Skip to main content
ဦးခင္ေမာ္ငေဆြ
Ads Block

ဖြဲ႔စည္းပုံျပင္ဆင္ေရးကို ျဖတ္လမ္းလိုက္ေနျခင္းသည္ အမ်ဳိးသားညီညြတ္ေရးကုိ ဖ်က္ဆီးရာေရာက္ေၾကာင္း NDF ဥကၠ႒ ဆို

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို အခန်း ၁၂ ပါ ပြဋ္ဌာန်းချက်များအတိုင်း မသွားဘဲ ဖြတ်လမ်းမှလိုက်ပြီး ပြင်နေခြင်းမျိုးသည် အမျိုးသားညီညွတ်ရေးကို ဖျက်ဆီးရာရောက်သည့်အတွက် မဖြစ်သင့်ကြောင်း NDF ပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ပြောသည်။

ဖွဲ့စည်းပုံပြင်ဆင်ရေးပူးပေါင်းကော်မတီမှ အဖွဲ့ဝင်အချို့ နုတ်ထွက်မှုများနှင့် ယင်းကော်မတီ၏ ဆောင်ရွက်နေမှုအပေါ် အမြင်သဘောထားအား အမျိုးသားဒီမိုကရေစီအင်အားစု(NDF)ပါတီမှ ဥက္ကဋ္ဌဖြစ်သူ ဦးခင်မောင်ဆွေကို အကုန်သိသတင်းဌာနမှ မေးမြန်းခဲ့ရာတွင် သုံးသပ်ပြောကြားခြင်းလည်းဖြစ်သည်။ “ ဘယ်လိုပဲ နုတ်ထွက်နုတ်ထွက်၊ သဘောတူသည်ဖြစ်စေ၊ သဘောမတူသည်ဖြစ်စေ NLD အစိုးရနဲ့ လွှတ်တော်ကတော့ ဖွဲ့စည်းပုံပြင်ရေးကိစ္စကို တွန်းလုပ်သွားမှာဆိုတာတော့ လမ်းကြောင်းက မြင်နေရတာပေါ့ဗျာ။ ဒီတစ်ပါတီတည်းကနေပြီးတော့ ရေးဆွဲဆုံးဖြတ်ပြီးလုပ်တဲ့ အခြေခံဥပဒေပြင်ဆင်ရေးကို ကျွန်တော်တို့ လက်မခံပါဘူး။ နောက်ပြီးတော့ အခန်း ၁၂ ပါအတိုင်း မသွားဘဲနဲ့ ဖြတ်လမ်းကနေ လိုက်ပြီးပြင်နေတဲ့ဟာမျိုးက အမျိုး သားညီညွတ်ရေးကို ဖျက်ဆီးရာ၊ အချင်းချင်းသွေးခွဲရာရောက်တဲ့ဟာမျိုး မဖြစ်သင့်ပါဘူး ” ဟု NDF ပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ပြောသည်။ အဆိုပါပူးပေါင်းကော်မတီမှ ရခိုင်အမျိုးသားပါတီ(ANP) လွှတ်တော်ကိုယ်စားလှယ် ၂ ဦးနှင့် အမျိုးသားညီညွတ်သော ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌတစ်ဦး စုစုပေါင်း ၃ ဦးတို့သည် စက်တင်ဘာလ ၂ ရက်နှင့် ၃ ရက်တွင် နုတ်ထွက်သွားခဲ့သည်။ “ ဖက်ဒရယ်ပြည်ထောင်စုသွားမယ်ဆိုတာ ဖက်ဒရယ်နဲ့ပတ်သက်တဲ့ တိုင်းရင်းသားလူမျိုးများရဲ့ကိစ္စမှာလည်းပဲ ဥပဒေပြဋ္ဌာန်းချက်တွေကို ထိထိရောက်ရောက်ကိုင်တွယ်ဖြေရှင်းတာ မတွေ့ရတဲ့အတွက်ကြောင့်မို့လို့ ဥပဒေပြင်ဆင်ရေးဟာ NLD သက်တမ်းရှည်ရေး၊ ၅၉(စ) ကို ပြင်ပြီးတော့ သမ္မတဖြစ်ရေး၊ နောက်တစ်ခါ တပ်မတော်ကို အချိန်မတန်ဘဲနဲ့ ဒီလွှတ်တော်ထဲက မောင်းထုတ်ရေးဆိုပြီး လုပ်နေတာပဲလေ။ ၂၀၂၀ ရွေးကောက်ပွဲဖြစ်လို့ရှိရင် ငါတို့ကတော့ ပြင်တာပဲ အဖျက်အမှောက်လုပ်တဲ့အုပ်စုတွေက အခြေခံဥပဒေမပြင်ရအောင် လုပ်နေတယ်ဆိုပြီးတော့ ပြည်သူကိုကြေညာပြီးတော့ ရွေးကောက်ပွဲနိုင်ရေးကို လုပ်သွားဖို့အကွက်ကလည်း စီစဉ်ထားပြီးသားဖြစ် တော့လေ။ အမျိုးသားညီညွတ်ရေးကို ဂရုမစိုက်ဘဲ လုပ်မယ်ဆိုလို့ရှိရင်တော့ ကျွန်တော်တို့က လက်ခံနိုင်ဖွယ် မရှိဘူးလို့ပဲ ပြောချင်ပါတယ် ” ဟု ဦးခင်မောင်ဆွေက ပြောသည်။ ယင်းပူးပေါင်းကော်မတီတွင် ၄၅ ဦးပါဝင်ပြီး NLD ပါတီကိုယ်စားလှယ် ၁၈ ဦးနှင့် တပ်မတော်ကိုယ်စားလှယ် ၈ ဦးတို့က အများဆုံးပါဝင်နေကြောင်း သိရသည်။

