Skip to main content
အစၥေရး ဒရုန္းတစ္စင္းကုိ ဟစ္ဇ္ဘုိလာ ပစ္ခ်
Ads Block

အစၥေရး ဒရုန္းတစ္စင္းကုိ ဟစ္ဇ္ဘုိလာ ပစ္ခ်

             တနလၤာေန ့က နယ္စပ္ကုိ ျဖတ္ေက်ာ္၀င္ေရာက္လာတဲ့ အစၥေရးရဲ႕ လူမဲ့ေလယာဥ္တစ္စင္းကုိ လက္ဘႏြန္ေတာင္ပုိင္းက ၿမိဳ႕ျပင္တစ္ေနရာမွာ ပစ္ခ်လုိက္ေၾကာင္း လက္ဘႏြန္အေျခစုိက္ အီရန္ ေက်ာေထာက္ေနာက္ခံျပဳ ဟစ္ဇ္ဘုိလာ လႈပ္ရွားမႈအဖြဲ႕က ထုတ္ျပန္ခဲ့ပါတယ္။

         ပ်က္က်ခဲ့သြားခဲ့တဲ့ အစၥေရးဒရုန္းဟာ ယခု ဟစ္ဇ္ဘုိလာတပ္ဖြဲ႕၀င္ေတြ လက္ထဲမွာရွိေနတယ္လုိ ့လည္း ယင္းအဖြဲ႕က ဆုိပါတယ္။ အစၥေရး စစ္တပ္က ေျပာဆုိရာမွာေတာ့ ပုံမွန္ပ်ံသန္းမႈေတြ လုပ္ေနတဲ့ ၄င္းတုိ ့ရဲ႕ ဒရုန္းတစ္စင္း လက္ဘႏြန္ေတာင္ပုိင္းနယ္ေျမအတြင္း ထုိးက်သြားခဲ့ေၾကာင္း ေျပာဆုိခဲ့ကာ ဘာေၾကာင့္ ဒရုန္းယာဥ္ ပ်က္က်သြားခဲ့ရတယ္ဆုိတာကုိေတာ့ ေျပာဆုိခဲ့ျခင္းမရွိပါဘူး။ ယင္း ဒရုန္းယာဥ္ကေန သတင္းအခ်က္အလက္ရယူသြားႏုိင္မွာမ်ဳိးအတြက္ စုိးရိမ္စရာမရွိေၾကာင္းလည္း စစ္တပ္က ဆုိခဲ့ပါတယ္။ ပ်က္က်သြားခဲ့တဲ့ ဒရုန္းဟာ ရုိးရွင္းတဲ့ ဒရုန္းအမ်ဳိးအစားတစ္ခုသာျဖစ္ၿပီး ျပႆနာႀကီးႀကီးမားမားမရွိေၾကာင္း အစၥေရးစစ္တပ္ ေျပာေရးဆုိခြင့္ရွိသူ အမ်ဳိးသမီးက ေျပာဆုိခဲ့ပါတယ္။

             ဟစ္ဇ္ဘုိလာအဖြဲ႕က ေျပာဆုိရာမွာေတာ့ လက္ဘႏြန္ေတာင္ပုိင္း ရာမယာ့ရွ္ၿမိဳ႕ ဆီပ်ံသန္းလာတဲ့ ဒရုန္းယာဥ္ကုိ သီးသန္႕လက္နက္တစ္ခုနဲ႕ ထိေတြ႕ရင္ဆုိင္ခဲ့တာျဖစ္ၿပီး ၿမိဳ႕စြန္တစ္ေနရာမွာ ဒရုန္း ထုိးက် သြားခဲ့ေၾကာင္း ေျပာဆုိခဲ့ပါတယ္။

               မၾကာခင္က ဟစ္ဇ္ဘုိလာအဖြဲ႕ ထိန္းခ်ဳပ္ထားတဲ့ ေဘရြတ္ၿမိဳ႕ဆင္ေျခဖုံးအရပ္တစ္ခုကုိ အစၥေရးက ဒရုန္းတစ္စင္းနဲ႕ တုိက္ခုိက္မႈျဖစ္ပြားခဲ့ၿပီးေနာက္ အစၥေရးစစ္တပ္နဲ႕ ဟစ္ဇ္ဘုိလာတုိ ့ဟာ သီတင္းတစ္ပတ္ၾကာ နယ္စပ္ျဖတ္ေက်ာ္ ပစ္ခတ္မႈေတြ အျပန္အလွန္လုပ္ခဲ့ၾကပါတယ္။ ယင္း တုိက္ခုိက္မႈဟာ ၂၀၀၆ ခုႏွစ္ လက္ဘႏြန္စစ္ပြဲၿပီးေနာက္ပုိင္း ယင္း ႏွစ္ဖြဲ႕အၾကား အျပင္းထန္ဆုံး အျပန္အလွန္တုိက္ခုိက္မႈျဖစ္ခဲ့ပါတယ္။

