Skip to main content
ယခုႏွစ္ စံခ်ိန္တင္ အပူလိႈင္းေၾကာင့္ ျပင္သစ္မွာ ေသဆုံးသူ ၁၅၀၀ အထိရွိခဲ့
Ads Block

ယခုႏွစ္ စံခ်ိန္တင္ အပူလိႈင္းေၾကာင့္ ျပင္သစ္မွာ ေသဆုံးသူ ၁၅၀၀ အထိရွိခဲ့

 ယခုနွစ္ ေႏြရာသီမွာ ဥေရာပကို ရိုက္ခတ္ခဲ့တဲ့ စံခ်ိန္တင္ အပူလိႈင္းေၾကာင္ ့ေသဆံုးခဲ့ရသူ အေရအတြက္ကုိ ျပင္သစ္က ထပ္တုိးျဖည့္စြက္ခဲ့ရာမွာ ယင္း ပံုမွန္မဟုက္တဲ့ ရာသီဥတုေၾကာင့္ ျပင္သစ္နိုင္ငံအတြင္း လူ ၁၅၀၀ ထိ ေသဆံုးခဲ့ရေၾကာင္း ျပင္သစ္ က်န္းမာေရး၀န္ၾကီးက ေျပာပါတယ္။

ယခုႏွစ္ စံခ်ိန္တင္ အပူလိႈင္းေၾကာင့္ ျပင္သစ္မွာ ေသဆုံးသူ ၁၅၀၀ အထိရွိခဲ့

ယခုနွစ္အတြင္း ျပင္သစ္မွာ အလြန္ျပင္းထန္ေသာအပူခ်ိန္ ၁၈ ရက္ ျဖစ္ေပၚခဲ့ၿပီး လူအားလံုးေတာ့ ဒီအေျခအေနကို မျဖတ္ေက်ာ္နိုငိခဲ့ဘူးလို ့၀န္ႀကီး အန္ ့ဘူဇန္က ေရဒီယိုအင္တာဗ်ဴးတစ္ခုမွာေျပာၾကားခဲ့ပါတယ္။

ဇြန္နဲ႕ ဇူလုိင္လ အပူခ်ိန္ဟာ ၄၀ ဆဲလ္စီးယက္ (၁၀၄ ဖာရင္ဟိုက္)အထိျမင့္တက္ခဲ့ၿပီး နိုင္ငံအတြင္းျမိဳ ့ေပါင္း၅၀ေက်ာ္မွာ အပူခ်ိန္စံခ်ိန္အသစ္မ်ားတင္ခဲ့ပါတယ္။ ျပင္သစ္ေတာင္ပိုင္း ဂဲလက္စ္ လီမြန္တူရယ္ မွာေတာ့ ၄၆ဆဲလ္စီးယက္ (၁၁၄ ဖာရင္ဟိုက္)အထိျမင့္တက္ခဲ့ၿပီး ျပင္သစ္နိုင္ငံရဲ႕ အပူဆံုးစံခိ်န္ျဖစ္ခဲ့ပါတယ္။

“ကၽြန္ေတာ္တို ့ေလ့လာစစ္ေဆးမႈ ့ေတြအရ လူ ၁၅၀၀ ေသဆံုးတာဟာ အဲဒီလေတြမွာ ျဖစ္ပြားခဲ့တာျဖစ္ပါတယ္” လို ့ ့ျပင္သစ္က်န္းမာေရး၀န္ၾကီးကေျပာၾကားခဲ့တယ္။ ေသဆံုးသူတစ္၀က္ေလာက္သာ အသက္ ၇၅ နွစ္ေက်ာ္ အိုမင္းမစြမ္းသူမ်ားျဖစ္ၿပီး က်န္တစ္၀က္က ငယ္ရြယ္သူမ်ားျဖစ္တယ္လို ့ဆုိပါတယ္။ ျခဳံငံုသံုးသပ္ရရင္ ဒီအပူလိႈင္းဟာ နိုင္ငံအတြင္းရိွလူသန္း၂၀နီးပါးရဲ ့က်န္းမာေရးကို ဆိုး၀ါးစြာထိခိုက္ေစခဲ့တယ္လို ့ ဘူဇန္က ေျပာဆုိပါတယ္။

ျပင္သစ္သတင္းေရဒီယိုကေတာ့ တိက်တဲ့ေသဆံုးမႈ ့အေရအတြက္ဟာ ၁၄၃၅ ေယာက္ျဖစ္ၿပီး ဇြန္လအဆံုးပိုင္းမွာ ၅၆၇ ေယာက္၊ ဇူလုိင္လအေစာပိုင္းမွာ ၈၅၈ ေယာက္ျဖစ္ကာ ဇူလုိင္လ ေနာက္ဆံုးရက္ေတြမွာေတာ့ ဒီဆိုး၀ါးတဲ့အေျခအေနရပ္တန့္သြားခဲ့တယ္လုိ ့ဆုိပါတယ္။

ဒီအေရအတြက္ဟာထိက္လန့္စရာေကာင္းေပမယ့္ ၂၀၀၃ ခုနွစ္ ေႏြရာသီမွာျဖစ္ေပၚခဲ့တဲ့ အပူလိႈင္းေၾကာင့္

