Skip to main content
Ads Block









BBC


Unicode Version

ဆယ်စုနှစ်တစ်ခုအတွင်း အပြင်းထန်ဆုံး မုန်တိုင်းအဖြစ် ဖာဇိုင်တိုင်ဖွန်း တိုကျိုကို ဝင်ရောက်တိုက်ခတ်၊ နေအိမ် ၉ သိန်းကျော် လျှပ်စစ်ဓါတ်အား ပြတ်တောက်


              ဂျပန်နိုင်ငံ တိုကျိုမြို့တော်အနီး တိုင်ဖွန်း ဖာဇိုင် ဝင်ရောက်တိုက်ခတ်ခဲ့တာကြောင့် နေအိမ် ၉ သိန်း ကျော် လျှပ်စစ်ဓါတ်အား ပြတ်တောက်ခဲ့ရကြောင်း သိရပါတယ်။

                  လေတိုက်နှုန်း တစ်နာရီ ၁၃၀ မိုင်နှုန်းနဲ့ တိုက်ခတ်တဲ့ ဖာဇိုင်ဟာ ဆယ်စုနှစ်တစ်ခုအတွင်း တိုကျိုမြို့တော်ကို တိုက်ခတ်ခဲ့သမျှတွေမှာ အင်အားအပြင်းဆုံး တိုင်ဖွန်းဖြစ်ခဲ့ပါတယ်။ လေကြောင်းခရီးစဉ် ၁၃၀ ကျော် ဖျက်သိမ်းခဲ့ရသလို မီရထားလိုင်းတွေလည်း နာရီများစွာကြာအောင် ရပ်ဆိုင်းထားခဲ့ရပြီး တနင်္လာ မနက်ပိုင်းမှာ ရုံးတက်ရုံးဆင်းသမားတွေ၊ ခရီးသည်တွေ ကမောက်ကမ ဖြစ်ခဲ့ပါတယ်။ တိုကျိုဧရိယာက လူဦးရေ ၉၁၀၀၀၀ လောက် လျှပ်စစ်ဓါတ်အားပြတ်တောက်မှု ကြုံခဲ့ရကြောင်း ဂျပန်နိုင်ငံပိုင် NHK သတင်းဌာနက ဖော်ပြပါတယ်။ ကန်နဂါဝါတစ်မြို့လုံး လျှပ်စစ်ဓါတ်အားပြတ်တောက်ခဲ့ပြီး နေအိမ်အပြင် မထွက်ကြဖို့ မြို့ခံတွေကို အာဏာပိုင်တွေက သတိပေးခဲ့ပါတယ်။ မုန်တိုင်းချဉ်းကပ်လာမှုကြောင့် လူဦးရေ ၃၉၀၀၀၀ ကျော်လောက်ရှိတဲ့ ကန်နဂါဝါ၊ ရှင်ဇူအိုကာနဲ့ တိုကျို စီရင်စုတွေမှာ မဖြစ်မနေ ဘေးလွတ်ရာ ရှောင်တိမ်းကြဖို့ သတိပေးချက်မျိုးတော့ ထုတ်ပြန်မထားပါဘူး။

              ဂျပန်နိုင်ငံမှာ ကမ္ဘာဖလား ရပ်ဂ်ဘီပြိုင်ပွဲလက်ခံကျင်းပဖို့ ပြင်ဆင်နေချိန် မုန်တိုင်းဝင်ရောက် ခဲ့တာဖြစ်ပါတယ်။ ယင်း ပြိုင်ပွဲအတွက် ပြည်ပခရီးသွား ၄၀၀၀၀၀ ကျော်လာရောက်မယ်လို့ ခန့်မှန်းထားတာပါ။

              ယခုအခါ တိုင်ဖွန်း ဖာဇိုင်ဟာ ပစိတ်ဖိတ်ဒေသဘက်ကို ပြန်လှည့်သွားပေမယ့် ဂျပန်မှာ ရေကြီးမှု၊ မြေပြိုမှု အန္တရာယ်ရှိနေဆဲဖြစ်ပါတယ်။

               ယခုသီတင်းပတ်အဆုံးပိုင်းက ကိုရီးယားကျွန်းဆွယ်မှာ လူ ၈ ဦး သေဆုံးခဲ့တဲ့ သီးခြား တိုင်ဖွန်း တစ်လုံး ဝင်ရောက်မွှေနှောက်ခဲ့အပြီး ဂျပန်မှာ အခုတိုင်ဖွန်းဝင်ရောက်လာတာဖြစ်ပါတယ်။ ကိုရီးကျွန်းဆွယ်မှာ ဝင်ရောက်ခဲ့တဲ့ Lingling မုန်တိုင်းကြောင့် လူ ၅ ဦးသေဆုံးကာ စိုက်ပျိုးမြေများစွာ ရေဖုံးလွှမ်းခဲ့ကြောင်း မြောက်ကိုရီးယား က တနင်္ဂနွေနေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။ 

BBC

ကိုလင်း (အကုန်သိ သတင်းဌာန)

အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။