Skip to main content
ဖိလစ္ပုိင္ေတာင္ပုိင္းမွာ ဗုံးေပါက္ကြဲမႈျဖစ္ပြားခဲ့ကာ အမ်ဳိးသမီး အေသခံဗုံးခြဲသမားဟု ယူဆရသူ ေသဆုံး
Ads Block

ဖိလစ္ပုိင္ေတာင္ပုိင္းမွာ ဗုံးေပါက္ကြဲမႈျဖစ္ပြားခဲ့ကာ အမ်ဳိးသမီး အေသခံဗုံးခြဲသမားဟု ယူဆရသူ ေသဆုံး

            ဖိလစ္ပုိင္ႏုိင္ငံ ေတာင္ပုိင္းက စစ္တပ္ တပ္စုတစ္ခုအနီးမွာ တနဂၤေႏြေန ့က ဗုံးေပါက္ကြဲမႈျဖစ္ပြားခဲ့ၿပီး အေသခံဗုံးခြဲသမားလုိ ့ ယူဆရတဲ့ အမ်ဳိးသမီးတစ္ဦး ေသဆုံးခဲ့ေပမယ့္ အျခား ထိခုိက္ေသဆုံးသူေတာ့ မရွိခဲ့ဘူးလုိ ့ စစ္တပ္က ေျပာဆုိပါတယ္။

              ယခုျဖစ္စဥ္ကုိ ဗုံးခြဲတုိက္ခုိက္မႈလုိ ့ အတည္ျပဳႏုိင္ရင္ ဒါဟာ မတည္ၿငိမ္တဲ့ ဖိလစ္ပုိင္ေတာင္ပုိင္းမွာ ၁၄ လအတြင္း ေလးႀကိမ္ေျမာက္ျဖစ္ပြားတဲ့ အေသခံဗုံးခြဲမႈျဖစ္ကာ မြတ္ဆလင္အမ်ားစုေနထုိင္တဲ့ ေတာင္ပုိင္းေဒသမွာ အုိင္အက္စ္ရဲ႕ ၾသဇာလႊမ္းလာမႈအေပၚ စုိးရိမ္မႈေတြ ထပ္တုိးလာႏုိင္ပါတယ္။

            ဆူလူကၽြန္းေပၚက အင္ဒါနန္ၿမိဳ႕မွာ လုံၿခဳံေရးယူေနတဲ့ တပ္စုမွ စစ္သားေတြဟာ မြတ္ဆလင္၀တ္စုံ၀တ္ထားတဲ့ အမ်ဳိးသမီးတစ္ဦးရဲ႕ အသြင္သ႑ာန္အေပၚ မသကၤာတာေၾကာင့္ အကာအကြယ္ယူၾကဖုိ ့ ရဲေဘာ္ရဲဘက္ေတြကုိ သတိေပးခဲ့ၾကေၾကာင္း စစ္တပ္က ေျပာဆုိပါတယ္။ ယင္းေနာက္ သိပ္မၾကာခင္ ေပါက္ကြဲမႈျဖစ္ပြားခဲ့ပါတယ္။ ေပါက္ကြဲမႈဟာ အေသအေပ်ာက္ႀကီးမားႏုိင္ေလာက္ေအာင္ ျပင္းထန္ေပမယ့္ လုံၿခဳံေရးယူထားတဲ့ တပ္စု၀င္ေတြရဲ႕ သတိရွိရွိ လႈပ္ရွားမႈေၾကာင့္ သက္သာခဲ့ေၾကာင္း ေဒသဆုိင္ရာ အထူးတပ္ဖြဲ႕မွဴး ဗုိလ္မွဴးခ်ဳပ္ ေကာ္လက္တုိ ဗင္လူအမ္က ထုတ္ျပန္ခ်က္မွာ ေျပာဆုိခဲ့ပါတယ္။

             ယခု ဗုံးေပါက္ကြဲမႈနဲ႕ ပတ္သက္ၿပီး လတ္တေလာမွာ ဘယ္အဖြဲ႕ကမွ တာ၀န္ခံထုတ္ျပန္ျခင္းမရွိေသးေပမယ့္ အဘူေဆယက္သူပုန္အဖြဲ႕ရဲ႕ လက္ခ်က္ျဖစ္ႏုိင္ေၾကာင္း ဖိလစ္ပုိင္စစ္တပ္က ေျပာဆုိပါတယ္။

                 ဆူလူကၽြန္းဟာ အဘူေဆယက္အဖြဲ႕ ေျခကုပ္နယ္ေျမတစ္ခုျဖစ္ၿပီး ယင္း အစြန္းေရာက္အဖြဲ႕ဟာ အုိင္အက္စ္ကုိ သစၥာခံေၾကာင္း ကတိျပဳထားခဲ့ပါတယ္။ ယင္း အဖြဲ႕ဟာ ပင္လယ္ဓါးျပတုိက္ျခင္း၊ ျပန္ေပးဆြဲေငြညွစ္ျခင္းတုိ ့နဲ႕ နာမည္ဆုိးထြက္တဲ့ အဖြဲ႕ျဖစ္ပါတယ္။

