Skip to main content
ေဟာင္ေကာင္ကိစၥ
Ads Block

တရုတ္လက္မွ လြတ္ခ်င္တဲ့ေဟာင္ေကာင္ဆႏၵျပသူေတြက အေမရိကန္ႏုိင္ငံေတာ္သီခ်င္းဆုိျပီး ထရန္႕ထံ ေတာင္းဆုိ 

လချီကြာနေပြီဖြစ်တဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုတွေနဲ့ အကြပ်ဆိုက်နေတဲ့ ဟောင်ကောင်မှာ စက်တင်ဘာ(၈)ရက်က နောက်ဆုံးပေါ်ပေါက်လာတဲ့ ဆန္ဒပြမှုအတွင်း တရုတ်အုပ်ချုပ်မှုအောက်ကနေ ဟောင်ကောင်လွတ်မြောက်ရေး ဆောင်ကျဉ်းပေးဖို့ ဆန္ဒပြသူတွေက အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကို တောင်းဆိုခဲ့ကြကာ အမေရိကန်နိုင်ငံတော်သီချင်းကို သီဆိုဟစ်ကြွေးခဲ့ကြကြောင်း သိရပါတယ်။ 

ေဟာင္ေကာင္ဆႏၵျပမႈ

၁၄ ပတ်မြောက်အဖြစ် ပေါ်ပေါက်ခဲ့တဲ့ အုံကြွမှုမှာ နောက်ထပ် ညပိုင်းအကြမ်းဖက်ဆူပူမှုဖြစ်ပွားခဲ့ပြန်ပြီးနောက် ထီးပင်လယ်ပြင်ကြီးထဲက ဆန္ဒပြသူတွေဟာ ကြယ်နဲ့အနီစင်းတွေပါ အမေရိကန်အလံတွေကို ဝှေ့ယမ်းခဲ့ကြသလို ဒီမိုကရေစီအတွက် တောင်းဆိုတဲ့ စာတမ်းတွေကိုလည်း ကိုင်ဆောင်ခဲ့ကြပြီး ရဲတပ်ဖွဲ့ဝင်တွေက အသင့်အနေအထားရှိနေကြပါတယ်။ “ လွတ်လပ်မှုအတွက် တိုက်ပွဲဝင်ပါ၊ ဟောင်ကောင်နဲ့အတူ ရပ်တည်ပါ ” ဆိုတဲ့ ကြွေးကြော်မှုတွေလုပ်ပြီးနောက် ဆန္ဒပြသူတွေဟာ ပေကျင်းကို တွန်းလှန်ပါ၊ ဟောင်ကောင်ကို လွတ်မြောက်အောင် ကယ်တင်ပေးပါဆိုတဲ့ မေတ္တာရပ်ခံစာလွှာကို အမေရိကန်ကောင်စစ်ဝန်ရုံးထံ လွှဲပြောင်းပေးခဲ့ကြောင်း သိရပါတယ်။ စနေနေ့ကတော့ ဟောင်ကောင်အရေးနဲ့ပတ်သက်ပြီး တရုတ်အစိုးရအနေနဲ့ ချုပ်တည်းသည်းခံမှုတွေရှိဖို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး မာ့ခ် အက်စ်ပါက တိုက်တွန်းထားခဲ့ပါတယ်။ ညနေပိုင်းလောက်မှာ လက်သရမ်းဖျက်ဆီးမှုတွေ စတင်လာခဲ့ပါတယ်။ ရဲတွေဟာ ၁၄ ပတ်မြောက်အဖြစ် ပေါ်ပေါက်လာတဲ့ ဆူပူအကြမ်းဖက်မှုတွေကို ရေအမြောက်တွေ၊ ရာဘာကျည်တွေ၊ မျက်ရည်ယို ဗုံးတွေသုံးကာ တုန့်ပြန်ခဲ့ကြပါတယ်။ အဓိကရုဏ်းနှိမ်နင်းရေး ရဲတပ်ဖွဲ့ဟာ တနင်္ဂနွေ ချီတက်ဆန္ဒပြမှုအနီးက Central MTR မြေအောက် မီးရထားဘူတာရုံမှာ ရှင်းလင်းမှုတွေ လုပ်ထားခဲ့ပါတယ်။ ယင်းနေရာမှာ ဆန္ဒပြသူတွေဟာ ဘူတာရုံဝင်ပေါက်က မှန်နံရံတွေ၊ အခြားပြတင်းပေါက်တွေကို ရိုက်ခွဲဖျက်ဆီးမှုတွေလုပ်ခဲ့ကြသလို အပြင်ဘက် နံရံတွေပေါ်မှာ ဂရပ်ဖစ်တီပုံတွေ ရေးဆွဲခဲ့ကြပါတယ်။

ယင်း ဖြစ်စဉ်အတွင်း ဖမ်းဆီးခံရသူများစွာ ရှိခဲ့ပါတယ်။ ဒါ့အပြင် ဆန္ဒပြသူတွေဟာ လျှောက်လမ်းပေါ်က အုတ်ခဲတွေ တူးခွာကြကာ ပြတင်းပေါက်တွေကို ရိုက်ခွဲခဲ့ကြသလို လမ်းတွေပေါ်က ကတ်ထူပုံးတွေကို မီးရှို့ပစ်ခဲ့ကြပြီး အဆောက်အအုံတွေမှာ သံဆူးကြိုးတွေ တားဆီးချခဲ့ကြောင်း သိရပါတယ်။ 

