Skip to main content
ေလယာဥ္မွဴးေတြ သပိတ္ေမွာက္တာေၾကာင့္ ၿဗိတိသွ်ေလေၾကာင္းလုိင္း ခရီးစဥ္အားလုံးနီးပါး ဖ်က္သိမ္းလိုက္ရ
Ads Block

ေလယာဥ္မွဴးေတြ သပိတ္ေမွာက္တာေၾကာင့္ ၿဗိတိသွ်ေလေၾကာင္းလုိင္း ခရီးစဥ္အားလုံးနီးပါး ဖ်က္သိမ္းလိုက္ရ

           ေလယာဥ္မွဴးေတြရဲ႕ ၄၈ နာရီၾကာ သပိတ္ေမွာက္မႈ စတင္လုိက္တာေၾကာင့္ ခရီးစဥ္အားလုံးနီးပါး ဖ်က္သိမ္းလုိက္ရေၾကာင္း ၿဗိတိသွ်ေလေၾကာင္းလုိင္း BA က စက္တင္ဘာ ၉ ရက္ေန ့မွာ ထုတ္ျပန္ခဲ့ပါတယ္။

ေလယာဥ္မွဴးေတြ သပိတ္ေမွာက္တာေၾကာင့္ ၿဗိတိသွ်ေလေၾကာင္းလုိင္း ခရီးစဥ္အားလုံးနီးပါး ဖ်က္သိမ္းလိုက္ရ

              ၿဗိတိသွ်ေလေၾကာင္းလုိင္းနဲ႕ ေလယာဥ္မွဴး ၄၃၀၀ အၾကား ကာလၾကာရွည္ လစာကိစၥ အျငင္းပြား မႈျဖစ္ေနခဲ့ကာ  လူဦးေရ ၃ သိန္းနီးပါးေလာက္ရဲ႕ ခရီးသြားလာမႈ အစီအစဥ္ေတြ ကေမာက္ကမျဖစ္ျခင္း သုိ ့မဟုတ္ တျခားေရြးခ်ယ္မႈေတြျဖစ္လာႏုိင္ဖြယ္ရွိေနပါတယ္။

               ၿဗိတိသွ်ေလေၾကာင္းလုိင္း ေလယာဥ္မွဴးအဖြဲ႕အစည္း (BALPA) က စက္တင္ဘာလအတြင္း ၃ ရက္တိတိ လုပ္ငန္းေၾကာင္းဆုိင္ရာ အေရးဆုိမႈလုပ္သြားမွာျဖစ္ေၾကာင္း ေလေၾကာင္းကုမၸဏီကုိ ႏုိ႕တစ္ ေပးထားခဲ့ကာ ဒါဟာ BA ေလယာဥ္မွဴးေတြသမုိင္းမွာ ပထမဆုံး သပိတ္ေမွာက္မႈျဖစ္စဥ္ျဖစ္ပါတယ္။ စက္တင္ဘာ ၉၊ ၁၀ သပိတ္ေမွာက္မႈအၿပီးမွာ ေနာက္ထပ္တစ္ရက္အျဖစ္ စက္တင္ဘာ ၂၇ ရက္မွာ ထပ္လုပ္ဖုိ ့ စီစဥ္ထားေၾကာင္း ေလယာဥ္မွဴးေတြက ေျပာပါတယ္။

