Skip to main content
သူရဦးေရႊမန္း
Ads Block

ေတာင္သူလယ္သမားမ်ား၏ အေျခအေနကုိ တုိးတက္ေအာင္ ေဆာင္ရြက္ေပးရမည္ဟု သူရဦးေရႊမန္းေျပာ

မြန်မာနိုင်ငံ၏ လူဦးရေ ၇၀ ရာခိုင်နှုန်းကျော်မှာ စိုက်ပျိုးမွေးမြူရေးလုပ်ကိုင်ကြသည့်အတွက် တောင်သူလယ်သမားများ၏ အခြေအနေကို တိုးတက်အောင် ဆောင်ရွက်ပေးရမည်ဟု ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ ခေါင်းဆောင် သူရဦးရွှေမန်းက ပြောကြားလိုက်သည်။

သူရဦးေရႊမန္း

ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ် ဒေသခံပါတီဝင်များနှင့်စက်တင်ဘာ ၇ ရက်က တွေ့ဆုံပွဲအခမ်းအနားတွင် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားခဲ့ခြင်းဖြစ်သည်။  “ နိုင်ငံ၏ စီးပွားရေး၊ ပြည်သူများ၏ စားဝတ်နေရေး၊ လူမှုရေး တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်မည်ဆိုရင် စိုက်ပျိုးရေးကို အခြေခံသောနိုင်ငံဖြစ်သည့်အလျောက် စိုက်ပျိုးမွေးမြူရေး လုပ်ကိုင်သည့် နိုင်ငံ့လူဦးရေ၏ ၇၀ ရာခိုင်နှုန်းကျော်ဖြစ်သည့် ကျေးလက်နေ တောင်သူလယ်သမားများ၏ စားဝတ်နေရေး၊ လူမှုရေး အခြေအနေကို တိုးတက်အောင် အဓိကထား ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ တောင်သူလယ်သမားများ၏ အခြေခံလိုအပ်ချက်များ၊ အခက်အခဲများကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည့် ဥပဒေနှင့် နည်းလမ်းများရှိရာ မှန်ကန်ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်လျှင် လက်ရှိအခြေအနေထက် သာလွန်ကောင်းမွန်လာမည်ဖြစ်ပါကြောင်း ’’ သူရဦးရွှေမန်းက ပြောသည်။ လက်ရှိတွင် သိမ်းဆည်းခံရသည့်လယ်ယာမြေနှင့်အခြားမြေများ စိစစ်ရေးကော်မတီသို့ လယ်ယာမြေအမှုပေါင်း ၅၀၀၀ ကျော် တင်ပြခဲ့သော်လည်း ၃ နှစ်အတွင်း ထောင်ဂဏန်းကျော်ခန့်သာ ဖြေရှင်းပေးနိုင်ခဲ့ကြောင်း သိရသည်။

လယ်ယာမြေများကို လယ်သမားများထံ သက်ဆိုင်ရာတပ်ရင်းတပ်ဖွဲ့နှင့် ဝန်ကြီးဌာနများမှ ပြန်လည်စွန့်လွှတ်ပေးအပ်ခဲ့သော်လည်း နှောင့်နှေးကြန့်ကြာမှုများ ဖြစ်ပေါ်နေခြင်းကို အမြန်ဆုံးစိစစ်ရန် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကလည်း ပြောကြားထားသည်။


ZawGyi Version 


ျမန္မာႏုိင္ငံ၏ လူဦးေရ ၇၀ ရာခုိင္ႏႈန္းေက်ာ္မွာ စုိက္ပ်ိဳးေမြးျမဴေရးလုပ္ကုိင္ၾကသည့္အတြက္ ေတာင္သူလယ္သမားမ်ား၏ အေျခအေနကုိ တုိးတက္ေအာင္ ေဆာင္ရြက္ေပးရမည္ဟု ျပည္ေထာင္စုေကာင္းက်ိဳးေဆာင္ပါတီ ေခါင္းေဆာင္ သူရဦးေရႊမန္းက ေျပာၾကားလုိက္သည္။

