Skip to main content
ကခ်င္ခရစ္ယာန္ဆရာေတာ္အား တပ္မေတာ္ဘက္မွတရားစြဲဆိုထားမႈကို ျပန္လည္ရုပ္သိမ္း
Ads Block

ကခ်င္ခရစ္ယာန္ဆရာေတာ္အား တပ္မေတာ္ဘက္မွတရားစြဲဆိုထားမႈကို ျပန္လည္ရုပ္သိမ္း

ခရစ္ယာန္မ်ားအေပၚဖိႏွိပ္ေၾကာင္း အေမရိကန္သမၼတေဒၚနယ္ထရမ့္ႏွင့္ေတြ႕ဆံုစဥ္ ေျပာၾကားခဲ့သည့္ ကခ်င္ႏွစ္ျခင္းခရစ္ယာန္အဖြဲ႕ခ်ဳပ္(KBC)ဥကၠ႒ ေဒါက္တာခလန္ဆမ္ဆြန္အား အေရးယူရန္ တိုင္ၾကားထားမႈကို တပ္မေတာ္က ျပန္လည္ရုပ္သိမ္းေပးခဲ့ေၾကာင္း သိရသည္။

 

ကခ်င္ခရစ္ယာန္ဆရာေတာ္အား တပ္မေတာ္ဘက္မွတရားစြဲဆိုထားမႈကို ျပန္လည္ရုပ္သိမ္း

အဆိုပါအမႈႏွင့္ပတ္သက္၍ ျမစ္ႀကီးနားၿမိဳ႕နယ္တရားရံုးတြင္ ယေန႔(စက္တင္ဘာလ ၉ ရက္)ရံုးခ်ိန္း၌ အမႈေက်ေအးေပးပါရန္ တရားလိုဘက္မွရုပ္သိမ္းခြင့္ေလွ်ာက္ထားလာသျဖင့္ ရာဇ၀တ္က်င့္ထံုးဥပေဒပုဒ္မ - ၃၄၅(၂)အရ ေက်ေအးခြင့္ျပဳၿပီးပုဒ္မ - ၃၄၅(၆)အရ ေဒါက္တာခလန္ဆမ္ဆြန္အား အမႈမွအၿပီးျပတ္လႊတ္ေပးလိုက္ျခင္း ျဖစ္သည္။

“ အေမရိကန္သမၼတနဲ႔ အိမ္ျဖဴေတာ္မွာေတြ႔ဆံုခဲ့ခ်ိန္တုန္းက ကြ်န္ေတာ့္ရဲ႕ေျပာဆိုမႈနဲ႔ပတ္သက္ၿပီးေတာ့ အေရးယူေပးဖို႔ ၿပီးခဲ့တဲ့လ ၂၆ ရက္ေန႔ကတိုင္ၾကားခဲ့တာေပါ့။ဒါေပမဲ့ ဒီေန႔(စက္တင္ဘာလ ၉ ရက္)မွာပဲ တပ္မေတာ္ဘက္က ျပန္လည္ရုပ္သိမ္းဖို႔ေလွ်ာက္ထားပါတယ္။ အဲဒါကိုအခုတရားရံုးဘက္ကလည္း လက္ခံလိုက္ပါတယ္။တိုင္ၾကားခဲ့စဥ္တုန္းက ဘယ္လိုပုဒ္မမ်ိဳးနဲ႔ဖြင့္လွစ္ထားသလဲဆိုတာေတြမရွိေသးဘူး။ ဥပေဒအရအေရးယူေပးဖို႔ဆိုတာပဲပါတယ္။ပုဒ္မတပ္ထားတာမရွိေသးဘူး။အခုေတာ့ ရုပ္သိမ္းလိုက္တယ္ဆိုေတာ့ ၿပီးသြားၿပီေပါ့” ဟု ကခ်င္ႏွစ္ျခင္းခရစ္ယာန္အဖြဲ႕ခ်ဳပ္(KBC)ဥကၠ႒ ေဒါက္တာခလန္ဆမ္ဆြန္က အကုန္သိသတင္းဌာနသို႔ ေျပာသည္။

ျဖစ္စဥ္မွာ အေမရိကန္ႏိုင္ငံ၊ အိမ္ျဖဴေတာ္တြင္ ၿပီးခဲ့သည့္ ၂၀၁၉ ခုႏွစ္၊ ဇူလိုင္လ ၇ ရက္ကက်င္းပခဲ့သည့္ သမၼတ ေဒၚနယ္ထရမ့္ႏွင့္ ႏိုင္ငံတကာမွဘာသာေရးေခါင္းေဆာင္မ်ားေတြ႕ဆုံပြဲတြင္ ကခ်င္ႏွစ္ျခင္းခရစ္ယာန္ အဖြဲ႕ခ်ဳပ္(KBC)ဥကၠ႒ ေဒါက္တာခလန္ဆမ္ဆြန္က ခရစ္ယာန္မ်ားမွာ ျမန္မာအစိုးရစစ္တပ္၏ ဖိႏွိပ္ခ်ဳပ္ခ်ယ္မႈမ်ား ခံေနရေၾကာင္း၊ ဘာသာေရးလြတ္လပ္မႈမ႐ွိေၾကာင္းစသည္ျဖင့္ ေျပာဆုိခဲ့သည္။