လက်ရှိတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်းလေ့လာစိစစ်ရေး ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာကို ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးနေဆဲဖြစ်သည်။

ZawGyi Version

၂၀၀၈ ဖြဲ႔စည္းပုံအေျခခံဥပေဒျပင္ဆင္ေရးကို အခန္း ၁၂ ပါ ျပ႒ာန္းခ်က္မ်ားအတိုင္း မသြားဘဲ ျဖတ္လမ္းမွလိုက္ၿပီး ျပင္ေနျခင္းမ်ဳိးသည္ အမ်ဳိးသားညီညြတ္ေရးကုိ ဖ်က္ဆီးရာေရာက္သည့္အတြက္ မျဖစ္သင့္ေၾကာင္း NDF ပါတီဥကၠ႒ ဦးခင္ေမာင္ေဆြက ေျပာသည္။

ဖြဲ႔စည္းပုံျပင္ဆင္ေရးပူးေပါင္းေကာ္မတီမွ အဖြဲ႔ဝင္အခ်ဳိ႕ ႏုတ္ထြက္မႈမ်ားႏွင့္ ယင္းေကာ္မတီ၏ ေဆာင္ရြက္ေနမႈအေပၚ အျမင္သေဘာထားအား အမ်ဳိးသားဒီမိုကေရစီအင္အားစု(NDF)ပါတီမွ ဥကၠ႒ျဖစ္သူ ဦးခင္ေမာင္ေဆြကို အကုန္သိသတင္းဌာနမွ ေမးျမန္းခဲ့ရာတြင္ သုံးသပ္ေျပာၾကားျခင္းလည္းျဖစ္သည္။ “ ဘယ္လိုပဲ ႏုတ္ထြက္ႏုတ္ထြက္၊ သေဘာတူသည္ျဖစ္ေစ၊ သေဘာမတူသည္ျဖစ္ေစ NLD အစိုးရနဲ႔ လႊတ္ေတာ္ကေတာ့ ဖြဲ႔စည္းပုံျပင္ေရးကိစၥကို တြန္းလုပ္သြားမွာဆိုတာေတာ့ လမ္းေၾကာင္းက ျမင္ေနရတာေပါ့ဗ်ာ။ ဒီတစ္ပါတီတည္းကေနၿပီးေတာ့ ေရးဆြဲဆုံးျဖတ္ၿပီးလုပ္တဲ့ အေျခခံဥပေဒျပင္ဆင္ေရးကို ကြ်န္ေတာ္တို႔ လက္မခံပါဘူး။ ေနာက္ၿပီးေတာ့ အခန္း ၁၂ ပါအတိုင္း မသြားဘဲနဲ႔ ျဖတ္လမ္းကေန လိုက္ၿပီးျပင္ေနတဲ့ဟာမ်ဳိးက အမ်ဳိး သားညီညြတ္ေရးကို ဖ်က္ဆီးရာ၊ အခ်င္းခ်င္းေသြးခြဲရာေရာက္တဲ့ဟာမ်ဳိး မျဖစ္သင့္ပါဘူး ” ဟု NDF ပါတီ ဥကၠ႒ ဦးခင္ေမာင္ေဆြက ေျပာသည္။ အဆိုပါပူးေပါင္းေကာ္မတီမွ ရခိုင္အမ်ဳိးသားပါတီ(ANP) လႊတ္ေတာ္ကိုယ္စားလွယ္ ၂ ဦးႏွင့္ အမ်ဳိးသားညီညြတ္ေသာ ဒီမိုကရက္တစ္ပါတီဥကၠ႒တစ္ဦး စုစုေပါင္း ၃ ဦးတို႔သည္ စက္တင္ဘာလ ၂ ရက္ႏွင့္ ၃ ရက္တြင္ ႏုတ္ထြက္သြားခဲ့သည္။ “ ဖက္ဒရယ္ျပည္ေထာင္စုသြားမယ္ဆိုတာ ဖက္ဒရယ္နဲ႔ပတ္သက္တဲ့ တိုင္းရင္းသားလူမ်ဳိးမ်ားရဲ႕ကိစၥမွာလည္းပဲ ဥပေဒျပ႒ာန္းခ်က္ေတြကို ထိထိေရာက္ေရာက္ကိုင္တြယ္ေျဖရွင္းတာ မေတြ႔ရတဲ့အတြက္ေၾကာင့္မို႔လို႔ ဥပေဒျပင္ဆင္ေရးဟာ NLD သက္တမ္းရွည္ေရး၊ ၅၉(စ) ကို ျပင္ၿပီးေတာ့ သမၼတျဖစ္ေရး၊ ေနာက္တစ္ခါ တပ္မေတာ္ကို အခ်ိန္မတန္ဘဲနဲ႔ ဒီလႊတ္ေတာ္ထဲက ေမာင္းထုတ္ေရးဆိုၿပီး လုပ္ေနတာပဲေလ။ ၂၀၂၀ ေရြးေကာက္ပြဲျဖစ္လို႔ရွိရင္ ငါတို႔ကေတာ့ ျပင္တာပဲ အဖ်က္အေမွာက္လုပ္တဲ့အုပ္စုေတြက အေျခခံဥပေဒမျပင္ရေအာင္ လုပ္ေနတယ္ဆိုၿပီးေတာ့ ျပည္သူကိုေၾကညာၿပီးေတာ့ ေရြးေကာက္ပြဲႏိုင္ေရးကို လုပ္သြားဖို႔အကြက္ကလည္း စီစဥ္ထားၿပီးသားျဖစ္ ေတာ့ေလ။ အမ်ဳိးသားညီညြတ္ေရးကို ဂရုမစိုက္ဘဲ လုပ္မယ္ဆိုလို႔ရွိရင္ေတာ့ ကြ်န္ေတာ္တို႔က လက္ခံႏိုင္ဖြယ္ မရွိဘူးလို႔ပဲ ေျပာခ်င္ပါတယ္ ” ဟု ဦးခင္ေမာင္ေဆြက ေျပာသည္။ ယင္းပူးေပါင္းေကာ္မတီတြင္ ၄၅ ဦးပါဝင္ၿပီး NLD ပါတီကိုယ္စားလွယ္ ၁၈ ဦးႏွင့္ တပ္မေတာ္ကိုယ္စားလွယ္ ၈ ဦးတို႔က အမ်ားဆုံးပါဝင္ေနေၾကာင္း သိရသည္။

လက္ရွိတြင္ ၂၀၀၈ ဖြဲ႔စည္းပုံအေျခခံဥပေဒကို ဒုတိယအႀကိမ္ျပင္ဆင္သည့္ ဥပေဒႀကမ္းေလ့လာစိစစ္ေရး ပူးေပါင္းေကာ္မတီ၏ ေလ့လာေတြ႔ရွိခ်က္ႏွင့္ သေဘာထားမွတ္ခ်က္အစီရင္ခံစာကို ျပည္ေထာင္စုလႊတ္ေတာ္တြင္ ေဆြးေႏြးေနဆဲျဖစ္သည္။

    -  ႏုိင္မင္းလြင္(အကုန္သိသတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။