Skip to main content
မော်တော်ကား အစီးရေ ၄၀၀၀ သယ်ဆောင်လာသော ကုန်တင်သဘောင်္တစ်စင်း ဂျော်ဂျီယာ ကမ်းလွန်မှာ တိမ်းမှောက်ခဲ့ပြီး လူလေးဦးပျောက်ဆုံးနေ
Ads Block
မော်တော်ကား အစီးရေ ၄၀၀၀ သယ်ဆောင်လာသော ကုန်တင်သဘောင်္တစ်စင်း ဂျော်ဂျီယာ ကမ်းလွန်မှာ တိမ်းမှောက်ခဲ့ပြီး လူလေးဦးပျောက်ဆုံးနေ
တောင်ကိုရီးယားနိုင်ငံ ဆိုလ်းမြို့မှထွက်ခွာလာသော Hyundai Glovis ကုမ္ပဏီပိုင် မော်တော်ကားများ သယ်ဆောင်လာတဲ့ တောင်ကိုးရီးယား ကုန်တင်သဘောင်္တစ်စင်းဟာ ကားအစီးရေ ၄၀၀၀ တင်ဆောင်ပြီး ဥရောပအရှေ့အလယ်ပိုင်းကို ထွက်ခွာလာရာ စက်တင်ဘာ ၈ ရက်က အမေရိကန်တောင်ပိုင်း ဂျော်ဂျီယာပြည်နယ် ကမ်းရိုးတန်းမှာ တိမ်းမှောက်ခဲ့ကြောင်း သိရပါတယ်။
မော်တော်ကား အစီးရေ ၄၀၀၀ သယ်ဆောင်လာသော ကုန်တင်သဘောင်္တစ်စင်း ဂျော်ဂျီယာ ကမ်းလွန်မှာ တိမ်းမှောက်ခဲ့ပြီး လူလေးဦးပျောက်ဆုံးနေ
အမေရိကန်ကမ်းရိုးတန်း ကင်းလှည့်အဖွဲ့ ကတော့ Golden Ray သဘောင်္ဟာ စိန့် ဆိုင်မွန်ဆောင်းအနီးမှာ တိမ်းမှောက်ခဲ့တာဖြစ်ပြီး သဘောင်္ပေါ်မှာ ပိုင်းလော့တစ်ဦးနဲ့ သင်္ဘောအမှုထမ်း ၂၃ ဦး ပါရှိခဲ့ကာ အယောက်၂၀ ကိုတော့ ကယ်ဆယ်နိုင်ခဲ့တယ်လို့ ပြောပါတယ်။
မော်တော်ကား အစီးရေ ၄၀၀၀ သယ်ဆောင်လာသော ကုန်တင်သဘောင်္တစ်စင်း ဂျော်ဂျီယာ ကမ်းလွန်မှာ တိမ်းမှောက်ခဲ့ပြီး လူလေးဦးပျောက်ဆုံးနေ
ရေယာဉ်ရှာဖွေရေး ၀က်ဘ်ဆိုက်ကတော့ သဘောင်္ဟာ ဘန်းဆွစ်ဆိပ်ကမ်းမှာရပ်နားခဲ့ပြီး ဘာလ်တီမိုလ်း ကို ဦးတည်ထွက်ခွာခဲ့တာဖြစ်ကြောင်း၊ သဘောင်္ကို ၂၀၁၇ မှာတည်ဆောက်ခဲ့ပြီး မာရှယ်ကျွန်းစုအလံလွှင့်ကာ ခုတ်မောင်းခဲ့တာဖြစ်ကြောင်း ဆိုပါတယ်။ Glovis ၀က်ဘ်ဆိုက်ရဲ့ ဖော်ပြမှုအရတော့ Golden Ray သဘောင်္ဟာ မော်တော်ယာဉ်အစီးရေ ၆၉၃၃ စီး အထိ သယ်ဆောင်နိုင်တယ်လို့ သိရပါတယ်။
CNA
ချစ်ဆုဝေ (အကုန်သိ သတင်းဌာန)
Unicode Version
မော်တော်ကား အစီးရေ ၄၀၀၀ သယ်ဆောင်လာသော ကုန်တင်သဘောၤတစ်စင်း ဂျော်ဂျီယာ ကမ်းလွန်မှာ တိမ်းမှောက်ခဲ့ပြီး လူလေးဦးပျောက်ဆုံးနေ 