ယင္းကဲ့သို႔ ေျပာၾကားခဲ့မႈႏွင့္ပတ္သက္ၿပီး  ေျမာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္မွ ဒုတိယဗိုလ္မွဴးႀကီး သန္းထိုက္က တရားလိုလုပ္ကာ ျမစ္ႀကီးနားၿမိဳ႕နယ္တရား႐ုံးသို႔ ရာဇဝတ္က်င့္ထုံးဥပေဒပုဒ္မ-(၂၀၀) အရ ၂၀၁၉ ခုႏွစ္၊ ၾသဂုတ္လအတြင္း ဦးတိုက္ေလၽွာက္ထားတရားစြဲဆိုခဲ့ျခင္းျဖစ္သည္။

Photo – KBCအသင္းေတာ္

ဒါးဇ(အကုန္သိသတင္းဌာန)

Unicode Version

 

ကချင်ခရစ်ယာန်ဆရာတော်အား တပ်မတော်ဘက်မှတရားစွဲဆိုထားမှုကို ပြန်လည်ရုပ်သိမ်း

ခရစ်ယာန်များအပေါ်ဖိနှိပ်ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည့် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC)ဥက္ကဋ္ဌ ဒေါက်တာခလန်ဆမ်ဆွန်အား အရေးယူရန် တိုင်ကြားထားမှုကို တပ်မတော်က ပြန်လည်ရုပ်သိမ်းပေးခဲ့ကြောင်း သိရသည်။

အဆိုပါအမှုနှင့်ပတ်သက်၍ မြစ်ကြီးနားမြို့နယ်တရားရုံးတွင် ယနေ့(စက်တင်ဘာလ ၉ ရက်)ရုံးချိန်း၌ အမှုကျေအေးပေးပါရန် တရားလိုဘက်မှရုပ်သိမ်းခွင့်လျှောက်ထားလာသဖြင့် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ - ၃၄၅(၂)အရ ကျေအေးခွင့်ပြုပြီးပုဒ်မ - ၃၄၅(၆)အရ ဒေါက်တာခလန်ဆမ်ဆွန်အား အမှုမှအပြီးပြတ်လွှတ်ပေးလိုက်ခြင်း ဖြစ်သည်။

“ အမေရိကန်သမ္မတနဲ့ အိမ်ဖြူတော်မှာတွေ့ဆုံခဲ့ချိန်တုန်းက ကျွန်တော့်ရဲ့ပြောဆိုမှုနဲ့ပတ်သက်ပြီးတော့ အရေးယူပေးဖို့ ပြီးခဲ့တဲ့လ ၂၆ ရက်နေ့ကတိုင်ကြားခဲ့တာပေါ့။ဒါပေမဲ့ ဒီနေ့(စက်တင်ဘာလ ၉ ရက်)မှာပဲ တပ်မတော်ဘက်က ပြန်လည်ရုပ်သိမ်းဖို့လျှောက်ထားပါတယ်။ အဲဒါကိုအခုတရားရုံးဘက်ကလည်း လက်ခံလိုက်ပါတယ်။တိုင်ကြားခဲ့စဉ်တုန်းက ဘယ်လိုပုဒ်မမျိုးနဲ့ဖွင့်လှစ်ထားသလဲဆိုတာတွေမရှိသေးဘူး။ ဥပဒေအရအရေးယူပေးဖို့ဆိုတာပဲပါတယ်။ပုဒ်မတပ်ထားတာမရှိသေးဘူး။အခုတော့ ရုပ်သိမ်းလိုက်တယ်ဆိုတော့ ပြီးသွားပြီပေါ့” ဟု ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC)ဥက္ကဋ္ဌ ဒေါက်တာခလန်ဆမ်ဆွန်က အကုန်သိသတင်းဌာနသို့ ပြောသည်။

ဖြစ်စဉ်မှာ အမေရိကန်နိုင်ငံ၊ အိမ်ဖြူတော်တွင် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၇ ရက်ကကျင်းပခဲ့သည့် သမ္မတ ဒေါ်နယ်ထရမ့်နှင့် နိုင်ငံတကာမှဘာသာရေးခေါင်းဆောင်များတွေ့ဆုံပွဲတွင် ကချင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ်(KBC)ဥက္ကဋ္ဌ ဒေါက်တာခလန်ဆမ်ဆွန်က ခရစ်ယာန်များမှာ မြန်မာအစိုးရစစ်တပ်၏ ဖိနှိပ်ချုပ်ချယ်မှုများ ခံနေရကြောင်း၊ ဘာသာရေးလွတ်လပ်မှုမရှိကြောင်းစသည်ဖြင့် ပြောဆိုခဲ့သည်။

ယင်းကဲ့သို့ ပြောကြားခဲ့မှုနှင့်ပတ်သက်ပြီး  မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီး သန်းထိုက်က တရားလိုလုပ်ကာ မြစ်ကြီးနားမြို့နယ်တရားရုံးသို့ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ-(၂၀၀) အရ ၂၀၁၉ ခုနှစ်၊ သြဂုတ်လအတွင်း ဦးတိုက်လျှောက်ထားတရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

Photo – KBCအသင်းတော်

ဒါးဇ(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။