Skip to main content
ႏုိင္ငံေရး၌ ဒီမုိကေရစီႏွင့္ လူ႔အခြင့္အေရးသာအေရးထားၿပီး စီးပြားေရးကုိအေလးမထားလွ်င္ အခ်ည္းႏွီးသာျဖစ္ေၾကာင္း သူရဦးေရႊမန္းေျပာ
Ads Block

ႏုိင္ငံေရး၌ ဒီမုိကေရစီႏွင့္ လူ႔အခြင့္အေရးသာအေရးထားၿပီး စီးပြားေရးကုိအေလးမထားလွ်င္ အခ်ည္းႏွီးသာျဖစ္ေၾကာင္း သူရဦးေရႊမန္းေျပာ

ႏုိင္ငံေရးဟုေျပာရာတြင္ ဒီမုိကေရစီႏွင့္ လူ႔အခြင့္အေရးသာအေရးထားေျပာၿပီး စီးပြားေရးကုိအေလးမထားလွ်င္ အခ်ည္းႏွီးသာျဖစ္ေၾကာင္း ျပည္ေထာင္စုေကာင္းက်ိဳးေဆာင္ပါတီေခါင္းေဆာင္ သူရဦးေရႊမန္းက ေျပာၾကားသည္။

ဧရာ၀တီတုိင္းေဒသႀကီး ေျမာင္းျမႏွင့္ ၀ါးခယ္မၿမိဳ႕နယ္တုိ႔တြင္ စက္တင္ဘာလ ၈ ရက္က ေဒသခံပါတီ၀င္မ်ားႏွင့္ေတြ႔ဆုံစဥ္ ယခုကဲ့သို႔ေျပာခဲ့ျခင္းျဖစ္သည္။

“ ႏိုင္ငံေရးဟုေျပာလွ်င္ ဒီမိုကေရစီႏွင့္ လူ႔အခြင့္အေရးကိုသာေျပာၿပီးစီးပြားေရးကိုအေလးမထားလွ်င္၊ တိုးတက္ေကာင္းမြန္ေအာင္ မေဆာင္ရြက္ႏိုင္လွ်င္ ယင္းႏိုင္ငံေရးသည္ အခ်ည္းႏွီးျဖစ္ပါတယ္။ ထို႔အတူ ႏိုင္ငံေရးဟုေျပာၿပီးလူမႈေရး၊ တည္ၿငိမ္ေအးခ်မ္းေရးႏွင့္ တရားဥပေဒစိုးမိုးေရး၊ အုပ္ခ်ဳပ္ေရး၊ ေသြးစည္းညီၫြတ္ေရး၊ ဖြံ႔ၿဖိဳးတိုးတက္ေရး၊ ပတ္ဝန္းက်င္ႏွင့္သဟဇာတျဖစ္ေရးတို႔ကို တိုးတက္ေကာင္းမြန္ေအာင္ ေဆာင္ရြက္ျခင္းမျပဳႏိုင္လွ်င္လည္းအခ်ည္းႏွီးသာျဖစ္ပါတယ္” ဟု ျပည္ေထာင္စုေကာင္းက်ိဳးေဆာင္ပါတီေခါင္းေဆာင္ သူရဦးေရႊမန္းက ေျပာသည္။

ၿပီးခဲ့ေသာ ၂၀၁၅ ခုႏွစ္၊ ႏုိ၀င္ဘာလ ေရြးေကာက္ပြဲမတုိင္မီ NLD ပါတီ၏ ေရြးေကာက္ပြဲေၾကညာစာတမ္းမွာ ဖြဲ႔စည္းပုံျပင္ဆင္ေရး၊ ျပည္တြင္းၿငိမ္းခ်မ္းေရးရရွိေရးႏွင့္ ျပည္သူလူထုဘ၀တုိးတက္ျမင့္မားေရးတုိ႔ျဖစ္သည္။