ဧရာ၀တီတုိင္းေဒသႀကီး ေမာ္လၿမဳိင္ကြ်န္းၿမဳိ႕နယ္ ေဒသခံပါတီ၀င္မ်ားႏွင့္ စက္တင္ဘာ ၇ ရက္က  ေတြ႔ဆုံပြဲအခမ္းအနားတြင္ ျပည္ေထာင္စုေကာင္းက်ိဳးေဆာင္ပါတီ ဥကၠ႒ သူရဦးေရႊမန္းက ေျပာၾကားခဲ့ျခင္းျဖစ္သည္။ “ ႏိုင္ငံ၏ စီးပြားေရး၊ ျပည္သူမ်ား၏ စားဝတ္ေနေရး၊ လူမႈေရး တိုးတက္ေကာင္းမြန္ေအာင္ ေဆာင္ရြက္မည္ဆိုရင္ စိုက္ပ်ိဳးေရးကို အေျခခံေသာႏိုင္ငံျဖစ္သည့္အေလ်ာက္ စိုက္ပ်ိဳးေမြးျမဴေရး လုပ္ကိုင္သည့္ ႏိုင္ငံ့လူဦးေရ၏ ၇၀ ရာခိုင္ႏႈန္းေက်ာ္ျဖစ္သည့္ ေက်းလက္ေန ေတာင္သူလယ္သမားမ်ား၏ စားဝတ္ေနေရး၊ လူမႈေရး အေျခအေနကို တိုးတက္ေအာင္ အဓိကထား ေဆာင္ရြက္ရမည္ ျဖစ္ပါေၾကာင္း၊ ေတာင္သူလယ္သမားမ်ား၏ အေျခခံလိုအပ္ခ်က္မ်ား၊ အခက္အခဲမ်ားကို ျဖည့္ဆည္းေဆာင္ရြက္ေပးႏိုင္မည့္ ဥပေဒႏွင့္ နည္းလမ္းမ်ား႐ွိရာ မွန္ကန္ထိေရာက္စြာ အေကာင္အထည္ေဖာ္ ေဆာင္ရြက္ႏိုင္လွ်င္ လက္႐ွိအေျခအေနထက္ သာလြန္ေကာင္းမြန္လာမည္ျဖစ္ပါေၾကာင္း ’’ သူရဦးေရႊမန္းက ေျပာသည္။ လက္ရွိတြင္ သိမ္းဆည္းခံရသည့္လယ္ယာေျမႏွင့္အျခားေျမမ်ား စိစစ္ေရးေကာ္မတီသုိ႔ လယ္ယာေျမအမႈေပါင္း ၅၀၀၀ ေက်ာ္ တင္ျပခဲ့ေသာ္လည္း ၃ ႏွစ္အတြင္း ေထာင္ဂဏန္းေက်ာ္ခန္႔သာ ေျဖရွင္းေပးႏုိင္ခဲ့ေၾကာင္း သိရသည္။

လယ္ယာေျမမ်ားကုိ လယ္သမားမ်ားထံ သက္ဆုိင္ရာတပ္ရင္းတပ္ဖြဲ႔ႏွင့္ ၀န္ႀကီးဌာနမ်ားမွ ျပန္လည္စြန္႔လႊတ္ေပးအပ္ခဲ့ေသာ္လည္း ေႏွာင့္ေႏွးၾကန္႔ၾကာမႈမ်ား ျဖစ္ေပၚေနျခင္းကုိ အျမန္ဆုံးစိစစ္ရန္ ႏုိင္ငံေတာ္သမၼတ ဦး၀င္းျမင့္ကလည္း ေျပာၾကားထားသည္။

   -  မင္းသီဟန္ (အကုန္သိသတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။