Skip to main content
စာမတတ္သူဦးေရ သန္းႏွင့္ခ်ီရွိေနျခင္းမွာ ႏုိင္ငံဖြံ႕ၿဖိဳးေရးအတြက္ စိန္ေခၚမႈတစ္ရပ္ျဖစ္ေၾကာင္း ပညာေရး၀န္ႀကီး ေဒါက္တာမ်ိဳးသိမ္းႀကီးေျပာ
Ads Block

စာမတတ္သူဦးေရ သန္းႏွင့္ခ်ီရွိေနျခင္းမွာ ႏုိင္ငံဖြံ႕ၿဖိဳးေရးအတြက္ စိန္ေခၚမႈတစ္ရပ္ျဖစ္ေၾကာင္း ပညာေရး၀န္ႀကီး ေဒါက္တာမ်ိဳးသိမ္းႀကီးေျပာ

စာမတတ္သူဦးေရ သန္းႏွင့္ခ်ီရွိေနျခင္းသည္ ႏုိင္ငံဖြံ႔ၿဖိဳးေရးအတြက္ စိန္ေခၚမႈတစ္ရပ္ျဖစ္ေၾကာင္း ပညာေရး၀န္ႀကီးဌာနမွျပည္ေထာင္စု၀န္ႀကီးေဒါက္တာမ်ိဳးသိမ္းႀကီးကေျပာသည္။

စာမတတ္သူဦးေရ သန္းႏွင့္ခ်ီရွိေနျခင္းမွာ ႏုိင္ငံဖြံ႕ၿဖိဳးေရးအတြက္ စိန္ေခၚမႈတစ္ရပ္ျဖစ္ေၾကာင္း ပညာေရး၀န္ႀကီး ေဒါက္တာမ်ိဳးသိမ္းႀကီးေျပာ

ေနျပည္ေတာ္ရွိ ပညာေရး၀န္ႀကီးဌာန ရုံးအမွတ္- ၂၁ တြင္ စက္တင္ဘာလ ၈ ရက္ကက်င္းပသည့္ ၂၀၁၉ ခုႏွစ္ ႏုိင္ငံတကာစာတတ္ေျမာက္ေရးေန႔အခမ္းအနားတြင္ ယင္းကဲ့သို႔ေျပာျခင္းျဖစ္သည္။

“ ႏိုင္ငံေတာ္၏ ၂၀၁၄ ခုႏွစ္တြင္ ေကာက္ခံခဲ့ေသာသန္းေခါင္စာရင္းႏွင့္ ေနာက္ဆက္တြဲပါအစီရင္ခံစာအရ အသက္ ၁၅ ႏွစ္ႏွင့္အထက္ ေက်ာင္းလံုး၀မေနခဲ့ဖူးသျဖင့္စာမတတ္သူေပါင္း ၃ ဒႆမ ၅သန္းခန္႔ ရွိေနျခင္းသည္ ႏိုင္ငံဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ အေရးႀကီးတဲ့စိန္ေခၚမႈတစ္ရပ္ျဖစ္ပါတယ္။ ဖြံ႕ၿဖိဳးမႈအၫႊန္းကိန္း တိုးတက္ႏိုင္ေရးအတြက္ စာတတ္ေျမာက္ေရးလုပ္ငန္းသည္ ႏိုင္ငံဖြံ႕ၿဖိဳးေရးတြင္အခန္းက႑တစ္ရပ္အေနျဖင့္ အေရးႀကီးပါတယ္” ဟု ပညာေရး၀န္ႀကီးဌာနမွျပည္ေထာင္စု၀န္ႀကီးေဒါက္တာမ်ိဳးသိမ္းႀကီးကေျပာသည္။

စာမတတ္သူဦးေရ သန္းႏွင့္ခ်ီရွိေနျခင္းမွာ ႏုိင္ငံဖြံ႕ၿဖိဳးေရးအတြက္ စိန္ေခၚမႈတစ္ရပ္ျဖစ္ေၾကာင္း ပညာေရး၀န္ႀကီး ေဒါက္တာမ်ိဳးသိမ္းႀကီးေျပာ

၂၀၁၉ ခုႏွစ္ႏုိင္ငံတကာစာတတ္ေျမာက္ေရးေန႔အတြက္ ဦးတည္ခ်က္ေဆာင္ပုဒ္မွာ “ စာတတ္ေျမာက္ေရး ဖြံ႕ၿဖိဳးဖုိ႔ တုိင္းရင္းသားဘာသာစကားျမွင့္တင္စုိ႔” ဟူ၍ ျဖစ္သည္။

