Skip to main content
အမ်ဳိးသား ၂ ဦး ေခါင္းျဖတ္သတ္ခံရမႈ ေျမပုံၿမိဳ႕နယ္တြင္ျဖစ္ပြား
Ads Block

အမ်ဳိးသား ၂ ဦး ေခါင္းျဖတ္သတ္ခံရမႈ ေျမပုံၿမိဳ႕နယ္တြင္ျဖစ္ပြား

အမ်ိဳးသား ၂ ဦးအား ေခါင္းျဖတ္သတ္ကာ လူျမင္ကြင္း၌လာေရာက္စြန္႔ပစ္ထားမႈ ေျမပုံၿမိဳ႕နယ္တြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ရခိုင္ျပည္နယ္၊ ေျမပုံၿမိဳ႕နယ္၊ ကမ္းေထာင္းႀကီးရြာရွိ ေစ်းေလးခြဆံုတြင္ ယေန႔(စက္တင္ဘာလ ၁၀ ရက္)၊ နံနက္ပိုင္းက အမ်ဳိးသား ၂ ဦး ေခါင္းျဖတ္အသတ္ခံထားရသည္ကို ေတြ႔ရွိခဲ့ရျခင္းျဖစ္ေၾကာင္း ကမ္းေထာင္းႀကီးနယ္ေျမရဲစခန္းမွ သိရသည္။

အမ်ဳိးသား ၂ ဦး ေခါင္းျဖတ္သတ္ခံရမႈ ေျမပုံၿမိဳ႕နယ္တြင္ျဖစ္ပြား

“အေလာင္းေတြ႔တဲ့ေနရာကလည္း ျဖစ္တဲ့ေနရာမဟုတ္ဘူး။ သူတို႔ကို လမ္းဆုံမွာ လာပစ္သြားတဲ့သေဘာပါ။ သူတို႔ႏွစ္ေယာက္ထဲက တစ္ေယာက္က ကမ္းေထာင္းႀကီးသားဆိုေပမယ့္ အမ္းမွာအိမ္ေထာင္က်ေနတာ ဒီမွာမေနတာၾကာၿပီ။ မေန႔ကမွ ကမ္းေထာင္းႀကီးကိုေရာက္လာတာ။ သြားလာေနတာကိုလည္း ေတြ႔ၾကတယ္။ ဒီမနက္က်မွ အသတ္ခံထားရတာကို ေတြ႔ရတာေပါ့” ဟု ကမ္းေထာင္းႀကီးနယ္ေျမရဲစခန္းမွ ရဲအရာရွိတစ္ဦးက အကုန္သိသတင္းဌာနသို႔ ေျပာသည္။

အမ်ဳိးသား ၂ ဦး ေခါင္းျဖတ္သတ္ခံရမႈ ေျမပုံၿမိဳ႕နယ္တြင္ျဖစ္ပြား

အဆိုပါ ၂ ဦးသည္ အမ္းၿမိဳ႕နယ္၊ သဲကမ္းေတာင္းေက်းရြာ၌ ေနထိုင္ၾကၿပီး ၎တို႔မွာ အသက္ ၄၀ ေက်ာ္ရွိ ဦးညီညီေထြးႏွင့္ ဦးေမာင္လုံးတို႔ျဖစ္ေၾကာင္း သိရသည္။

၄င္းတို႔ ၂ ဦးမွာ တပ္မေတာ္ထံသတင္းေပးသျဖင့္အတြက္ AA အဖြဲ႕က ေခါင္းျဖတ္သတ္ျခင္းျဖစ္ေၾကာင္းလည္း ေကာလာဟလမ်ား ထြက္ေပၚေနသည္။

အမ်ဳိးသား ၂ ဦး ေခါင္းျဖတ္သတ္ခံရမႈ ေျမပုံၿမိဳ႕နယ္တြင္ျဖစ္ပြား

“ျပည္သူလူထုက ထင္ေၾကးေတြ အမ်ဳိးမ်ဳိးေပးေနတာပဲ။ ဒါေတြကေတာ့ ဟုတ္ခ်င္လည္းဟုတ္မယ္၊ မဟုတ္ခ်င္လည္း မဟုတ္ဘူးေပါ့။ အတိအက်ေတာ့ ကြ်န္ေတာ္တို႔က ေျပာလို႔မရေသးဘူး။ ရခိုင္ျပည္မွာ ျဖစ္ပ်က္ေနတဲ့အေနအထားေတြက အဲဒီလိုမ်ဳိးျဖစ္ေနၾကေတာ့ တစ္ခုခုျဖစ္ပြားရင္ အဲဒီလိုပဲထင္ေနၾကတယ္။ ေျပာၾကတယ္ေပါ့” ဟု အဆိုပါရဲအရာရွိက ဆက္လက္ေျပာသည္။

