Skip to main content
ေနာ္ေ၀တြင္ အမ်ိဳးအမည္မသိ ေရာဂါတစ္မ်ဳိးေၾကာင့္ ေခြးမ်ားစြာ ေသဆံုးမႈျဖစ္ပြား
Ads Block

ေနာ္ေ၀တြင္ အမ်ိဳးအမည္မသိ ေရာဂါတစ္မ်ဳိးေၾကာင့္ ေခြးမ်ားစြာ ေသဆံုးမႈျဖစ္ပြား

ေနာ္ေ၀ႏုိင္ငံတြင္ လြန္ခဲ့ေသာရက္ပုိင္းက အမ်ိဳးအမည္မေဖာ္နိုင္ေသာ ေရာဂါတစ္မ်ဳိးျဖင့္ ေခြးမ်ားစြာ ေသဆံုးမႈျဖစ္ခဲ့ေၾကာင္း တာ၀န္ရွိသူမ်ားက ထုတ္ေဖာ္ေျပာၾကားခဲ့သည္။

အန္ျခင္း ၊ ဝမ္းေလ်ာျခင္းမ်ားျဖစ္ကာ ဖ်ားနာၿပီးေနာက္သိပ္မၾကာခင္ ေသဆံုးကုန္သည့္  ေခြးအေကာင္ ၄၀ ခန္႔ရွိခဲ့ေၾကာင္း ေနာ္ေဝ အစားအစာ လံုၿခံဳေရးေဘးကင္းေရး အာဏာပိုင္အဖြဲ႕က ေျပာဆိုသည္။

ေနာ္ေ၀တြင္ အမ်ိဳးအမည္မသိ ေရာဂါတစ္မ်ဳိးေၾကာင့္ ေခြးမ်ားစြာ ေသဆံုးမႈျဖစ္ပြား

ေအာ္စလိုၿမိဳ႕ေတာ္တြင္ ယင္းျဖစ္စဥ္ ပထမဆံုးျဖစ္ပြားခဲ့ၿပီး ေနာက္ထပ္ၿမိဳ႕ငယ္ အနည္းဆံုး ၁၃ ၿမိဳ႕တြင္ ထိုအမည္မသိေရာဂါမွာ ပ်ံ႕ပြားခဲ့သည္။ ေသဆံုးခဲ့ေသာေခြးမ်ားကို ခြဲစိတ္စစ္ေဆးၾကည့္ရာ သံသယျဖစ္ဖြယ္ ဘက္တီးရီးယားနွစ္မ်ဳိးေတြ႕ရွိရၿပီး ေသဆုံးမႈျဖစ္ရျခင္းႏွင့္ပတ္သက္၍ ရွင္းရွင္းလင္းလင္းမရွိေသးဟု  တိရိစာၦန္ကုသေရးဌာနက ေျပာၾကားခဲ့သည္။

        စုစုေပါင္း ေခြး ၂၅ ေကာင္ ေသဆံုးခဲ့သည္ဟု ေနာ္ေဝရုပ္သံဌာန NRK က သတင္းေဖာ္ျပခဲ့ေသာ္လည္း ေနာ္ေ၀ အစားအစာ ေဘးကင္းလုံၿခဳံေရး အာဏာပုိင္အဖြဲ႕က အတည္ျပဳျခင္းမရွိေသးေပ။

ေနာ္ေ၀ႏုိင္ငံ ထရြန္ဟိမ္းၿမိဳ႕ရွိ ေခြးျပပြဲတစ္ခုတြင္ ပါ၀င္ခဲ့သည့္ အိမ္နီးခ်င္း ဆြီဒင္ႏုိင္ငံမွ ေခြးတစ္ေကာင္ သည္လည္း တိေမြးကုေဆးရုံတြင္ ကုသမႈခံယူေနရေၾကာင္း ဆီြဒင္ သတင္းစာတစ္ေစာင္က ေရးသားခဲ့သည္။

ေနာ္ေဝ တိေမြးကုဌာနမွ ေရာဂါေဗဒပညာရွင္မ်ားက ေခြး ၃ ေကာင္တြင္ ကုိယ္တြင္း ေသြးယုိစိမ့္သည့္ လကၡဏာ မ်ဳိးေတြ႕ခဲ့ရေၾကာင္းဆုိခဲ့သည္။