တောင်ကိုရီးယားနိုင်ငံ ဆိုလ်းမြို့မှထွက်ခွာလာသော Hyundai Glovis ကုမ္ပဏီပိုင် မော်တော်ကားများ သယ်ဆောင်လာတဲ့ တောင်ကိုးရီးယား ကုန်တင်သဘောၤတစ်စင်းဟာ ကားအစီးရေ ၄၀၀၀ တင်ဆောင်ပြီး ဥရောပအရှေ့အလယ်ပိုင်းကို ထွက်ခွာလာရာ စက်တင်ဘာ ၈ ရက်က အမေရိကန်တောင်ပိုင်း ဂျော်ဂျီယာပြည်နယ် ကမ်းရိုးတန်းမှာ တိမ်းမှောက်ခဲ့ကြောင်း သိရပါတယ်။
အမေရိကန်ကမ်းရိုးတန်း ကင်းလှည့်အဖွဲ့ကတော့ Golden Ray သဘောၤဟာ စိန့်ဆိုင်မွန်ဆောင်းအနီးမှာ တိမ်းမှောက်ခဲ့တာဖြစ်ပြီး သဘောၤပေါ်မှာ ပိုင်းလော့တစ်ဦးနဲ့ သင်္ဘောအမှုထမ်း ၂၃ ဦး ပါရှိခဲ့ကာ အယောက်၂၀ ကိုတော့ ကယ်ဆယ်နိုင်ခဲ့တယ်လို့ ပြောပါတယ်။
      သင်္ဘောတိမ်းမှောက်ချိန်က အင်ဂျင်ခန်းထဲမှာရှိနေခဲ့တယ်လို့ ယူဆရတဲ့ အမှုထမ်း ၄ ဦး ကို ကယ်ဆယ်ရေးအဖွဲ့တွေက ဆက်လက်ရှာဖွေနေကြောင်း တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။
ကယ်ဆယ်နိုင်ခဲ့သူတွေထဲမှာ တောင်ကိုးရီးယားလူမျိုး ၆ ဦး၊ ဖိလစ်ပိုင် ၁၃ ဦးနဲ့ အမေရိကန် ပိုင်းလော့ တို့ပါဝင်တယ်လို့ ဆိုပါတယ်။ သဘောၤပေါ်မှာ Hyundai အမျိုးအစားနဲ့ Kia အမျိုးအစား ကားတွေပါဝင်တယ်လို့ အမည်မဖော်လိုသူ ကုမ္ပဏီတာဝန်ရှိသူက ပြောပါတယ်။
“ကျွန်တော်တို့အတွက်ကတော့ ပျောက်ဆုံးနေတဲ့ လုပ်သားတွေကိုရှာဖွေဖို့က အဓိကဖြစ်ပြီး အဲ့ဒီနောက်မှ ပျက်စီးမှုတွေကို စစ်ဆေးသွားမယ်” လို့၎င်းက ပြောပါတယ်။
ရေယာဉ်ရှာဖွေရေး ဝက်ဘ်ဆိုက်ကတော့ သဘောၤဟာ ဘန်းဆွစ်ဆိပ်ကမ်းမှာရပ်နားခဲ့ပြီး ဘာလ်တီမိုလ်း ကို ဦးတည်ထွက်ခွာခဲ့တာဖြစ်ကြောင်း၊ သဘောၤကို ၂၀၁၇ မှာတည်ဆောက်ခဲ့ပြီး မာရှယ်ကျွန်းစုအလံလွှင့်ကာ ခုတ်မောင်းခဲ့တာဖြစ်ကြောင်း ဆိုပါတယ်။ Glovis ဝက်ဘ်ဆိုက်ရဲ့ ဖော်ပြမှုအရတော့ Golden Ray သဘောၤဟာ မော်တော်ယာဉ်အစီးရေ ၆၉၃၃ စီး အထိ သယ်ဆောင်နိုင်တယ်လို့သိရပါတယ်။
CNA
ချစ်ဆုေ၀ (အကုန်သိ သတင်းဌာန) 
အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။