လက္ရွိတြင္ ယင္းျဖစ္စဥ္ႏွင့္ပတ္သက္၍ ျပစ္မႈက်ဴးလြန္သူမ်ားကိုစုံစမ္းေနၿပီး ေသဆုံးသူအေလာင္းမ်ားအား ကမ္းေထာင္းႀကီးတိုက္နယ္ေဆးရုံသို႔ ပို႔ေဆာင္ကာ မိသားစုမ်ားအားဆက္သြယ္ထားကာ ကမ္းေထာင္းႀကီးနယ္ေျမရဲစခန္းတြင္ အမႈဖြင့္လွစ္ႏိုင္ေရးေဆာင္ရြက္ေနေၾကာင္း သိရသည္။

ႏိုင္မင္းလြင္(အကုန္သိ သတင္းဌာန)

Unicode Version

အမျိုးသား ၂ ဦး ခေါင်းဖြတ်သတ်ခံရမှု မြေပုံမြို့နယ်တွင်ဖြစ်ပွား

အမျိုးသား ၂ ဦးအား ခေါင်းဖြတ်သတ်ကာ လူမြင်ကွင်း၌လာရောက်စွန့်ပစ်ထားမှု မြေပုံမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးရွာရှိ ဈေးလေးခွဆုံတွင် ယနေ့(စက်တင်ဘာလ ၁၀ ရက်)၊ နံနက်ပိုင်းက အမျိုးသား ၂ ဦး ခေါင်းဖြတ်အသတ်ခံထားရသည်ကို တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း ကမ်းထောင်းကြီးနယ်မြေရဲစခန်းမှ သိရသည်။

“အလောင်းတွေ့တဲ့နေရာကလည်း ဖြစ်တဲ့နေရာမဟုတ်ဘူး။ သူတို့ကို လမ်းဆုံမှာ လာပစ်သွားတဲ့သဘောပါ။ သူတို့နှစ်ယောက်ထဲက တစ်ယောက်က ကမ်းထောင်းကြီးသားဆိုပေမယ့် အမ်းမှာအိမ်ထောင်ကျနေတာ ဒီမှာမနေတာကြာပြီ။ မနေ့ကမှ ကမ်းထောင်းကြီးကိုရောက်လာတာ။ သွားလာနေတာကိုလည်း တွေ့ကြတယ်။ ဒီမနက်ကျမှ အသတ်ခံထားရတာကို တွေ့ရတာပေါ့” ဟု ကမ်းထောင်းကြီးနယ်မြေရဲစခန်းမှ ရဲအရာရှိတစ်ဦးက အကုန်သိသတင်းဌာနသို့ ပြောသည်။

အဆိုပါ ၂ ဦးသည် အမ်းမြို့နယ်၊ သဲကမ်းတောင်းကျေးရွာ၌ နေထိုင်ကြပြီး ၎င်းတို့မှာ အသက် ၄၀ ကျော်ရှိ ဦးညီညီထွေးနှင့် ဦးမောင်လုံးတို့ဖြစ်ကြောင်း သိရသည်။

၎င်းတို့ ၂ ဦးမှာ တပ်မတော်ထံသတင်းပေးသဖြင့်အတွက် AA အဖွဲ့က ခေါင်းဖြတ်သတ်ခြင်းဖြစ်ကြောင်းလည်း ကောလာဟလများ ထွက်ပေါ်နေသည်။

“ပြည်သူလူထုက ထင်ကြေးတွေ အမျိုးမျိုးပေးနေတာပဲ။ ဒါတွေကတော့ ဟုတ်ချင်လည်းဟုတ်မယ်၊ မဟုတ်ချင်လည်း မဟုတ်ဘူးပေါ့။ အတိအကျတော့ ကျွန်တော်တို့က ပြောလို့မရသေးဘူး။ ရခိုင်ပြည်မှာ ဖြစ်ပျက်နေတဲ့အနေအထားတွေက အဲဒီလိုမျိုးဖြစ်နေကြတော့ တစ်ခုခုဖြစ်ပွားရင် အဲဒီလိုပဲထင်နေကြတယ်။ ပြောကြတယ်ပေါ့” ဟု အဆိုပါရဲအရာရှိက ဆက်လက်ပြောသည်။

လက်ရှိတွင် ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သူများကိုစုံစမ်းနေပြီး သေဆုံးသူအလောင်းများအား ကမ်းထောင်းကြီးတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ကာ မိသားစုများအားဆက်သွယ်ထားကာ ကမ်းထောင်းကြီးနယ်မြေရဲစခန်းတွင် အမှုဖွင့်လှစ်နိုင်ရေးဆောင်ရွက်နေကြောင်း သိရသည်။

နိုင်မင်းလွင်(အကုန်သိ သတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။