လူဦးေရ ၁၅၀၀၀ ေက်ာ္ထိေသဆံုးခဲ့တာနဲ့ယွဥ္ရင္ နည္းတယ္လို ့ေျပာနိုင္ပါတယ္။

RT

ခ်စ္ဆုေ၀(အကုန္သိ သတင္းဌာန)

Unicode Version

ယခုနှစ် စံချိန်တင် အပူလှိုင်းကြောင့် ပြင်သစ်မှာ သေဆုံးသူ ၁၅၀၀ အထိရှိခဲ့ 

 ယခုနှစ် နွေရာသီမှာ ဥရောပကို ရိုက်ခတ်ခဲ့တဲ့ စံချိန်တင် အပူလှိုင်းကြောင့်သေဆုံးခဲ့ရသူ အရေအတွက်ကို ပြင်သစ်က ထပ်တိုးဖြည့်စွက်ခဲ့ရာမှာ ယင်း ပုံမှန်မဟုက်တဲ့ ရာသီဥတုကြောင့် ပြင်သစ်နိုင်ငံအတွင်း လူ ၁၅၀၀ ထိ သေဆုံးခဲ့ရကြောင်း ပြင်သစ် ကျန်းမာရေးဝန်ကြီးက ပြောပါတယ်။

ယခုနှစ်အတွင်း ပြင်သစ်မှာ အလွန်ပြင်းထန်သောအပူချိန် ၁၈ ရက် ဖြစ်ပေါ်ခဲ့ပြီး လူအားလုံးတော့ ဒီအခြေအနေကို မဖြတ်ကျော်နိုငိခဲ့ဘူးလို့ဝန်ကြီး အန့်ဘူဇန်က ရေဒီယိုအင်တာဗျူးတစ်ခုမှာပြောကြားခဲ့ပါတယ်။

ဇွန်နဲ့ ဇူလိုင်လ အပူချိန်ဟာ ၄၀ ဆဲလ်စီးယက် (၁၀၄ ဖာရင်ဟိုက်)အထိမြင့်တက်ခဲ့ပြီး နိုင်ငံအတွင်းမြို့ပေါင်း၅၀ကျော်မှာ အပူချိန်စံချိန်အသစ်များတင်ခဲ့ပါတယ်။ ပြင်သစ်တောင်ပိုင်း ဂဲလက်စ် လီမွန်တူရယ် မှာတော့ ၄၆ဆဲလ်စီးယက် (၁၁၄ ဖာရင်ဟိုက်)အထိမြင့်တက်ခဲ့ပြီး ပြင်သစ်နိုင်ငံရဲ့ အပူဆုံးစံချိန်ဖြစ်ခဲ့ပါတယ်။

“ကျွန်တော်တို့လေ့လာစစ်ဆေးမှု့တွေအရ လူ ၁၅၀၀ သေဆုံးတာဟာ အဲဒီလတွေမှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်” လို့ပြင်သစ်ကျန်းမာရေးဝန်ကြီးကပြောကြားခဲ့တယ်။ သေဆုံးသူတစ်ဝက်လောက်သာ အသက် ၇၅ နှစ်ကျော် အိုမင်းမစွမ်းသူများဖြစ်ပြီး ကျန်တစ်ဝက်က ငယ်ရွယ်သူများဖြစ်တယ်လို့ဆိုပါတယ်။ ခြုံငုံသုံးသပ်ရရင် ဒီအပူလှိုင်းဟာ နိုင်ငံအတွင်းရှိလူသန်း၂၀နီးပါးရဲ့ကျန်းမာရေးကို ဆိုးဝါးစွာထိခိုက်စေခဲ့တယ်လို့ ဘူဇန်က ပြောဆိုပါတယ်။

ပြင်သစ်သတင်းရေဒီယိုကတော့ တိကျတဲ့သေဆုံးမှု့အရေအတွက်ဟာ ၁၄၃၅ ယောက်ဖြစ်ပြီး ဇွန်လအဆုံးပိုင်းမှာ ၅၆၇ ယောက်၊ ဇူလိုင်လအစောပိုင်းမှာ ၈၅၈ ယောက်ဖြစ်ကာ ဇူလိုင်လ နောက်ဆုံးရက်တွေမှာတော့ ဒီဆိုးဝါးတဲ့အခြေအနေရပ်တန့်သွားခဲ့တယ်လို့ဆိုပါတယ်။

ဒီအရေအတွက်ဟာထိက်လန့်စရာကောင်းပေမယ့် ၂၀၀၃ ခုနှစ် နွေရာသီမှာဖြစ်ပေါ်ခဲ့တဲ့ အပူလှိုင်းကြောင့်

လူဦးရေ ၁၅၀၀၀ ကျော်ထိသေဆုံးခဲ့တာနဲ့ယှဉ်ရင် နည်းတယ်လို့ပြောနိုင်ပါတယ်။ 

RT

ချစ်ဆုဝေ(အကုန်သိ သတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။