Skip to main content
အရပ္သားကုိဦးတည္တုိက္ခုိက္မႈမျပဳလုပ္ခဲ့ေၾကာင္း TNLA ဘက္မွျငင္းဆို
Ads Block

အရပ္သားကုိဦးတည္တုိက္ခုိက္မႈမျပဳလုပ္ခဲ့ေၾကာင္း TNLA ဘက္မွျငင္းဆို

ေျမာက္ပုိင္းမဟာမိတ္ ၃ ဖြဲ႔တို႔တုိက္ခုိက္မႈျဖစ္စဥ္မ်ားတြင္ အရပ္သားကုိဦးတည္တုိက္ခုိက္မႈမျပဳလုပ္ခဲ့ေၾကာင္း TNLA မွ ျပန္ၾကားေရးတာ၀န္ခံ တာဖုန္းေက်ာ္ကေျပာသည္။

အရပ္သားကုိဦးတည္တုိက္ခုိက္မႈမျပဳလုပ္ခဲ့ေၾကာင္း TNLA ဘက္မွျငင္းဆို

ရွမ္းျပည္နယ္ေျမာက္ပုိင္း၌တုိက္ခုိက္မႈျဖစ္စဥ္မ်ားနွင့္စပ္လ်ဥ္း၍ အကုန္သိသတင္းဌာနမွ စက္တင္ဘာလ ၉ ရက္၌ ဆက္သြယ္ေမးျမန္းရာတြင္ ယခုကဲ့သို႔ျပန္လည္ေျဖၾကားေပးျခင္းျဖစ္သည္။

“အရပ္သားကုိဦးတည္တုိက္ခုိက္တယ္ဆုိတာမဟုတ္ပါဘူး။ ျဖစ္စဥ္မွာ ၃ခုက တုိက္ပြဲၾကားထဲေရာက္လုိ႔ ျဖစ္သြားတာ။တစ္ခုကတပ္မေတာ္ဘက္ကပစ္လုိ႔ျဖစ္တာပါ။ ကြ်န္ေတာ္တုိ႔ကအရပ္သားကုိ ပစ္မွတ္မထားပါဘူး’’ ဟု TNLA မွ ျပန္ၾကားေရးတာ၀န္ခံ တာဖုန္းေက်ာ္ကေျပာသည္။

ရွမ္းျပည္နယ္ေျမာက္ပုိင္းတြင္ ၾသဂုတ္လ ၁၅ ရက္မွစတင္ကာ တုိက္ခုိက္မႈျဖစ္စဥ္မ်ားျဖစ္ပြားခဲ့ၿပီး ကုန္တင္ယာဥ္မ်ားကုိမီးရိႈ႕ဖ်က္ဆီးျခင္း၊ ဂုတ္ထိပ္တံတားကို မုိင္းခြဲဖ်က္ဆီးျခင္းတုိ႔ျဖစ္ပြားခဲ့သည္။

အရပ္သားကုိဦးတည္တုိက္ခုိက္မႈမျပဳလုပ္ခဲ့ေၾကာင္း TNLA ဘက္မွျငင္းဆို

“ တပ္မေတာ္ရဲ႕တာ၀န္က ႏုိင္ငံေတာ္ကုိကာကြယ္ဖုိ႔ပဲ။ ႏုိင္ငံေတာ္ကုိကာကြယ္ဖုိ႔ရာမွာ ႏုိင္ငံသားအားလုံးမွာလည္း တာ၀န္ရွိပါတယ္။ အခုေျမာက္ပုိင္း ၃ ဖြဲ႔ပစ္ခတ္တုိက္ခုိက္မႈကုိ ၾကည့္ရင္ ဘယ္သူေတြကုိဦးတည္တုိက္ခုိက္လဲသိသာပါတယ္။ ကြ်န္ေတာ္တုိ႔ တပ္မေတာ္နည္းပညာတကၠသုိလ္ေက်ာင္းနဲ႔ တပ္ရင္းကုိပစ္တဲ့ျဖစ္စဥ္ ၂ခုပဲရွိတယ္။ က်န္တာ ျပည္သူလူထုအသုံးျပဳေနတဲ့လမ္းပုိင္းကုိ တုိက္ခုိက္တယ္။အစုိးရရဲ႔မူးယစ္ေဆး၀ါးရွာေဖြစက္ရွိတဲ့ေနရာကုိတုိက္ခုိက္တယ္။ ဒါကေသခ်ာၾကည့္ရင္ သိႏုိင္ပါတယ္’’ဟု တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးေကာ္မတီမွအတြင္းေရးမွဴး ဗုိလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။