အစားအစာ ေဘးကင္းလုံၿခဳံေရးဌာနမွ ေျပာဆိုခြင့္ရွိသူ Ole-Herman Tronerud က “ ေခြးေတြအတြက္ေတာ့ သိပ္ကိုျပင္းလြန္းတဲ့ေရာဂါပိုးပဲ။ ဒါေပမဲ့ ဒါဟာ ကူးစက္ပ်ံ႕ပြားတာလား ဒါမွမဟုတ္ တစ္ေကာင္းခ်င္းစီျဖစ္ေလ့ ရွိတာလားဆုိတာ ကၽြန္ေတာ္တုိ ့ မသိရေသးဘူး ’’ဟု ေျပာခဲ့သည္။

BBC

ခင္ေမဖူး (အကုန္သိ သတင္းဌာန)

Unicode Version

နော်ဝေတွင် အမျိုးအမည်မသိ ရောဂါတစ်မျိုးကြောင့် ခွေးများစွာ သေဆုံးမှုဖြစ်ပွား

နော်ဝေနိုင်ငံတွင် လွန်ခဲ့သောရက်ပိုင်းက အမျိုးအမည်မဖော်နိုင်သော ရောဂါတစ်မျိုးဖြင့် ခွေးများစွာ သေဆုံးမှုဖြစ်ခဲ့ကြောင်း တာဝန်ရှိသူများက ထုတ်ဖော်ပြောကြားခဲ့သည်။

အန်ခြင်း ၊ ဝမ်းလျောခြင်းများဖြစ်ကာ ဖျားနာပြီးနောက်သိပ်မကြာခင် သေဆုံးကုန်သည့်  ခွေးအကောင် ၄၀ ခန့်ရှိခဲ့ကြောင်း နော်ဝေ အစားအစာ လုံခြုံရေးဘေးကင်းရေး အာဏာပိုင်အဖွဲ့က ပြောဆိုသည်။

အော်စလိုမြို့တော်တွင် ယင်းဖြစ်စဉ် ပထမဆုံးဖြစ်ပွားခဲ့ပြီး နောက်ထပ်မြို့ငယ် အနည်းဆုံး ၁၃ မြို့တွင် ထိုအမည်မသိရောဂါမှာ ပျံ့ပွားခဲ့သည်။ သေဆုံးခဲ့သောခွေးများကို ခွဲစိတ်စစ်ဆေးကြည့်ရာ သံသယဖြစ်ဖွယ် ဘက်တီးရီးယားနှစ်မျိုးတွေ့ရှိရပြီး သေဆုံးမှုဖြစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းရှင်းလင်းလင်းမရှိသေးဟု  တိရိစ္ဆာန်ကုသရေးဌာနက ပြောကြားခဲ့သည်။

        စုစုပေါင်း ခွေး ၂၅ ကောင် သေဆုံးခဲ့သည်ဟု နော်ဝေရုပ်သံဌာန NRK က သတင်းဖော်ပြခဲ့သော်လည်း နော်ေ၀ အစားအစာ ဘေးကင်းလုံခြုံရေး အာဏာပိုင်အဖွဲ့က အတည်ပြုခြင်းမရှိသေးပေ။

နော်ဝေနိုင်ငံ ထရွန်ဟိမ်းမြို့ရှိ ခွေးပြပွဲတစ်ခုတွင် ပါဝင်ခဲ့သည့် အိမ်နီးချင်း ဆွီဒင်နိုင်ငံမှ ခွေးတစ်ကောင် သည်လည်း တိမွေးကုဆေးရုံတွင် ကုသမှုခံယူနေရကြောင်း ဆွီဒင် သတင်းစာတစ်စောင်က ရေးသားခဲ့သည်။

နော်ဝေ တိမွေးကုဌာနမှ ရောဂါဗေဒပညာရှင်များက ခွေး ၃ ကောင်တွင် ကိုယ်တွင်း သွေးယိုစိမ့်သည့် လက္ခဏာ မျိုးတွေ့ခဲ့ရကြောင်းဆိုခဲ့သည်။

အစားအစာ ဘေးကင်းလုံခြုံရေးဌာနမှ ပြောဆိုခွင့်ရှိသူ Ole-Herman Tronerud က “ ခွေးတွေအတွက်တော့ သိပ်ကိုပြင်းလွန်းတဲ့ရောဂါပိုးပဲ။ ဒါပေမဲ့ ဒါဟာ ကူးစက်ပျံ့ပွားတာလား ဒါမှမဟုတ် တစ်ကောင်းချင်းစီဖြစ်လေ့ ရှိတာလားဆိုတာ ကျွန်တော်တို့ မသိရသေးဘူး ’’ဟု ပြောခဲ့သည်။

BBC

ခင်မေဖူး (အကုန်သိ သတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။