ZawGyi Version

လခ်ီၾကာေနၿပီျဖစ္တဲ့ အစုိးရဆန္႕က်င္ေရး ဆႏၵျပမႈေတြနဲ႕ အၾကပ္ဆုိက္ေနတဲ့ ေဟာင္ေကာင္မွာ စက္တင္ဘာ(၈)ရက္က ေနာက္ဆုံးေပၚေပါက္လာတဲ့ ဆႏၵျပမႈအတြင္း တရုတ္အုပ္ခ်ဳပ္မႈေအာက္ကေန ေဟာင္ေကာင္လြတ္ေျမာက္ေရး ေဆာင္က်ဥ္းေပးဖုိ ့ ဆႏၵျပသူေတြက အေမရိကန္သမၼတ ေဒၚနယ္ထရန္႕ကုိ ေတာင္းဆုိခဲ့ၾကကာ အေမရိကန္ႏုိင္ငံေတာ္သီခ်င္းကုိ သီဆုိဟစ္ေၾကြးခဲ့ၾကေၾကာင္း သိရပါတယ္။ 
၁၄ ပတ္ေျမာက္အျဖစ္ ေပၚေပါက္ခဲ့တဲ့ အုံၾကြမႈမွာ ေနာက္ထပ္ ညပုိင္းအၾကမ္းဖက္ဆူပူမႈျဖစ္ပြားခဲ့ျပန္ၿပီးေနာက္ ထီးပင္လယ္ျပင္ႀကီးထဲက ဆႏၵျပသူေတြဟာ ၾကယ္နဲ႕အနီစင္းေတြပါ အေမရိကန္အလံေတြကုိ ေ၀ွ႕ယမ္းခဲ့ၾကသလုိ ဒီမုိကေရစီအတြက္ ေတာင္းဆုိတဲ့ စာတမ္းေတြကုိလည္း ကုိင္ေဆာင္ခဲ့ၾကၿပီး ရဲတပ္ဖြဲ႕၀င္ေတြက အသင့္အေနအထားရွိေနၾကပါတယ္။ “ လြတ္လပ္မႈအတြက္ တုိက္ပြဲ၀င္ပါ၊ ေဟာင္ေကာင္နဲ႕အတူ ရပ္တည္ပါ ” ဆုိတဲ့ ေၾကြးေၾကာ္မႈေတြလုပ္ၿပီးေနာက္ ဆႏၵျပသူေတြဟာ ေပက်င္းကုိ တြန္းလွန္ပါ၊ ေဟာင္ေကာင္ကုိ လြတ္ေျမာက္ေအာင္ ကယ္တင္ေပးပါဆုိတဲ့ ေမတၱာရပ္ခံစာလႊာကုိ အေမရိကန္ေကာင္စစ္၀န္ရုံးထံ လႊဲေျပာင္းေပးခဲ့ေၾကာင္း သိရပါတယ္။ စေနေန ့ကေတာ့ ေဟာင္ေကာင္အေရးနဲ႕ပတ္သက္ၿပီး တရုတ္အစုိးရအေနနဲ႕ ခ်ဳပ္တည္းသည္းခံမႈေတြရွိဖုိ ့ အေမရိကန္ကာကြယ္ေရး၀န္ႀကီး မာ့ခ္ အက္စ္ပါက တုိက္တြန္းထားခဲ့ပါတယ္။ ညေနပုိင္းေလာက္မွာ လက္သရမ္းဖ်က္ဆီးမႈေတြ စတင္လာခဲ့ပါတယ္။ ရဲေတြဟာ ၁၄ ပတ္ေျမာက္အျဖစ္ ေပၚေပါက္လာတဲ့ ဆူပူအၾကမ္းဖက္မႈေတြကုိ ေရအေျမာက္ေတြ၊ ရာဘာက်ည္ေတြ၊ မ်က္ရည္ယုိ ဗုံးေတြသုံးကာ တုန္႕ျပန္ခဲ့ၾကပါတယ္။ အဓိကရုဏ္းႏွိမ္နင္းေရး ရဲတပ္ဖြဲ႕ဟာ တနဂၤေႏြ ခ်ီတက္ဆႏၵျပမႈအနီးက Central MTR ေျမေအာက္ မီးရထားဘူတာရုံမွာ ရွင္းလင္းမႈေတြ လုပ္ထားခဲ့ပါတယ္။ ယင္းေနရာမွာ ဆႏၵျပသူေတြဟာ ဘူတာရုံ၀င္ေပါက္က မွန္နံရံေတြ၊ အျခားျပတင္းေပါက္ေတြကုိ ရုိက္ခြဲဖ်က္ဆီးမႈေတြလုပ္ခဲ့ၾကသလုိ အျပင္ဘက္ နံရံေတြေပၚမွာ ဂရပ္ဖစ္တီပုံေတြ ေရးဆြဲခဲ့ၾကပါတယ္။

ယင္း ျဖစ္စဥ္အတြင္း ဖမ္းဆီးခံရသူမ်ားစြာ ရွိခဲ့ပါတယ္။ ဒါ့အျပင္ ဆႏၵျပသူေတြဟာ ေလွ်ာက္လမ္းေပၚက အုတ္ခဲေတြ တူးခြာၾကကာ ျပတင္းေပါက္ေတြကုိ ရုိက္ခြဲခဲ့ၾကသလုိ လမ္းေတြေပၚက ကတ္ထူပုံးေတြကုိ မီးရႈိ႕ပစ္ခဲ့ၾကၿပီး အေဆာက္အအုံေတြမွာ သံဆူးႀကိဳးေတြ တားဆီးခ်ခဲ့ေၾကာင္း သိရပါတယ္။

    -  ကုိလင္း (အကုန္သိသတင္းဌာန)  Ref;CNA

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။