               BA အေနနဲ႕ တနလၤာေန ့မွာ ေလယာဥ္ခရီးစဥ္ ၈၅၀ ေလာက္ကုိ ဖ်က္သိမ္းဖုိ ့ ျပင္ဆင္ ထားတယ္လုိ ့ဆုိပါတယ္။ The Financial Times သတင္းဌာနရဲ႕ အဆုိအရ BA ဟာ ပုံမွန္အားျဖင့္ ၄၈ နာရီမွာ ခရီးစဥ္ ၁၇၀၀ ေလာက္ ပ်ံသန္းေပးေနေၾကာင္း သိရပါတယ္။ ရုတ္တရက္ သပိတ္ေမွာက္မႈ ျဖစ္လာႏုိင္တယ္ ဆုိတာ ၿပီးခဲ့တဲ့လကတည္းက သတင္းရထားတာေၾကာင့္ ၄င္းတုိ ့ရဲ႕ ပမာဏမ်ားေသာ ခရီးသည္ေတြအေနနဲ႕ တျခားေလေၾကာင္းလုိင္းေတြ ေရြးခ်ယ္ျခင္း သုိ ့မဟုတ္ လက္မွတ္ခ ျပန္အမ္းေငြ လက္ခံျခင္းတုိ ့လုပ္ခဲ့ၾက ရေၾကာင္း ေလေၾကာင္းလုိင္းက ေျပာဆုိပါတယ္။ မိမိတုိ ့ေတြ ႀကိဳတင္မခန္႕မွန္းႏုိင္တဲ့ အဆင္မေျပျဖစ္ရမႈ အတြက္ အေလးအနက္ ေတာင္းပန္ပါေၾကာင္းလည္း တနဂၤေႏြေန ့က ခရီးသည္ေတြအေပၚ BA ရဲ႕ ထုတ္ျပန္ ခ်က္မွာ ေဖာ္ျပခဲ့ပါတယ္။

              BA အေနနဲ႕ ၄င္းတုိ ့ရဲ႕ အက်ဳိးအျမတ္ေတြကုိ ၄င္းတုိ ့ ေလယာဥ္မွဴးေတြအတြက္ ပုိမုိ မွ်ေ၀ခံစားခြင့္ ေပးသင့္ေၾကာင္း BALPA က ေျပာဆုိခဲ့ပါတယ္။ BA ကေတာ့ ေလယာဥ္မွဴးေတြကုိ ထပ္တုိးကမ္းလွမ္းထားတဲ့ လစာဟာ မွ်တတဲ့ ႏႈန္းထားျဖစ္လုိ ့ သပိတ္ေမွာက္မႈဟာ တရားမွ်တျခင္းမရွိေၾကာင္း ေျပာဆုိခဲ့ပါတယ္။ လုပ္သက္သုံးႏွစ္ေက်ာ္ၾကာ ေလယာဥ္မွဴးေတြအတြက္ ၁၁.၅ ရာခုိင္ႏႈန္း လစာတုိးေပးမယ္ဆုိတဲ့ BA  ရဲ႕ အဆုိျပဳခ်က္ကုိ BALPA က ပယ္ခ်ထားခဲ့ပါတယ္။

CNA

ကုိလင္း(အကုန္သိ သတင္းဌာန)

Unicode Version

 

လေယာဉ်မှူးတွေ သပိတ်မှောက်တာကြောင့် ဗြိတိသျှလေကြောင်းလိုင်း ခရီးစဉ်အားလုံးနီးပါး ဖျက်သိမ်းလိုက်ရ

           လေယာဉ်မှူးတွေရဲ့ ၄၈ နာရီကြာ သပိတ်မှောက်မှု စတင်လိုက်တာကြောင့် ခရီးစဉ်အားလုံးနီးပါး ဖျက်သိမ်းလိုက်ရကြောင်း ဗြိတိသျှလေကြောင်းလိုင်း BA က စက်တင်ဘာ ၉ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

              ဗြိတိသျှလေကြောင်းလိုင်းနဲ့ လေယာဉ်မှူး ၄၃၀၀ အကြား ကာလကြာရှည် လစာကိစ္စ အငြင်းပွား မှုဖြစ်နေခဲ့ကာ  လူဦးရေ ၃ သိန်းနီးပါးလောက်ရဲ့ ခရီးသွားလာမှု အစီအစဉ်တွေ ကမောက်ကမဖြစ်ခြင်း သို့မဟုတ် တခြားရွေးချယ်မှုတွေဖြစ်လာနိုင်ဖွယ်ရှိနေပါတယ်။

