Skip to main content
ရႊံ႕ကန္ထဲ နစ္ေနေသာ ဆင္မႀကီးတစ္ေကာင္အား ၈နာရီၾကာ ကယ္ဆယ္ေပးခဲ့ရ
Ads Block

ရႊံ႕ကန္ထဲ နစ္ေနေသာ ဆင္မႀကီးတစ္ေကာင္အား ၈နာရီၾကာ ကယ္ဆယ္ေပးခဲ့ရ

ထုိင္းႏုိင္ငံတြင္ ရႊံ႕ကန္ထဲနစ္ေနေသာ ေတာင္ဆင္ရိုင္းတစ္ေကာင္အား သစ္ေတာဥယ်ာဥ္၀န္ထမ္းမ်ားက အခ်ိန္ ၈ နာရီေက်ာ္ၾကာ ကယ္ဆယ္ေရးလုပ္ကာ ေအာင္ျမင္စြာကယ္ဆယ္ေပးႏုိင္ခဲ့ေၾကာင္း သိရသည္။        

          ဖူဖန္ခရုိင္အမ်ိဳးသားဥယ်ာဥ္မွ ၀န္ထမ္း အေယာက္၃၀ နွင့္အတူ ေဒသခံမ်ားအကူအညီျဖင့္ အသက္ ၄၉ နွစ္ရွိ ဆင္မႀကီး Nimnuan အား တနဂၤေႏြေန႕ မနက္ ၁၁ နာရီတြင္ ႀကိဳးျဖင့္ဆြဲတင္နိုင္ခဲ့ၾကၿပီးေနာက္ ည ၇ နာရီတြင္ ေတာထဲသို႕ျပန္လႊတ္ေပးခဲ့ၾကသည္။

          အဆိုပါကယ္ဆယ္ေရးေဆာင္ရြက္ရာတြင္ ရႊံ႕ကန္လမ္းေၾကာင္းတစ္ေလွ်ာက္မွ ထိုဆင္မႀကီးအား ဆြဲတင္ခဲ့ၾကသည္ျဖစ္ရာ ပြန္းပဲ့ဒဏ္ရာမ်ားစြာရရွိခဲ့ေသာေၾကာင့္ Nimnuan အား အနားေပးရန္ ဆကြန္နာခြန္ အုပ္ခ်ဳပ္ေရးမွဴးက ေျပာဆုိခဲ့သည္။

Nimnuan ရႊံ႕ကန္ထဲနစ္ေနသည္ကုိ တနဂၤေႏြေန႕မနက္ပုိင္းက ေတြ႕ရွိခဲ့ၾကျခင္းျဖစ္သည္။ ၀န္ထမ္းမ်ားနွင့္ ေဒသခံမ်ားေျပာခ်က္အရ Nimnuan သည္ ဖူဖန္ေတာင္ေပၚမွအစာရွာဆင္းလာစဥ္ ရႊံ႕ထဲနင္းမိရာမွ သူ၏ ခႏၶာကိုယ္အေလးခ်ိန္ေၾကာင့္ ျပန္မတက္နိုင္ေတာ့ဘဲ နစ္ခဲ့ျခင္းျဖစ္မည္ဟု ဆုိၾကသည္။

ဆင္မ်ားကုိ သစ္ေတာမ်ားအတြင္း ျပန္လႊတ္ေပးရမည္ဆုိသည့္ ဘုရင္မႀကီး သီရိေခတ္၏ စီမံခ်က္အရ Nimnuam ကုိ၂၀၀၉-၂၀၁၀ ခုႏွစ္အၾကား ေတာထဲ လႊတ္ေပးထားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ဘန္ေကာက္ပုိ ့စ္

ခင္ေမဖူး (အကုန္သိ သတင္းဌာန)

Unicode Version

ရွှံ့ကန်ထဲ နစ်နေသော ဆင်မကြီးတစ်ကောင်အား ၈နာရီကြာ ကယ်ဆယ်ပေးခဲ့ရ

ထိုင်းနိုင်ငံတွင် ရွှံ့ကန်ထဲနစ်နေသော တောင်ဆင်ရိုင်းတစ်ကောင်အား သစ်တောဥယျာဉ်ဝန်ထမ်းများက အချိန် ၈ နာရီကျော်ကြာ ကယ်ဆယ်ရေးလုပ်ကာ အောင်မြင်စွာကယ်ဆယ်ပေးနိုင်ခဲ့ကြောင်း သိရသည်။        

          ဖူဖန်ခရိုင်အမျိုးသားဥယျာဉ်မှ ဝန်ထမ်း အယောက်၃၀ နှင့်အတူ ဒေသခံများအကူအညီဖြင့် အသက် ၄၉ နှစ်ရှိ ဆင်မကြီး Nimnuan အား တနင်္ဂနွေနေ့ မနက် ၁၁ နာရီတွင် ကြိုးဖြင့်ဆွဲတင်နိုင်ခဲ့ကြပြီးနောက် ည ၇ နာရီတွင် တောထဲသို့ပြန်လွှတ်ပေးခဲ့ကြသည်။

          အဆိုပါကယ်ဆယ်ရေးဆောင်ရွက်ရာတွင် ရွှံ့ကန်လမ်းကြောင်းတစ်လျှောက်မှ ထိုဆင်မကြီးအား ဆွဲတင်ခဲ့ကြသည်ဖြစ်ရာ ပွန်းပဲ့ဒဏ်ရာများစွာရရှိခဲ့သောကြောင့် Nimnuan အား အနားပေးရန် ဆကွန်နာခွန် အုပ်ချုပ်ရေးမှူးက ပြောဆိုခဲ့သည်။

Nimnuan ရွှံ့ကန်ထဲနစ်နေသည်ကို တနင်္ဂနွေနေ့မနက်ပိုင်းက တွေ့ရှိခဲ့ကြခြင်းဖြစ်သည်။ ဝန်ထမ်းများနှင့် ဒေသခံများပြောချက်အရ Nimnuan သည် ဖူဖန်တောင်ပေါ်မှအစာရှာဆင်းလာစဉ် ရွှံ့ထဲနင်းမိရာမှ သူ၏ ခန္ဓာကိုယ်အလေးချိန်ကြောင့် ပြန်မတက်နိုင်တော့ဘဲ နစ်ခဲ့ခြင်းဖြစ်မည်ဟု ဆိုကြသည်။

ဆင်များကို သစ်တောများအတွင်း ပြန်လွှတ်ပေးရမည်ဆိုသည့် ဘုရင်မကြီး သီရိခေတ်၏ စီမံချက်အရ Nimnuam ကို၂၀၀၉-၂၀၁၀ ခုနှစ်အကြား တောထဲ လွှတ်ပေးထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဘန်ကောက်ပို့စ်

ခင်မေဖူး (အကုန်သိ သတင်းဌာန)

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။