NLD အစုိးရသည္ ၿငိမ္းခ်မ္းေရးကုိစတင္လုပ္ေဆာင္ခဲ့ၿပီး လက္ရွိအေျခအေနတြင္ စီးပြားေရးကုိ ဦးတည္လုပ္ေဆာင္ေနၿပီျဖစ္ကာ က်န္သည့္သက္တမ္းတြင္လည္း အမ်ားျပည္သူဘ၀အဆင္ေျပေစေရး စီးပြားေရးဖြံ႔ၿဖိဳးမႈကိုအသားေပးလုပ္ေဆာင္မည္ဟု NLDပါတီမွ NLD ပါတီမွေျပာေရးဆုိခြင့္ရွိသူ ေဒါက္တာမ်ိဳးညြန္႔က ေျပာၾကားထားသည္။

မင္းသီဟန္(အကုန္သိသတင္းဌာန)

Unicode Version

နိုင်ငံရေး၌ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးသာအရေးထားပြီး စီးပွားရေးကိုအလေးမထားလျှင် အချည်းနှီးသာဖြစ်ကြောင်း သူရဦးရွှေမန်းပြော

နိုင်ငံရေးဟုပြောရာတွင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးသာအရေးထားပြောပြီး စီးပွားရေးကိုအလေးမထားလျှင် အချည်းနှီးသာဖြစ်ကြောင်း ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီခေါင်းဆောင် သူရဦးရွှေမန်းက ပြောကြားသည်။

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြနှင့် ဝါးခယ်မမြို့နယ်တို့တွင် စက်တင်ဘာလ ၈ ရက်က ဒေသခံပါတီဝင်များနှင့်တွေ့ဆုံစဉ် ယခုကဲ့သို့ပြောခဲ့ခြင်းဖြစ်သည်။

ႏုိင္ငံေရး၌ ဒီမုိကေရစီႏွင့္ လူ႔အခြင့္အေရးသာအေရးထားၿပီး စီးပြားေရးကုိအေလးမထားလွ်င္ အခ်ည္းႏွီးသာျဖစ္ေၾကာင္း သူရဦးေရႊမန္းေျပာ

“ နိုင်ငံရေးဟုပြောလျှင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကိုသာပြောပြီးစီးပွားရေးကိုအလေးမထားလျှင်၊ တိုးတက်ကောင်းမွန်အောင် မဆောင်ရွက်နိုင်လျှင် ယင်းနိုင်ငံရေးသည် အချည်းနှီးဖြစ်ပါတယ်။ ထို့အတူ နိုင်ငံရေးဟုပြောပြီးလူမှုရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး၊ အုပ်ချုပ်ရေး၊ သွေးစည်းညီညွတ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ပတ်ဝန်းကျင်နှင့်သဟဇာတဖြစ်ရေးတို့ကို တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ခြင်းမပြုနိုင်လျှင်လည်းအချည်းနှီးသာဖြစ်ပါတယ်” ဟု ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီခေါင်းဆောင် သူရဦးရွှေမန်းက ပြောသည်။

ပြီးခဲ့သော ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ရွေးကောက်ပွဲမတိုင်မီ NLD ပါတီ၏ ရွေးကောက်ပွဲကြေညာစာတမ်းမှာ ဖွဲ့စည်းပုံပြင်ဆင်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးရရှိရေးနှင့် ပြည်သူလူထုဘဝတိုးတက်မြင့်မားရေးတို့ဖြစ်သည်။

NLD အစိုးရသည် ငြိမ်းချမ်းရေးကိုစတင်လုပ်ဆောင်ခဲ့ပြီး လက်ရှိအခြေအနေတွင် စီးပွားရေးကို ဦးတည်လုပ်ဆောင်နေပြီဖြစ်ကာ ကျန်သည့်သက်တမ်းတွင်လည်း အများပြည်သူဘဝအဆင်ပြေစေရေး စီးပွားရေးဖွံ့ဖြိုးမှုကိုအသားပေးလုပ်ဆောင်မည်ဟု NLDပါတီမှ NLD ပါတီမှပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောကြားထားသည်။

မင်းသီဟန်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။