Reuters

ကုိလင္း (အကုန္သိ သတင္းဌာန)

Unicode Version

အစ္စရေး ဒရုန်းတစ်စင်းကို ဟစ်ဇ်ဘိုလာ ပစ်ချ

             တနင်္လာနေ့က နယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်လာတဲ့ အစ္စရေးရဲ့ လူမဲ့လေယာဉ်တစ်စင်းကို လက်ဘနွန်တောင်ပိုင်းက မြို့ပြင်တစ်နေရာမှာ ပစ်ချလိုက်ကြောင်း လက်ဘနွန်အခြေစိုက် အီရန် ကျောထောက်နောက်ခံပြု ဟစ်ဇ်ဘိုလာ လှုပ်ရှားမှုအဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

         ပျက်ကျခဲ့သွားခဲ့တဲ့ အစ္စရေးဒရုန်းဟာ ယခု ဟစ်ဇ်ဘိုလာတပ်ဖွဲ့ဝင်တွေ လက်ထဲမှာရှိနေတယ်လို့လည်း ယင်းအဖွဲ့က ဆိုပါတယ်။ အစ္စရေး စစ်တပ်က ပြောဆိုရာမှာတော့ ပုံမှန်ပျံသန်းမှုတွေ လုပ်နေတဲ့ ၎င်းတို့ရဲ့ ဒရုန်းတစ်စင်း လက်ဘနွန်တောင်ပိုင်းနယ်မြေအတွင်း ထိုးကျသွားခဲ့ကြောင်း ပြောဆိုခဲ့ကာ ဘာကြောင့် ဒရုန်းယာဉ် ပျက်ကျသွားခဲ့ရတယ်ဆိုတာကိုတော့ ပြောဆိုခဲ့ခြင်းမရှိပါဘူး။ ယင်း ဒရုန်းယာဉ်ကနေ သတင်းအချက်အလက်ရယူသွားနိုင်မှာမျိုးအတွက် စိုးရိမ်စရာမရှိကြောင်းလည်း စစ်တပ်က ဆိုခဲ့ပါတယ်။ ပျက်ကျသွားခဲ့တဲ့ ဒရုန်းဟာ ရိုးရှင်းတဲ့ ဒရုန်းအမျိုးအစားတစ်ခုသာဖြစ်ပြီး ပြဿနာကြီးကြီးမားမားမရှိကြောင်း အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးက ပြောဆိုခဲ့ပါတယ်။

             ဟစ်ဇ်ဘိုလာအဖွဲ့က ပြောဆိုရာမှာတော့ လက်ဘနွန်တောင်ပိုင်း ရာမယာ့ရှ်မြို့ ဆီပျံသန်းလာတဲ့ ဒရုန်းယာဉ်ကို သီးသန့်လက်နက်တစ်ခုနဲ့ ထိတွေ့ရင်ဆိုင်ခဲ့တာဖြစ်ပြီး မြို့စွန်တစ်နေရာမှာ ဒရုန်း ထိုးကျ သွားခဲ့ကြောင်း ပြောဆိုခဲ့ပါတယ်။

               မကြာခင်က ဟစ်ဇ်ဘိုလာအဖွဲ့ ထိန်းချုပ်ထားတဲ့ ဘေရွတ်မြို့ဆင်ခြေဖုံးအရပ်တစ်ခုကို အစ္စရေးက ဒရုန်းတစ်စင်းနဲ့ တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးနောက် အစ္စရေးစစ်တပ်နဲ့ ဟစ်ဇ်ဘိုလာတို့ဟာ သီတင်းတစ်ပတ်ကြာ နယ်စပ်ဖြတ်ကျော် ပစ်ခတ်မှုတွေ အပြန်အလှန်လုပ်ခဲ့ကြပါတယ်။ ယင်း တိုက်ခိုက်မှုဟာ ၂၀၀၆ ခုနှစ် လက်ဘနွန်စစ်ပွဲပြီးနောက်ပိုင်း ယင်း နှစ်ဖွဲ့အကြား အပြင်းထန်ဆုံး အပြန်အလှန်တိုက်ခိုက်မှုဖြစ်ခဲ့ပါတယ်။ 

Reuters

ကိုလင်း (အကုန်သိ သတင်းဌာန) 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။