               ဗြိတိသျှလေကြောင်းလိုင်း လေယာဉ်မှူးအဖွဲ့အစည်း (BALPA) က စက်တင်ဘာလအတွင်း ၃ ရက်တိတိ လုပ်ငန်းကြောင်းဆိုင်ရာ အရေးဆိုမှုလုပ်သွားမှာဖြစ်ကြောင်း လေကြောင်းကုမ္ပဏီကို နို့တစ် ပေးထားခဲ့ကာ ဒါဟာ BA လေယာဉ်မှူးတွေသမိုင်းမှာ ပထမဆုံး သပိတ်မှောက်မှုဖြစ်စဉ်ဖြစ်ပါတယ်။ စက်တင်ဘာ ၉၊ ၁၀ သပိတ်မှောက်မှုအပြီးမှာ နောက်ထပ်တစ်ရက်အဖြစ် စက်တင်ဘာ ၂၇ ရက်မှာ ထပ်လုပ်ဖို့ စီစဉ်ထားကြောင်း လေယာဉ်မှူးတွေက ပြောပါတယ်။

               BA အနေနဲ့ တနင်္လာနေ့မှာ လေယာဉ်ခရီးစဉ် ၈၅၀ လောက်ကို ဖျက်သိမ်းဖို့ ပြင်ဆင် ထားတယ်လို့ဆိုပါတယ်။ The Financial Times သတင်းဌာနရဲ့ အဆိုအရ BA ဟာ ပုံမှန်အားဖြင့် ၄၈ နာရီမှာ ခရီးစဉ် ၁၇၀၀ လောက် ပျံသန်းပေးနေကြောင်း သိရပါတယ်။ ရုတ်တရက် သပိတ်မှောက်မှု ဖြစ်လာနိုင်တယ် ဆိုတာ ပြီးခဲ့တဲ့လကတည်းက သတင်းရထားတာကြောင့် ၎င်းတို့ရဲ့ ပမာဏများသော ခရီးသည်တွေအနေနဲ့ တခြားလေကြောင်းလိုင်းတွေ ရွေးချယ်ခြင်း သို့မဟုတ် လက်မှတ်ခ ပြန်အမ်းငွေ လက်ခံခြင်းတို့လုပ်ခဲ့ကြ ရကြောင်း လေကြောင်းလိုင်းက ပြောဆိုပါတယ်။ မိမိတို့တွေ ကြိုတင်မခန့်မှန်းနိုင်တဲ့ အဆင်မပြေဖြစ်ရမှု အတွက် အလေးအနက် တောင်းပန်ပါကြောင်းလည်း တနင်္ဂနွေနေ့က ခရီးသည်တွေအပေါ် BA ရဲ့ ထုတ်ပြန် ချက်မှာ ဖော်ပြခဲ့ပါတယ်။

              BA အနေနဲ့ ၎င်းတို့ရဲ့ အကျိုးအမြတ်တွေကို ၎င်းတို့ လေယာဉ်မှူးတွေအတွက် ပိုမို မျှဝေခံစားခွင့် ပေးသင့်ကြောင်း BALPA က ပြောဆိုခဲ့ပါတယ်။ BA ကတော့ လေယာဉ်မှူးတွေကို ထပ်တိုးကမ်းလှမ်းထားတဲ့ လစာဟာ မျှတတဲ့ နှုန်းထားဖြစ်လို့ သပိတ်မှောက်မှုဟာ တရားမျှတခြင်းမရှိကြောင်း ပြောဆိုခဲ့ပါတယ်။ လုပ်သက်သုံးနှစ်ကျော်ကြာ လေယာဉ်မှူးတွေအတွက် ၁၁.၅ ရာခိုင်နှုန်း လစာတိုးပေးမယ်ဆိုတဲ့ BA  ရဲ့ အဆိုပြုချက်ကို BALPA က ပယ်ချထားခဲ့ပါတယ်။ 

CNA

ကိုလင်း(အကုန်သိ သတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။