ပညာေရးဝန္ႀကီးဌာနအေနျဖင့္ လက္ရွိပညာသင္ႏွစ္၌ အေျခခံပညာက႑တြင္ တိုင္းရင္းသားဘာသာစကား သင္ၾကားေရးအတြက္ တိုင္းေဒသႀကီး၊ ျပည္နယ္အားလုံးတြင္ရွိသည့္ေက်ာင္းေပါင္း ၁၂၄၈၈ ေက်ာင္းတြင္ ေက်ာင္းသားေက်ာင္းသူေပါင္း ၇၆၆၇၃၁ ဦးကို တိုင္းရင္းသားဘာသာစကားသင္ ဆရာ၊ ဆရာမေပါင္း ၂၀၁၉၉ ဉီး၊ သင္ၾကားမႈအေထာက္အကူျပဳ Teaching Assistant ၁၁၇၁၈ ဉီးတို႔ျဖင့္ ထားရွိေဆာင္ရြက္ေနေၾကာင္း သိရသည္။

မင္းသီဟန္(အကုန္သိသတင္းဌာန)

Unicode Version

စာမတတ်သူဦးရေ သန်းနှင့်ချီရှိနေခြင်းမှာ နိုင်ငံဖွံ့ဖြိုးရေးအတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်ကြောင်း ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးပြော

စာမတတ်သူဦးရေ သန်းနှင့်ချီရှိနေခြင်းသည် နိုင်ငံဖွံ့ဖြိုးရေးအတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီးကပြောသည်။

နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန ရုံးအမှတ်- ၂၁ တွင် စက်တင်ဘာလ ၈ ရက်ကကျင်းပသည့် ၂၀၁၉ ခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့အခမ်းအနားတွင် ယင်းကဲ့သို့ပြောခြင်းဖြစ်သည်။

“ နိုင်ငံတော်၏ ၂၀၁၄ ခုနှစ်တွင် ကောက်ခံခဲ့သောသန်းခေါင်စာရင်းနှင့် နောက်ဆက်တွဲပါအစီရင်ခံစာအရ အသက် ၁၅ နှစ်နှင့်အထက် ကျောင်းလုံးဝမနေခဲ့ဖူးသဖြင့်စာမတတ်သူပေါင်း ၃ ဒဿမ ၅သန်းခန့် ရှိနေခြင်းသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးတဲ့စိန်ခေါ်မှုတစ်ရပ်ဖြစ်ပါတယ်။ ဖွံ့ဖြိုးမှုအညွှန်းကိန်း တိုးတက်နိုင်ရေးအတွက် စာတတ်မြောက်ရေးလုပ်ငန်းသည် နိုင်ငံဖွံ့ဖြိုးရေးတွင်အခန်းကဏ္ဍတစ်ရပ်အနေဖြင့် အရေးကြီးပါတယ်” ဟု ပညာရေးဝန်ကြီးဌာနမှပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီးကပြောသည်။

၂၀၁၉ ခုနှစ်နိုင်ငံတကာစာတတ်မြောက်ရေးနေ့အတွက် ဦးတည်ချက်ဆောင်ပုဒ်မှာ “ စာတတ်မြောက်ရေး ဖွံ့ဖြိုးဖို့ တိုင်းရင်းသားဘာသာစကားမြှင့်တင်စို့” ဟူ၍ ဖြစ်သည်။

ပညာရေးဝန်ကြီးဌာနအနေဖြင့် လက်ရှိပညာသင်နှစ်၌ အခြေခံပညာကဏ္ဍတွင် တိုင်းရင်းသားဘာသာစကား သင်ကြားရေးအတွက် တိုင်းဒေသကြီး၊ ပြည်နယ်အားလုံးတွင်ရှိသည့်ကျောင်းပေါင်း ၁၂၄၈၈ ကျောင်းတွင် ကျောင်းသားကျောင်းသူပေါင်း ၇၆၆၇၃၁ ဦးကို တိုင်းရင်းသားဘာသာစကားသင် ဆရာ၊ ဆရာမပေါင်း ၂၀၁၉၉ ဉီး၊ သင်ကြားမှုအထောက်အကူပြု Teaching Assistant ၁၁၇၁၈ ဉီးတို့ဖြင့် ထားရှိဆောင်ရွက်နေကြောင်း သိရသည်။

မင်းသီဟန်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။