Skip to main content
jpoij
Ads Block

၁ လတာအပစ္ရပ္ဆိုင္းေၾကာင္း ေျမာက္ပိုင္း ၃ ဖြဲ႕မွ ထုတ္ျပန္ေၾကညာ

ေျမာက္ပုိင္းမဟာမိတ္ တုိင္းရင္းသားလက္နက္ကုိင္အဖြဲ႔ ၃ ဖြဲ႔မွ ၁ လတာအပစ္ရပ္ဆုိင္းေၾကာင္း ေၾကညာကာ အစိုးရအပါအ၀င္ တပ္မေတာ္ႏွင့္တရား၀င္ေတြ႕ဆံုေဆြးေႏြးလိုေၾကာင္း TNLA မွ ျပန္ၾကားေရးတာ၀န္ခံ တာဖုန္းေက်ာ္က ေျပာသည္။
အပစ္ရပ္ဆိုင္းေၾကာင္း ေၾကညာစာကို ယေန႔(စက္တင္ဘာလ ၉ ရက္) ရက္စြဲျဖင့္ထုတ္ျပန္ခဲ့ျခင္း ျဖစ္သည္။ 

kipijpij


“စက္တင္ဘာ ၉ ရက္ေန႔ကစၿပီး တစ္လတာရပ္ဆုိင္းလုိက္တာပါ။ အဲဒီေတာ့ ၾကားထဲမွာေဆြးေႏြးဖုိ႔က ေအာက္တုိဘာလဆန္းထဲခ်ိန္းထားတာရွိတယ္။အခ်ိန္နဲ႔ေနရာေတာ့မသိရေသးဘူး။ ေအာက္ေျခမွာေတာ့ ထုိးစစ္ကမေျပာင္းလဲပါဘူး။ ၿငိမ္းခ်မ္းေရးရဖုိ႔က ႏွစ္ဖက္မ်ားမ်ားေတြ႔ဆုံဖုိ႔လုိတယ္။ ေတြ႔ဆုံမႈကလည္း တုိးတက္ဖုိ႔လုိတယ္။ အဲဒီေတာ့အဆင္မေျပမႈေတြကဘာလဲဆုိတာ အခုကအစုိးရေရာ၊ တပ္မေတာ္ေရာ ႏွစ္ဖက္ တရား၀င္ေတြ႔ဆုံမႈမလုပ္ေသးေတာ့ ေျပာလုိ႔မရဘူး။ ေတြ႔မွေျပာလုိ႔ရမွာျဖစ္တယ္။ အဲဒီေတာ့ေဆြးေႏြးတာက ေဘာင္ထဲ၀င္ေအာင္ တစ္ဖက္ကသေဘာထားတင္းမာၿပီးေဆြးေႏြးရင္ေတာ့အဆင္ေျပမွာမဟုတ္ဘူး’’ ဟု TNLA မွ ျပန္ၾကားေရးတာ၀န္ခံ တာဖုန္းေက်ာ္က ေျပာသည္။

fdh


အဆိုပါထုတ္ျပန္ခ်က္အရ ကုိးကန္႔ ၊ တေအာင္း၊ ရခုိင္ ေျမာက္ပုိင္းလက္နက္ကုိင္အဖြဲ႔တုိ႔ကစက္တင္ဘာ ၉ ရက္မွ ေအာက္တုိဘာ ၈ ရက္အထိ တစ္ဖက္သတ္ တစ္လတာအပစ္အခတ္ရပ္စဲေၾကာင္း ေဖာ္ျပပါရွိသည္။ 
လက္ရွိတြင္ NCA အပစ္ရပ္လက္မွတ္ေရးထုိးၿပီးသည့္ တုိင္းရင္းသားလက္နက္ကုိင္အဖြဲ႔ ၁၀ ဖြဲ႔ရွိၿပီး က်န္ရွိေနေသာေျမာက္ပုိင္းတုိင္းရင္းသားလက္နက္ကုိင္အဖြဲ႔မ်ားမွာ AA ၊ TNLA ၊ MNDAA ၊ KIO ၊ SSPP ၊ KNPP စသည့္ အဖြဲ႔တုိ႔ျဖစ္သည္။

မင္းသီဟန္(အကုန္သိသတင္းဌာန)

Unicode Version

 

၁ လတာအပစ်ရပ်ဆိုင်းကြောင်း မြောက်ပိုင်း ၃ ဖွဲ့မှ ထုတ်ပြန်ကြေညာ
မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့မှ ၁ လတာအပစ်ရပ်ဆိုင်းကြောင်း ကြေညာကာ အစိုးရအပါအဝင် တပ်မတော်နှင့်တရားဝင်တွေ့ဆုံဆွေးနွေးလိုကြောင်း TNLA မှ ပြန်ကြားရေးတာဝန်ခံ တာဖုန်းကျော်က ပြောသည်။
အပစ်ရပ်ဆိုင်းကြောင်း ကြေညာစာကို ယနေ့(စက်တင်ဘာလ ၉ ရက်) ရက်စွဲဖြင့်ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ 
“စက်တင်ဘာ ၉ ရက်နေ့ကစပြီး တစ်လတာရပ်ဆိုင်းလိုက်တာပါ။ အဲဒီတော့ ကြားထဲမှာဆွေးနွေးဖို့က အောက်တိုဘာလဆန်းထဲချိန်းထားတာရှိတယ်။အချိန်နဲ့နေရာတော့မသိရသေးဘူး။ အောက်ခြေမှာတော့ ထိုးစစ်ကမပြောင်းလဲပါဘူး။ ငြိမ်းချမ်းရေးရဖို့က နှစ်ဖက်များများတွေ့ဆုံဖို့လိုတယ်။ တွေ့ဆုံမှုကလည်း တိုးတက်ဖို့လိုတယ်။ အဲဒီတော့အဆင်မပြေမှုတွေကဘာလဲဆိုတာ အခုကအစိုးရရော၊ တပ်မတော်ရော နှစ်ဖက် တရားဝင်တွေ့ဆုံမှုမလုပ်သေးတော့ ပြောလို့မရဘူး။ တွေ့မှပြောလို့ရမှာဖြစ်တယ်။ အဲဒီတော့ဆွေးနွေးတာက ဘောင်ထဲဝင်အောင် တစ်ဖက်ကသဘောထားတင်းမာပြီးဆွေးနွေးရင်တော့အဆင်ပြေမှာမဟုတ်ဘူး’’ ဟု TNLA မှ ပြန်ကြားရေးတာဝန်ခံ တာဖုန်းကျော်က ပြောသည်။
အဆိုပါထုတ်ပြန်ချက်အရ ကိုးကန့် ၊ တအောင်း၊ ရခိုင် မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့တို့ကစက်တင်ဘာ ၉ ရက်မှ အောက်တိုဘာ ၈ ရက်အထိ တစ်ဖက်သတ် တစ်လတာအပစ်အခတ်ရပ်စဲကြောင်း ဖော်ပြပါရှိသည်။ 
လက်ရှိတွင် NCA အပစ်ရပ်လက်မှတ်ရေးထိုးပြီးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့ရှိပြီး ကျန်ရှိနေသောမြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှာ AA ၊ TNLA ၊ MNDAA ၊ KIO ၊ SSPP ၊ KNPP စသည့် အဖွဲ့တို့ဖြစ်သည်။

- မင်းသီဟန်(အကုန်သိသတင်းဌာန)

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။