Skip to main content
အဂတိမႈျဖင့္တရားစြဲဆိုခံထားရေသာ BPI စက္ရံုမွဴးရံုးခ်ိန္းတြင္ စက္ရံု၀န္ထမ္းမ်ား လာေရာက္၀န္းရံ
Ads Block

အဂတိမႈျဖင့္တရားစြဲဆိုခံထားရေသာ BPI စက္ရံုမွဴးရံုးခ်ိန္းတြင္ စက္ရံု၀န္ထမ္းမ်ား လာေရာက္၀န္းရံ

အဂတိလိုက္စားမႈတိုက္ဖ်က္ေရးဥပေဒျဖင့္ အမႈဖြင့္ခံထားရေသာ BPI စက္႐ုံမွဴးကုိယေန႔( စက္တင္ဘာလ ၉ ရက္)တြင္ ရုံးထုတ္ခ်ိန္၌ စက္ရံု၀န္ထမ္းမ်ားက လာေရာက္၀န္းရံခဲ့ၾကေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ေဆးဝါးထုပ္ပိုးပစၥည္းမ်ားထုတ္လုပ္ရန္ ေကာ္ေစ့ ၂၆ တန္ကိုလုပ္ထုံးလုပ္နည္းႏွင့္မညီဘဲ ၀ယ္ယူခဲ့ေသာေၾကာင့္ ႏိုင္ငံေတာ္၏ ေငြေၾကးႏွင့္ပစၥည္းကိုထိခိုက္နစ္နာဆုံးရႈံးေစသည့္အတြက္ဟု ဆုိကာ စက္တင္ဘာလ ၆ ရက္က BPI စက္ရံုမွဴး ေဒါက္တာေအာင္ေဇာ္အား အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးဥပေဒပုဒ္မ ၅၆ ျဖင့္ အမႈဖြင့္ခဲ့ျခင္းျဖစ္သည္။

အဆိုပါအမႈႏွင့္ပတ္သက္ၿပီး ယေန႔( စက္တင္ဘာလ ၉ ရက္)က BPI စက္ရံုမွဴး ေဒါက္တာေအာင္ေဇာ္အား အင္းစိန္ၿမိဳ႕နယ္တရားရံုး၌ ရံုးထုတ္ခဲ့ျခင္းျဖစ္သည္။

ယင္းကဲ့သို႔ရံုးထုတ္ခ်ိန္၌ စက္ရုံအလုပ္သမားမ်ားမွ ၄င္းတုိ႔စက္ရုံမွဴး၏ ကုိယ္က်င့္တရားကုိ ယုံၾကည္သည္ဟုဆုိကာ လာေရာက္၀န္းရံခဲ့ၾကျခင္းျဖစ္ေၾကာင္း သိရသည္။

ယေန႔ရံုးထုတ္ရာတြင္ရမန္ယူခဲ့ျခင္းျဖစ္ၿပီး လာမည့္ စက္တင္ဘာလ ၁၉ ရက္သို႔ ျပန္လည္ရမန္ေပးခဲ့ေၾကာင္း သိရသည္။

ဓာတ္ပုံ- BPI Facebook Page

ရဲေက်ာ္ထက္(အကုန္သိသတင္းဌာန) 

 

Unicode Version

အဂတိမှုဖြင့်တရားစွဲဆိုခံထားရသော BPI စက်ရုံမှူးရုံးချိန်းတွင် စက်ရုံဝန်ထမ်းများ လာရောက်ဝန်းရံ

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်ခံထားရသော BPI စက်ရုံမှူးကိုယနေ့( စက်တင်ဘာလ ၉ ရက်)တွင် ရုံးထုတ်ချိန်၌ စက်ရုံဝန်ထမ်းများက လာရောက်ဝန်းရံခဲ့ကြကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဆေးဝါးထုပ်ပိုးပစ္စည်းများထုတ်လုပ်ရန် ကော်စေ့ ၂၆ တန်ကိုလုပ်ထုံးလုပ်နည်းနှင့်မညီဘဲ ဝယ်ယူခဲ့သောကြောင့် နိုင်ငံတော်၏ ငွေကြေးနှင့်ပစ္စည်းကိုထိခိုက်နစ်နာဆုံးရှုံးစေသည့်အတွက်ဟု ဆိုကာ စက်တင်ဘာလ ၆ ရက်က BPI စက်ရုံမှူး ဒေါက်တာအောင်ဇော်အား အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆ ဖြင့် အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

အဂတိမႈျဖင့္တရားစြဲဆိုခံထားရေသာ BPI စက္ရံုမွဴးရံုးခ်ိန္းတြင္ စက္ရံု၀န္ထမ္းမ်ား လာေရာက္၀န္းရံ

အဆိုပါအမှုနှင့်ပတ်သက်ပြီး ယနေ့( စက်တင်ဘာလ ၉ ရက်)က BPI စက်ရုံမှူး ဒေါက်တာအောင်ဇော်အား အင်းစိန်မြို့နယ်တရားရုံး၌ ရုံးထုတ်ခဲ့ခြင်းဖြစ်သည်။

ယင်းကဲ့သို့ရုံးထုတ်ချိန်၌ စက်ရုံအလုပ်သမားများမှ ၎င်းတို့စက်ရုံမှူး၏ ကိုယ်ကျင့်တရားကို ယုံကြည်သည်ဟုဆိုကာ လာရောက်ဝန်းရံခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ယနေ့ရုံးထုတ်ရာတွင်ရမန်ယူခဲ့ခြင်းဖြစ်ပြီး လာမည့် စက်တင်ဘာလ ၁၉ ရက်သို့ ပြန်လည်ရမန်ပေးခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ- BPI Facebook Page

ရဲကျော်ထက်(အကုန်သိသတင်းဌာန) 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။