Skip to main content
ထား၀ယ္
Ads Block

ထားဝယ္အထူးစီးပြားေရးဇုန္စီမံကိန္း လက္ရွိအစိုးရလက္ထက္တြင္ မစတင္ႏိုင္ေသး

၁၀၀ ရာခိုင်နှုန်း ရပ်နားထားသည့် ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းကို လက်ရှိအစိုးရလက်ထက်တွင် အကောင်အထည်ဖော်နိုင်မည်မဟုတ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး၊ ကုန်သည်စက်မှုအသင်းထံမှ သိရသည်။
၂၀၁၃ ခုနှစ်တွင် ရပ်နားထားသည့် ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်း ပြန်လည်စတင်နိုင်ရန် မြန်မာ၊ ဂျပန်နှင့်တရုတ် သုံးနိုင်ငံဆွေးနွေးနေပြီး လက်ရှိတွင် အီတာလျံ-ထိုင်းကုမ္ပဏီနှင့် မြေငှားစာချုပ်ချုပ်ဆိုရန် ပြင်ဆင်နေကြောင်း သိရသည်။ ယင်းအပြင် စီမံကိန်း မစတင်မီ ထားဝယ်-ထီးခီးလမ်း နှစ်လမ်းသွားအမြန်လမ်းအတွက် လုပ်ကိုင်ခွင့်ရရှိသည့် ကုမ္ပဏီနှင့် ဆွေးနွေးနေသည့် အဆင့်တွင်သာ ရှိသေးကြောင်း သိရသည်။ “ သူက ၁၀၀ ရာခိုင်နှုန်း ရပ်ထားတဲ့ စီမံကိန်းဆိုတော့ ပြန်စဖို့ဆိုတာ မလွယ်ကူဘူး။ လောလောဆယ်ကတော့ ဆွေးနွေးနေတဲ့ အနေအထားပဲရှိသေးတယ်။ ဒီအစိုးရလက်ထက်မှာတော့ မစတင်နိုင်သေးဘူး။ ဆွေးနွေးနေတုန်းပဲရှိသေးတာ။ ပြီးတော့ ကနဦးလမ်းဖောက်မှာပေါ့။ အဲဒီလမ်းအတွက် ထိုင်းနဲ့ ဆွေးနွေးနေတာ နှစ်ကြိမ်တော့ ရှိပြီ။ စီမံကိန်းစတင်ခြင်း မစတင်ခြင်းက ဒီလမ်းအပေါ်ပဲ မူတည်တယ် ” ဟု တနင်္သာရီတိုင်းဒေသကြီး၊ ကုန်သည်စက်မှုအသင်းဥက္ကဋ္ဌ ဦးရဲထွဋ်နိုင်က ပြောသည်။ ထားဝယ်-ထီးခီးလမ်းကို လာမည့်အောက်တိုဘာလတွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်ရန် မျှော်မှန်းထားပြီး အဆိုပါ လမ်းပိုင်းကို ထိုင်းနိုင်ငံမှ ဘတ်ငွေ ၄ ဒသမ ၅ ဘီလီယံဖြင့် ဆောင်ရွက်မည်ဖြစ်ကာ ယင်းလမ်းပိုင်း ပြီးစီးမှသာလျှင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလည်း ဝင်လာမည်ဖြစ်ကြောင်း သိရသည်။ ယင်းအပြင် ထားဝယ်အထူးစီးပွားရေးဇုန်၏ ပထမအဆင့်စီမံကိန်းတွင် ထိုင်းနိုင်ငံ၊ ကန်ချနာဘူရီနှင့် စီးပွားရေးဇုန်ကို ချိတ်ဆက်ပေးသည့် နှစ်လမ်းသွားမော်တော်ကားလမ်း ဖောက်လုပ်ခြင်းနှင့် ရေလှောင်ကန်၊ ဆက်သွယ်ရေးဝန်ဆောင်မှု၊ LNG စက်ရုံတို့ပါဝင်သည့် မြို့ပြစီမံကိန်းတို့ပါဝင်ပြီး အဆိုပါ ပထမအဆင့်စီမံကိန်းကို တရုတ်နိုင်ငံနှင့် ဂျပန်နိုင်ငံတို့မှ အဓိက ကူညီပံ့ပိုးပေးထားကြောင်း သိရသည်။ ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်း၏ ပထမအဆင့်ကုန်ကျငွေမှာ ကန်ဒေါ်လာ ၂ ဘီလျံ ကုန်ကျမည်ဖြစ်ကြောင်းလည်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ သိရသည်။

ZawGyi Version
 

၁၀၀ ရာခိုင္ႏႈန္း ရပ္နားထားသည့္ ထားဝယ္အထူးစီးပြားေရးဇုန္စီမံကိန္းကို လက္ရွိအစိုးရလက္ထက္တြင္ အေကာင္အထည္ေဖာ္ႏိုင္မည္မဟုတ္ေၾကာင္း တနသၤာရီတိုင္းေဒသႀကီး၊ ကုန္သည္စက္မႈအသင္းထံမွ သိရသည္။