တိုက္ပြဲမ်ားျဖစ္ပြားရျခင္းမွာ ရွမ္းျပည္နယ္ႏွင့္ ရခိုင္ျပည္နယ္တို႔တြင္ မူးယစ္ေဆး၀ါးထုတ္လုပ္ေနေသာ စခန္းမ်ားကို ဖမ္းဆီးအေရးယူျခင္းေၾကာင့္ျဖစ္ေၾကာင္း တပ္မေတာ္ဘက္မွထုတ္ျပန္ထားၿပီး ေျမာက္ပိုင္း ၃ ဖြဲ႕ကမူ တပ္မေတာ္၏ထိုးစစ္ေၾကာင့္ ျပန္လည္ေခ်ပျခင္းျဖစ္ေၾကာင္း အျပန္အလွန္ေျပာဆိုမႈမ်ားရွိထားသည္။

မင္းသီဟန္(အကုန္သိသတင္းဌာန)

Unicode Version

အရပ်သားကိုဦးတည်တိုက်ခိုက်မှုမပြုလုပ်ခဲ့ကြောင်း TNLA ဘက်မှငြင်းဆို

မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့တို့တိုက်ခိုက်မှုဖြစ်စဉ်များတွင် အရပ်သားကိုဦးတည်တိုက်ခိုက်မှုမပြုလုပ်ခဲ့ကြောင်း TNLA မှ ပြန်ကြားရေးတာဝန်ခံ တာဖုန်းကျော်ကပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၌တိုက်ခိုက်မှုဖြစ်စဉ်များနှင့်စပ်လျဉ်း၍ အကုန်သိသတင်းဌာနမှ စက်တင်ဘာလ ၉ ရက်၌ ဆက်သွယ်မေးမြန်းရာတွင် ယခုကဲ့သို့ပြန်လည်ဖြေကြားပေးခြင်းဖြစ်သည်။

“အရပ်သားကိုဦးတည်တိုက်ခိုက်တယ်ဆိုတာမဟုတ်ပါဘူး။ ဖြစ်စဉ်မှာ ၃ခုက တိုက်ပွဲကြားထဲရောက်လို့ ဖြစ်သွားတာ။တစ်ခုကတပ်မတော်ဘက်ကပစ်လို့ဖြစ်တာပါ။ ကျွန်တော်တို့ကအရပ်သားကို ပစ်မှတ်မထားပါဘူး’’ ဟု TNLA မှ ပြန်ကြားရေးတာဝန်ခံ တာဖုန်းကျော်ကပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် သြဂုတ်လ ၁၅ ရက်မှစတင်ကာ တိုက်ခိုက်မှုဖြစ်စဉ်များဖြစ်ပွားခဲ့ပြီး ကုန်တင်ယာဉ်များကိုမီးရှို့ဖျက်ဆီးခြင်း၊ ဂုတ်ထိပ်တံတားကို မိုင်းခွဲဖျက်ဆီးခြင်းတို့ဖြစ်ပွားခဲ့သည်။

“ တပ်မတော်ရဲ့တာဝန်က နိုင်ငံတော်ကိုကာကွယ်ဖို့ပဲ။ နိုင်ငံတော်ကိုကာကွယ်ဖို့ရာမှာ နိုင်ငံသားအားလုံးမှာလည်း တာဝန်ရှိပါတယ်။ အခုမြောက်ပိုင်း ၃ ဖွဲ့ပစ်ခတ်တိုက်ခိုက်မှုကို ကြည့်ရင် ဘယ်သူတွေကိုဦးတည်တိုက်ခိုက်လဲသိသာပါတယ်။ ကျွန်တော်တို့ တပ်မတော်နည်းပညာတက္ကသိုလ်ကျောင်းနဲ့ တပ်ရင်းကိုပစ်တဲ့ဖြစ်စဉ် ၂ခုပဲရှိတယ်။ ကျန်တာ ပြည်သူလူထုအသုံးပြုနေတဲ့လမ်းပိုင်းကို တိုက်ခိုက်တယ်။အစိုးရရဲ့မူးယစ်ဆေးဝါးရှာဖွေစက်ရှိတဲ့နေရာကိုတိုက်ခိုက်တယ်။ ဒါကသေချာကြည့်ရင် သိနိုင်ပါတယ်’’ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးကော်မတီမှအတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။

တိုက်ပွဲများဖြစ်ပွားရခြင်းမှာ ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် မူးယစ်ဆေးဝါးထုတ်လုပ်နေသော စခန်းများကို ဖမ်းဆီးအရေးယူခြင်းကြောင့်ဖြစ်ကြောင်း တပ်မတော်ဘက်မှထုတ်ပြန်ထားပြီး မြောက်ပိုင်း ၃ ဖွဲ့ကမူ တပ်မတော်၏ထိုးစစ်ကြောင့် ပြန်လည်ချေပခြင်းဖြစ်ကြောင်း အပြန်အလှန်ပြောဆိုမှုများရှိထားသည်။

မင်းသီဟန်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။