            ဆူလ္တန္ ကူဒါရတ္ျပည္နယ္ ေစ်းတစ္ခုမွာ လူ ၈ ဦး ဒဏ္ရာရခဲ့တဲ့ ဗုံးေပါက္ကြဲမႈျဖစ္ခဲ့အၿပီး တစ္ရက္အၾကာမွာပဲ ယခုတုိက္ခုိက္မႈျဖစ္ပြားခဲ့တာပါ။ ယင္း ဗုံးေပါက္ကြဲမႈဟာ ၄င္းတုိ ့လက္ခ်က္ျဖစ္တယ္လုိ႕ အုိင္အက္စ္အဖြဲ႕က ထုတ္ျပန္ေပမယ့္ စစ္တပ္ စုံစမ္းစစ္ေဆးသူေတြကေတာ့ အုိင္အက္စ္နဲ႕ ပတ္သက္မႈမရွိဘူးလုိ ့ ပယ္ခ်ထားပါတယ္။ CNA

---ကုိလင္း(အကုန္သိ သတင္းဌာန)---

Unicode Version

 

ဖိလစ်ပိုင်တောင်ပိုင်းမှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကာ အမျိုးသမီး အသေခံဗုံးခွဲသမားဟု ယူဆရသူ သေဆုံး


            ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းက စစ်တပ် တပ်စုတစ်ခုအနီးမှာ တနင်္ဂနွေနေ့က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အသေခံဗုံးခွဲသမားလို့ ယူဆရတဲ့ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပေမယ့် အခြား ထိခိုက်သေဆုံးသူတော့ မရှိခဲ့ဘူးလို့ စစ်တပ်က ပြောဆိုပါတယ်။

              ယခုဖြစ်စဉ်ကို ဗုံးခွဲတိုက်ခိုက်မှုလို့ အတည်ပြုနိုင်ရင် ဒါဟာ မတည်ငြိမ်တဲ့ ဖိလစ်ပိုင်တောင်ပိုင်းမှာ ၁၄ လအတွင်း လေးကြိမ်မြောက်ဖြစ်ပွားတဲ့ အသေခံဗုံးခွဲမှုဖြစ်ကာ မွတ်ဆလင်အများစုနေထိုင်တဲ့ တောင်ပိုင်းဒေသမှာ အိုင်အက်စ်ရဲ့ သြဇာလွှမ်းလာမှုအပေါ် စိုးရိမ်မှုတွေ ထပ်တိုးလာနိုင်ပါတယ်။

            ဆူလူကျွန်းပေါ်က အင်ဒါနန်မြို့မှာ လုံခြုံရေးယူနေတဲ့ တပ်စုမှ စစ်သားတွေဟာ မွတ်ဆလင်ဝတ်စုံဝတ်ထားတဲ့ အမျိုးသမီးတစ်ဦးရဲ့ အသွင်သဏ္ဍာန်အပေါ် မသင်္ကာတာကြောင့် အကာအကွယ်ယူကြဖို့ ရဲဘော်ရဲဘက်တွေကို သတိပေးခဲ့ကြကြောင်း စစ်တပ်က ပြောဆိုပါတယ်။ ယင်းနောက် သိပ်မကြာခင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။ ပေါက်ကွဲမှုဟာ အသေအပျောက်ကြီးမားနိုင်လောက်အောင် ပြင်းထန်ပေမယ့် လုံခြုံရေးယူထားတဲ့ တပ်စုဝင်တွေရဲ့ သတိရှိရှိ လှုပ်ရှားမှုကြောင့် သက်သာခဲ့ကြောင်း ဒေသဆိုင်ရာ အထူးတပ်ဖွဲ့မှူး ဗိုလ်မှူးချုပ် ကော်လက်တို ဗင်လူအမ်က ထုတ်ပြန်ချက်မှာ ပြောဆိုခဲ့ပါတယ်။

             ယခု ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး လတ်တလောမှာ ဘယ်အဖွဲ့ကမှ တာဝန်ခံထုတ်ပြန်ခြင်းမရှိသေးပေမယ့် အဘူဆေယက်သူပုန်အဖွဲ့ရဲ့ လက်ချက်ဖြစ်နိုင်ကြောင်း ဖိလစ်ပိုင်စစ်တပ်က ပြောဆိုပါတယ်။

                 ဆူလူကျွန်းဟာ အဘူဆေယက်အဖွဲ့ ခြေကုပ်နယ်မြေတစ်ခုဖြစ်ပြီး ယင်း အစွန်းရောက်အဖွဲ့ဟာ အိုင်အက်စ်ကို သစ္စာခံကြောင်း ကတိပြုထားခဲ့ပါတယ်။ ယင်း အဖွဲ့ဟာ ပင်လယ်ဓါးပြတိုက်ခြင်း၊ ပြန်ပေးဆွဲငွေညှစ်ခြင်းတို့နဲ့ နာမည်ဆိုးထွက်တဲ့ အဖွဲ့ဖြစ်ပါတယ်။

            ဆူလ်တန် ကူဒါရတ်ပြည်နယ် ဈေးတစ်ခုမှာ လူ ၈ ဦး ဒဏ်ရာရခဲ့တဲ့ ဗုံးပေါက်ကွဲမှုဖြစ်ခဲ့အပြီး တစ်ရက်အကြာမှာပဲ ယခုတိုက်ခိုက်မှုဖြစ်ပွားခဲ့တာပါ။ ယင်း ဗုံးပေါက်ကွဲမှုဟာ ၎င်းတို့လက်ချက်ဖြစ်တယ်လို့ အိုင်အက်စ်အဖွဲ့က ထုတ်ပြန်ပေမယ့် စစ်တပ် စုံစမ်းစစ်ဆေးသူတွေကတော့ အိုင်အက်စ်နဲ့ ပတ်သက်မှုမရှိဘူးလို့ ပယ်ချထားပါတယ်။ CNA

---ကိုလင်း(အကုန်သိ သတင်းဌာန)---

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။