ သို့သော်လည်း နျူကလီးလက်နက် ထုတ်လုပ်ဖို့လုပ်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကိုတော့ အီရန်က တောက်လျှောက်ငြင်းနေခဲ့တာပါ။

                 အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုဟာ အီရန်နဲ့ အင်အားကြီးနိုင်ငံတွေအကြား ရေးထိုးခဲ့တဲ့ နျူကလီးသဘောတူစာချုပ်ကို အပြင်းအထန် ကန့်ကွက်ခဲ့သူဖြစ်ပါတယ်။

                နိုင်ငံတကာ အသိုင်းအဝိုင်း နှိုးထကြပါတော့၊ အီရန်ရဲ့ စနစ်တကျ လိမ်ညာနေမှုကို သိမြင် ကြပါတော့လို့ မိမိ တောင်းဆိုကြောင်း နျူကလီးယားဗုံး ထုတ်လုပ်ဖို့လုပ်နေတဲ့ အီရန်ရဲ့ ခြေလှမ်းကို ရပ်တန့် ဖို့ရာ တစ်ခုတည်းသော နည်လမ်းကတော့ ဖိအားပေးဖို့၊ ဖိအားတွေ ပိုပိုပြီး ထပ်ထပ်ပြီး ပေးနေဖို့သာ ဖြစ်ကြောင်း နေတန်ယာဟု က ပြောဆိုခဲ့ပါတယ်။ 

Reuters

ကိုလင်း (အကုန်သိ သတင်းဌာန)

 

            

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။