Skip to main content
ကရင္အာဇာနည္ေန႔ဦးေဆာင္က်င္းပခဲ့သည့္ ေနာ္အုန္းလွအား ၿငိမ္းစုစီဥပေဒျဖင့္ ဖမ္းဆီး
Ads Block

ကရင္အာဇာနည္ေန႔ဦးေဆာင္က်င္းပခဲ့သည့္ ေနာ္အုန္းလွအား ၿငိမ္းစုစီဥပေဒျဖင့္ ဖမ္းဆီး

ရန္ကုန္ၿမိဳ႕တြင္ ကရင္အာဇာနည္ေန႔က်င္းပရာတြင္ ဦးေဆာင္ပါ၀င္ခဲ့သူ ေနာ္အုန္းလွအား ေက်ာက္တံတားၿမိဳ႕နယ္ရဲစခန္းတြင္ ၿငိမ္းစုစီဥပေဒျဖင့္ အမႈဖြင့္ထိန္းသိမ္းထားေၾကာင္း သိရသည္။ ကရင္အာဇာနည္ေန႔ဦးေဆာင္က်င္းပခဲ့သည့္ ေနာ္အုန္းလွအား ၿငိမ္းစုစီဥပေဒျဖင့္ ဖမ္းဆီး

ရန္ကုန္ၿမိဳ႕တြင္ ၿပီးခဲ့ေသာ ၾသဂုတ္လ ၁၂ ရက္က ကရင္အာဇာနည္ေန႔က်င္းပခဲ့ျခင္းႏွင့္ပတ္သက္ၿပီး ေနာ္အုန္းလွအား စက္တင္ဘာလ ၉ ရက္ညပိုင္းတြင္ အမႈဖြင့္ထိန္းသိမ္းခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“အန္တီ့ကုိလာေခၚသြားတာဟုတ္တယ္။ အခုတရားရုံးမွာ။ အာမခံကေတာ့ အန္တီယူမွာမဟုတ္ဘူး။ ခံ၀န္မရရင္မယူဘူး’’ ဟု ေနာ္အုန္းလွက ေျပာသည္။

လက္ရွိတြင္ အမႈႏွင့္ပတ္သက္၍ ေက်ာက္တံတားၿမိဳ႕နယ္တရားရံုး၌ ယေန႔(စက္တင္ဘာလ ၁၀ ရက္)တြင္ ရံုးထုတ္ခဲ့ေၾကာင္း သိရသည္။

ေဒၚေနာ္အုန္းလွသည္ ျပည္သူ႔အက်ိဳးေဆာင္ကြန္ရက္တြင္ပါ၀င္သူျဖစ္ၿပီး ယခင္က NLD ပါတီတြင္ လုပ္ကုိင္ခဲ့သူတစ္ဦးလည္းျဖစ္ကာ ျပည္သူ႔အေရး၊ႏုိင္ငံေရးတက္ၾကြလႈပ္ရွားသူတစ္ဦး ျဖစ္သည္။

ကရင့္ေခါင္းေဆာင္ေစာဘဦးက်ဆုံးေသာေန႔အား ကရင္အာဇာနည္ေန႔ဟုသတ္မွတ္ကာ ႏွစ္စဥ္ ၾသဂုတ္လ ၁၂ ရက္တြင္ က်င္းပေလ့ရွိေၾကာင္း သိရသည္။

မင္းသီဟန္(အကုန္သိသတင္းဌာန)

Unicode Version

ကရင်အာဇာနည်နေ့ဦးဆောင်ကျင်းပခဲ့သည့် နော်အုန်းလှအား ငြိမ်းစုစီဥပဒေဖြင့် ဖမ်းဆီး 

ရန်ကုန်မြို့တွင် ကရင်အာဇာနည်နေ့ကျင်းပရာတွင် ဦးဆောင်ပါဝင်ခဲ့သူ နော်အုန်းလှအား ကျောက်တံတားမြို့နယ်ရဲစခန်းတွင် ငြိမ်းစုစီဥပဒေဖြင့် အမှုဖွင့်ထိန်းသိမ်းထားကြောင်း သိရသည်။

ရန်ကုန်မြို့တွင် ပြီးခဲ့သော သြဂုတ်လ ၁၂ ရက်က ကရင်အာဇာနည်နေ့ကျင်းပခဲ့ခြင်းနှင့်ပတ်သက်ပြီး နော်အုန်းလှအား စက်တင်ဘာလ ၉ ရက်ညပိုင်းတွင် အမှုဖွင့်ထိန်းသိမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အန်တီ့ကိုလာခေါ်သွားတာဟုတ်တယ်။ အခုတရားရုံးမှာ။ အာမခံကတော့ အန်တီယူမှာမဟုတ်ဘူး။ ခံဝန်မရရင်မယူဘူး’’ ဟု နော်အုန်းလှက ပြောသည်။

လက်ရှိတွင် အမှုနှင့်ပတ်သက်၍ ကျောက်တံတားမြို့နယ်တရားရုံး၌ ယနေ့(စက်တင်ဘာလ ၁၀ ရက်)တွင် ရုံးထုတ်ခဲ့ကြောင်း သိရသည်။

ဒေါ်နော်အုန်းလှသည် ပြည်သူ့အကျိုးဆောင်ကွန်ရက်တွင်ပါဝင်သူဖြစ်ပြီး ယခင်က NLD ပါတီတွင် လုပ်ကိုင်ခဲ့သူတစ်ဦးလည်းဖြစ်ကာ ပြည်သူ့အရေး၊နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦး ဖြစ်သည်။

ကရင့်ခေါင်းဆောင်စောဘဦးကျဆုံးသောနေ့အား ကရင်အာဇာနည်နေ့ဟုသတ်မှတ်ကာ နှစ်စဉ် သြဂုတ်လ ၁၂ ရက်တွင် ကျင်းပလေ့ရှိကြောင်း သိရသည်။ 

မင်းသီဟန်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။