Skip to main content
ဝင္းႏွင့္ေဇာ္တို႔လြတ္ေျမာက္ေရးအတြက္ ၿငိမ္းခ်မ္းစြာဆုေတာင္းျခင္းမ်ိဳးကိုသာ လုပ္ေဆာင္သင့္ဟု ဆုိ
Ads Block

ဝင္းႏွင့္ေဇာ္တို႔လြတ္ေျမာက္ေရးအတြက္ ၿငိမ္းခ်မ္းစြာဆုေတာင္းျခင္းမ်ိဳးကိုသာ လုပ္ေဆာင္သင့္ဟု ဆုိ

ဝင္းႏွင့္ေဇာ္လြတ္ေျမာက္ေရးအတြက္ဆႏၵျပေတာင္းဆုိျခင္းမ်ိဳးမဟုတ္ဘဲ ၿငိမ္းခ်မ္းစြာဆုေတာင္းျခင္းမ်ိဳးကိုသာ လုပ္ေဆာင္ေစခ်င္ေၾကာင္း ထုိင္းအလုပ္သမားအေရးေဆာင္ရြက္ေပးေနသူ ဦးထူးခ်စ္က ေျပာသည္။

ဝင္းႏွင့္ေဇာ္တို႔လြတ္ေျမာက္ေရးအတြက္ ၿငိမ္းခ်မ္းစြာဆုေတာင္းျခင္းမ်ိဳးကိုသာ လုပ္ေဆာင္သင့္ဟု ဆုိ

 

ေသဒဏ္ခ်ခံေနရသည့္ ကိုေဇာ္လင္းႏွင့္ ကိုဝင္းေဇာ္ထြန္းတုိ႔လြတ္ေျမာက္ေရးအတြက္ ယခင္ႏွစ္မ်ားက ထုိင္းသံရုံးေရွ႕တြင္ဆႏၵျပမႈမ်ားလည္းရွိခဲ့ၿပီး ၂၀၁၉ ခုႏွစ္၊ စက္တင္ဘာလအတြင္းကလည္း ထုိင္းသံရုံးေရွ႕တြင္ ေမတၱာပို႔ဆုေတာင္းရန္ ေလွ်ာက္ထားမႈမ်ားရွိခဲ့သည္။

“ ဆူဆူပူပူနဲ႔ သံရုံးေရွ႕ဆႏၵျပတာေတြမလုပ္သင့္ဘူး။ ၿငိမ္းၿငိမ္းခ်မ္းခ်မ္းနဲ႔ ဆုေတာင္းေမတၱာပို႔တာမ်ိဳးေတြ လုပ္သင့္တယ္။ အခုကိစၥက ကေလးႏွစ္ေယာက္ရဲ႕အသက္ျဖစ္သလုိ ျမန္မာႏုိင္ငံရဲ႕ဂုဏ္သိကၡာလည္းျဖစ္တယ္” ဟု ထုိင္းအလုပ္သမားအေရးေဆာင္ရြက္ေပးေနသူ ဦးထူးခ်စ္က ေျပာသည္။

ေသဒဏ္ခ်ခံထားရသည့္ကိုေဇာ္လင္းႏွင့္ ကိုဝင္းေဇာ္ထြန္းတုိ႔ လြတ္ေျမာက္ေရးအတြက္ ၿပီးခဲ့ေသာ စက္တင္ဘာလ ၂ ရက္က ရန္ကုန္ၿမိဳ႕ေတာ္ခန္းမေရွ႕တြင္ ေမတၱာပို႔၊ဆုေတာင္းမႈမ်ားျပဳလုပ္ၿပီး ေကာ့ေသာင္းၿမိဳ႕တြင္လည္း ၿငိမ္းခ်မ္းစြာဆုေတာင္းေမတၱာပို႔သမႈမ်ားျပဳလုပ္ခဲ့ၾကသည္။

“ ၿငိမ္းၿငိမ္းခ်မ္းခ်မ္းနဲ႔ ဆုေတာင္းတာေတြကပိုေကာင္းမယ္။ ဘာျဖစ္လုိ႔ပိုေကာင္းတာလဲဆုိေတာ့ ထုိင္းဘက္ကမီဒီယာေတြကလည္းေစာင့္ၾကည့္ေနၾကတာဆုိေတာ့ ျမန္မာဘက္မွာ ဒီကိစၥကို စိတ္အားထက္သန္ေနတယ္။ လႈပ္ရွားမႈေတြရွိတယ္ဆုိတာမ်ိဳးလုပ္တာက ထုိင္းမီဒီယာေတြလည္း သိသြားၿပီးေတာ့ ထုိင္းႏုိင္ငံအေနနဲ႔ သတိထားမိမယ္။ ကၽြန္ေတာ္တုိ႔အေနနဲ႔ ဒီကိစၥကိုမေက်နပ္ဘူး။ ထုိင္းႏုိင္ငံကိုေစာ္ကားျခင္းမရွိဘဲနဲ႔ လႈပ္ရွားမႈေလးေတြမ်ားမ်ားလုပ္ေပးႏုိင္ရန္ ထုိင္းဘက္ကတစ္မ်ိဳး ျပန္ေတြးေကာင္းေတြးလာႏုိင္တယ္” ဟုထုိင္းႏုိင္ငံေရာက္ျမန္မာအေရးလႈပ္ရွားလႈပ္ရွားသူ ကိုရဲမင္းက ေျပာသည္။

