Skip to main content
မဟာဂီတ
Ads Block

မဟာဂီတ သီခ်င္းႀကီးမ်ားကုိ မထိၾကရန္ သတိေပး

မဟာဂီတ သီချင်းကြီးများကို မထိကြရန် မဟာဂီတသင်ကြားသူများကိုယ်စား ဒေါ်သန်းသန်းနွဲ့က ၂၀၁၉ ခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့အထိမ်းအမှတ်အခမ်းအနားမှတစ်ဆင့် သတိပေးပြောကြားလိုက်သည်။

မဟာဂီတ

ရန်ကုန်တက္ကသိုလ် ဝိဇ္ဇာခန်းမတွင် စက်တင်ဘာ ၈ ရက်က ကျင်းပသော ၂၀၁၉ ခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့အခမ်းအနားတွင် မဟာဂီတနှင့်ပတ်သက်၍ သင်ကြားပေးသူ ဒေါ်သန်းသန်းနွဲ့က ပြောကြားခဲ့ခြင်းဖြစ်သည်။ “ တစ်ခါတစ်လေ ဆန်းသစ်တယ်ဆိုပြီး တီးလုံးနဲ့တလွဲဆိုတယ်။ စာသားကလည်း ပြောင်းထားတယ်။ အဲဒီတော့ ပြည်ပမှာရှိနေတဲ့ ဒေါ်မာမာအေးက လှမ်းပြောတယ်။ သူက မနေနိုင်လို့  မဟာဂီတသမားတွေ မပြောတော့ဘူးလားဆိုတော့ ကျွန်မရယ်၊ အဆိုတော်ရီရီသန့်ရယ် အဲဒီ ဆိုခဲ့တဲ့ အဖွဲ့အစည်းရယ်ကို နှစ်ဘက်တွေ့ပါတယ်။ နောက် အဲဒီလိုမလုပ်ဖို့ရယ် ၊ မဟာဂီတကို မထိဖို့ရယ်ပါ။ မဟာဂီတက ထိလို့မရဘူး။ ဒါ ကျွန်မတို့ အစဉ်အဆက်ထိန်းသိမ်းလာခဲ့တဲ့ သီချင်းကြီးတွေပါ။ ဘာလို့လဲဆိုတော့ ဒီသီချင်းကြီးတွေဟာ ဆရာကနေ တပည့်ကို တိုက်ရိုက်နှုတ်နဲ့သင်ပြီး ထိန်းသိမ်းလာတာဖြစ်တဲ့အတွက် ကျွန်မကိုယ်တိုင်လည်း မဟာဂီတသမားတစ်ယောက်ဖြစ်တဲ့အတွက် ထိန်းသိမ်းဖို့လိုတယ်ဆိုတာကို မီးမောင်းထိုးပြလိုပါတယ် ’’ ဟု ၎င်းက ပြောသည်။ သဘင်အစည်းအရုံး(ဗဟို)မှလည်း သဘင်သည်အဝတ်အစားများအား သရုပ်ပျက်ဝတ်စားဆင်ယင်ခြင်းမပြုရန်နှင့် နောက်နောင် ထိုသို့ပြုလုပ်မှုများတွေ့ရှိပါက တရားဥပဒေအရ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း ပြီးခဲ့သည့် သြဂုတ်၂၈ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေ ၂၀၁၉ တွင်လည်း ဉာဏပစ္စည်းဆိုင်ရာ တီထွင်သူ၏ ခွင့်ပြုချက်က မတောင်းခံဘဲ ဖျော်ဖြေသီဆိုတင်ဆက်ခြင်းကို တားမြစ်ကြောင်း ဖော်ပြထားသည်။

ZawGyi Version


မဟာဂီတ သီခ်င္းႀကီးမ်ားကုိ မထိၾကရန္ မဟာဂီတသင္ၾကားသူမ်ားကုိယ္စား ေဒၚသန္းသန္းႏြဲ႔က ၂၀၁၉ ခုႏွစ္ ႏုိင္ငံတကာစာတတ္ေျမာက္ေရးေန႔အထိမ္းအမွတ္အခမ္းအနားမွတစ္ဆင့္ သတိေပးေျပာၾကားလုိက္သည္။