၂၀၁၃ ခုႏွစ္တြင္ ရပ္နားထားသည့္ ထားဝယ္အထူးစီးပြားေရးဇုန္စီမံကိန္း ျပန္လည္စတင္ႏိုင္ရန္ ျမန္မာ၊ ဂ်ပန္ႏွင့္တရုတ္ သံုးႏိုင္ငံေဆြးေႏြးေနၿပီး လက္ရွိတြင္ အီတာလ်ံ-ထိုင္းကုမၸဏီႏွင့္ ေျမငွားစာခ်ဳပ္ခ်ဳပ္ဆိုရန္ ျပင္ဆင္ေနေၾကာင္း သိရသည္။ ယင္းအျပင္ စီမံကိန္း မစတင္မီ ထားဝယ္-ထီးခီးလမ္း ႏွစ္လမ္းသြားအျမန္လမ္းအတြက္ လုပ္ကိုင္ခြင့္ရရွိသည့္ ကုမၸဏီႏွင့္ ေဆြးေႏြးေနသည့္ အဆင့္တြင္သာ ရွိေသးေၾကာင္း သိရသည္။ “ သူက ၁၀၀ ရာခိုင္ႏႈန္း ရပ္ထားတဲ့ စီမံကိန္းဆိုေတာ့ ျပန္စဖို႔ဆိုတာ မလြယ္ကူဘူး။ ေလာေလာဆယ္ကေတာ့ ေဆြးေႏြးေနတဲ့ အေနအထားပဲရွိေသးတယ္။ ဒီအစိုးရလက္ထက္မွာေတာ့ မစတင္ႏိုင္ေသးဘူး။ ေဆြးေႏြးေနတုန္းပဲရွိေသးတာ။ ၿပီးေတာ့ ကနဦးလမ္းေဖာက္မွာေပါ့။ အဲဒီလမ္းအတြက္ ထိုင္းနဲ႔ ေဆြးေႏြးေနတာ ႏွစ္ႀကိမ္ေတာ့ ရွိၿပီ။ စီမံကိန္းစတင္ျခင္း မစတင္ျခင္းက ဒီလမ္းအေပၚပဲ မူတည္တယ္ ” ဟု တနသၤာရီတိုင္းေဒသႀကီး၊ ကုန္သည္စက္မႈအသင္းဥကၠ႒ ဦးရဲထြဋ္ႏိုင္က ေျပာသည္။ ထားဝယ္-ထီးခီးလမ္းကို လာမည့္ေအာက္တိုဘာလတြင္ စတင္အေကာင္အထည္ေဖာ္ေဆာင္ရြက္ရန္ ေမွ်ာ္မွန္းထားၿပီး အဆိုပါ လမ္းပိုင္းကို ထိုင္းႏိုင္ငံမွ ဘတ္ေငြ ၄ ဒသမ ၅ ဘီလီယံျဖင့္ ေဆာင္ရြက္မည္ျဖစ္ကာ ယင္းလမ္းပိုင္း ၿပီးစီးမွသာလွ်င္ ႏိုင္ငံျခားရင္းႏွီးျမွဳပ္ႏွံမႈလည္း ဝင္လာမည္ျဖစ္ေၾကာင္း သိရသည္။ ယင္းအျပင္ ထားဝယ္အထူးစီးပြားေရးဇုန္၏ ပထမအဆင့္စီမံကိန္းတြင္ ထိုင္းႏိုင္ငံ၊ ကန္ခ်နာဘူရီႏွင့္ စီးပြားေရးဇုန္ကို ခ်ိတ္ဆက္ေပးသည့္ ႏွစ္လမ္းသြားေမာ္ေတာ္ကားလမ္း ေဖာက္လုပ္ျခင္းႏွင့္ ေရေလွာင္ကန္၊ ဆက္သြယ္ေရးဝန္ေဆာင္မႈ၊ LNG စက္ရံုတို႔ပါဝင္သည့္ ၿမိဳ႕ျပစီမံကိန္းတို႔ပါဝင္ၿပီး အဆိုပါ ပထမအဆင့္စီမံကိန္းကို တရုတ္ႏိုင္ငံႏွင့္ ဂ်ပန္ႏိုင္ငံတို႔မွ အဓိက ကူညီပံ့ပိုးေပးထားေၾကာင္း သိရသည္။

ထားဝယ္အထူးစီးပြားေရးဇုန္စီမံကိန္း၏ ပထမအဆင့္ကုန္က်ေငြမွာ ကန္ေဒၚလာ ၂ ဘီလ်ံ ကုန္က်မည္ျဖစ္ေၾကာင္းလည္း စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန၏ ေျပာၾကားခ်က္အရ သိရသည္။

   -  စုသက္ႏွင္း(အကုန္သိသတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။