လက္ရွိတြင္ လိပ္ကၽြန္းလူသတ္မႈႏွင့္ပတ္သက္၍ ဝင္းႏွင့္ေဇာ္လြတ္ေျမာက္ေရးအတြက္ ေနာက္ဆံုးအခြင့္အေရး ျဖစ္သည့္ ထုိင္းဘုရင္းမင္းျမတ္ထံအသနားခံရန္သာက်န္ရွိေတာ့ၿပီး ျမန္မာအစုိးရအေနျဖင့္ အသနားခံစာတင္ရန္ စီစဥ္ေဆာင္ရြက္ေနေၾကာင္းသိရသည္။

ခ်မ္းၿငိမ္း(အကုန္သိသတင္းဌာန)

Unicode Version

 

ဝင်းနှင့်ဇော်တို့လွတ်မြောက်ရေးအတွက် ငြိမ်းချမ်းစွာဆုတောင်းခြင်းမျိုးကိုသာ လုပ်ဆောင်သင့်ဟု ဆို

ဝင်းနှင့်ဇော်လွတ်မြောက်ရေးအတွက်ဆန္ဒပြတောင်းဆိုခြင်းမျိုးမဟုတ်ဘဲ ငြိမ်းချမ်းစွာဆုတောင်းခြင်းမျိုးကိုသာ လုပ်ဆောင်စေချင်ကြောင်း ထိုင်းအလုပ်သမားအရေးဆောင်ရွက်ပေးနေသူ ဦးထူးချစ်က ပြောသည်။

သေဒဏ်ချခံနေရသည့် ကိုဇော်လင်းနှင့် ကိုဝင်းဇော်ထွန်းတို့လွတ်မြောက်ရေးအတွက် ယခင်နှစ်များက ထိုင်းသံရုံးရှေ့တွင်ဆန္ဒပြမှုများလည်းရှိခဲ့ပြီး ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလအတွင်းကလည်း ထိုင်းသံရုံးရှေ့တွင် မေတ္တာပို့ဆုတောင်းရန် လျှောက်ထားမှုများရှိခဲ့သည်။

“ ဆူဆူပူပူနဲ့ သံရုံးရှေ့ဆန္ဒပြတာတွေမလုပ်သင့်ဘူး။ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဆုတောင်းမေတ္တာပို့တာမျိုးတွေ လုပ်သင့်တယ်။ အခုကိစ္စက ကလေးနှစ်ယောက်ရဲ့အသက်ဖြစ်သလို မြန်မာနိုင်ငံရဲ့ဂုဏ်သိက္ခာလည်းဖြစ်တယ်” ဟု ထိုင်းအလုပ်သမားအရေးဆောင်ရွက်ပေးနေသူ ဦးထူးချစ်က ပြောသည်။

သေဒဏ်ချခံထားရသည့်ကိုဇော်လင်းနှင့် ကိုဝင်းဇော်ထွန်းတို့ လွတ်မြောက်ရေးအတွက် ပြီးခဲ့သော စက်တင်ဘာလ ၂ ရက်က ရန်ကုန်မြို့တော်ခန်းမရှေ့တွင် မေတ္တာပို့၊ဆုတောင်းမှုများပြုလုပ်ပြီး ကော့သောင်းမြို့တွင်လည်း ငြိမ်းချမ်းစွာဆုတောင်းမေတ္တာပို့သမှုများပြုလုပ်ခဲ့ကြသည်။

“ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဆုတောင်းတာတွေကပိုကောင်းမယ်။ ဘာဖြစ်လို့ပိုကောင်းတာလဲဆိုတော့ ထိုင်းဘက်ကမီဒီယာတွေကလည်းစောင့်ကြည့်နေကြတာဆိုတော့ မြန်မာဘက်မှာ ဒီကိစ္စကို စိတ်အားထက်သန်နေတယ်။ လှုပ်ရှားမှုတွေရှိတယ်ဆိုတာမျိုးလုပ်တာက ထိုင်းမီဒီယာတွေလည်း သိသွားပြီးတော့ ထိုင်းနိုင်ငံအနေနဲ့ သတိထားမိမယ်။ ကျွန်တော်တို့အနေနဲ့ ဒီကိစ္စကိုမကျေနပ်ဘူး။ ထိုင်းနိုင်ငံကိုစော်ကားခြင်းမရှိဘဲနဲ့ လှုပ်ရှားမှုလေးတွေများများလုပ်ပေးနိုင်ရန် ထိုင်းဘက်ကတစ်မျိုး ပြန်တွေးကောင်းတွေးလာနိုင်တယ်” ဟုထိုင်းနိုင်ငံရောက်မြန်မာအရေးလှုပ်ရှားလှုပ်ရှားသူ ကိုရဲမင်းက ပြောသည်။

လက်ရှိတွင် လိပ်ကျွန်းလူသတ်မှုနှင့်ပတ်သက်၍ ဝင်းနှင့်ဇော်လွတ်မြောက်ရေးအတွက် နောက်ဆုံးအခွင့်အရေး ဖြစ်သည့် ထိုင်းဘုရင်းမင်းမြတ်ထံအသနားခံရန်သာကျန်ရှိတော့ပြီး မြန်မာအစိုးရအနေဖြင့် အသနားခံစာတင်ရန် စီစဉ်ဆောင်ရွက်နေကြောင်းသိရသည်။

ချမ်းငြိမ်း(အကုန်သိသတင်းဌာန)

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။