ရန္ကုန္တကၠသုိလ္ ၀ိဇၨာခန္းမတြင္ စက္တင္ဘာ ၈ ရက္က က်င္းပေသာ ၂၀၁၉ ခုႏွစ္ ႏုိင္ငံတကာစာတတ္ေျမာက္ေရးေန႔အခမ္းအနားတြင္ မဟာဂီတႏွင့္ပတ္သက္၍ သင္ၾကားေပးသူ ေဒၚသန္းသန္းႏြဲ႔က ေျပာၾကားခဲ့ျခင္းျဖစ္သည္။ “ တစ္ခါတစ္ေလ ဆန္းသစ္တယ္ဆုိၿပီး တီးလုံးနဲ႔တလြဲဆုိတယ္။ စာသားကလည္း ေျပာင္းထားတယ္။ အဲဒီေတာ့ ျပည္ပမွာရွိေနတဲ့ ေဒၚမာမာေအးက လွမ္းေျပာတယ္။ သူက မေနႏုိင္လုိ႔  မဟာဂီတသမားေတြ မေျပာေတာ့ဘူးလားဆုိေတာ့ ကြ်န္မရယ္၊ အဆုိေတာ္ရီရီသန္႔ရယ္ အဲဒီ ဆုိခဲ့တဲ့ အဖြဲ႔အစည္းရယ္ကုိ ႏွစ္ဘက္ေတြ႔ပါတယ္။ ေနာက္ အဲဒီလုိမလုပ္ဖုိ႔ရယ္ ၊ မဟာဂီတကုိ မထိဖုိ႔ရယ္ပါ။ မဟာဂီတက ထိလုိ႔မရဘူး။ ဒါ ကြ်န္မတုိ႔ အစဥ္အဆက္ထိန္းသိမ္းလာခဲ့တဲ့ သီခ်င္းႀကီးေတြပါ။ ဘာလုိ႔လဲဆုိေတာ့ ဒီသီခ်င္းႀကီးေတြဟာ ဆရာကေန တပည့္ကုိ တုိက္ရုိက္ႏႈတ္နဲ႔သင္ၿပီး ထိန္းသိမ္းလာတာျဖစ္တဲ့အတြက္ ကြ်န္မကုိယ္တုိင္လည္း မဟာဂီတသမားတစ္ေယာက္ျဖစ္တဲ့အတြက္ ထိန္းသိမ္းဖုိ႔လုိတယ္ဆုိတာကုိ မီးေမာင္းထုိးျပလုိပါတယ္ ’’ ဟု ၄င္းက ေျပာသည္။ သဘင္အစည္းအရုံး(ဗဟုိ)မွလည္း သဘင္သည္အ၀တ္အစားမ်ားအား သရုပ္ပ်က္၀တ္စားဆင္ယင္ျခင္းမျပဳရန္ႏွင့္ ေနာက္ေနာင္ ထုိသုိ႔ျပဳလုပ္မႈမ်ားေတြ႔ရွိပါက တရားဥပေဒအရ အေရးယူေဆာင္ရြက္မည္ျဖစ္ေၾကာင္း ၿပီးခဲ့သည့္ ၾသဂုတ္၂၈ ရက္တြင္ သတင္းထုတ္ျပန္ခဲ့သည္။

စာေပႏွင့္အႏုပညာမူပုိင္ခြင့္ဥပေဒ ၂၀၁၉ တြင္လည္း ဥာဏပစၥည္းဆုိင္ရာ တီထြင္သူ၏ ခြင့္ျပဳခ်က္က မေတာင္းခံဘဲ ေဖ်ာ္ေျဖသီဆုိတင္ဆက္ျခင္းကုိ တားျမစ္ေၾကာင္း ေဖာ္ျပထားသည္။

   -  မင္းသီဟန္(အကုန္သိသတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။