Skip to main content
Ads Block





<<<< Unicode Version >>>>

မြဝတီမြို့တွင် ဝါယာရှော့ခ်ဖြစ်ကာ နေအိမ်၆လုံး မီးလောင်

မီးပူတိုက်နေရာက ဝါယာကြိုးရှော့ခ်ဖြစ်ပြီး နေအိမ်၆လုံး မီးလောင်ကျွမ်းခဲ့တဲ့ဖြစ်စဉ်တစ်ခု မြဝတီမြို့မှာ စက်တင်ဘာလ ၉ ရက်၊ နံနက်ပိုင်းက ဖြစ်ပွားခဲ့ပါတယ်။

ဖြစ်စဉ်ကတော့  နံနက်ပိုင်း(၉) နာရီခွဲအချိန်က မြဝတီမြို့မှာနေထိုင်တဲ့ မစိုးစိုးထွေးဆိုသူက နေအိမ်မှာ အဝတ်တွေ မီးပူတိုက်ရာကနေ မီးပလပ်ခုံမှ တစ်ဆင့် ဝါယာကြိုးရှော့ခ်ဖြစ်ပြီး နေအိမ်ကိုပါ မီးလောင်ကျွမ်းခဲ့တာပါ။ အဲဒီကနေတစ်ဆင့် အိမ်နံဘေးက နေအိမ် ၅ လုံးကိုပါ မီးကူးစက်လောင်ကျွမ်းသွားခဲ့တာလို့ သိရပါတယ်။

ရိုက်ကူး- ကိုကိုကြီး (မြဝတီ)                                         တည်းဖြတ်- သူရိန်

အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။