Skip to main content
စာတတ္ေျမာက္ေရး
Ads Block

ျမန္မာႏုိင္ငံတြင္ စာမတတ္သူဦးေရ ေလးသန္းခန္႔ က်န္ရွိေနေသး

မြန်မာနိုင်ငံတွင် စာမတတ်သူဦးရေ လေးသန်းခန့် ကျန်ရှိနေသေးကြောင်း စာတတ်မြောက်ရေးနှင့် ဒေသဖွံ့ဖြိုးမှုကူညီရေးအဖွဲ့မှ ဥက္ကဋ္ဌ ဦးမျိုးသန့်က ပြောကြားလိုက်သည်။

စာတတ္ေျမာက္ေရး

ရန်ကုန်တက္ကသိုလ် ဝိဇ္ဇာခန်းမတွင် စက်တင်ဘာ(၈)ရက်က ကျင်းပသော ၂၀၁၉ ခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့အခမ်းအနားတွင် စာတတ်မြောက်ရေးနှင့် ဒေသဖွံ့ဖြိုးမှုကူညီရေးအဖွဲ့မှ ဥက္ကဋ္ဌ ဦးမျိုးသန့်က အကုန်သိသတင်းဌာနသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ “ စာတတ်မြောက်ဖို့ လူဦးရေ လေးသန်းလောက်တော့ ကျန်တာပေါ့။ ကျန်တဲ့နေရာတွေက ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း ၊ ကချင်ပြည်နယ်မြောက်ပိုင်းပေါ့။ ဝေးလံပြီး ဒေသမငြိမ်မသက်ဖြစ်တဲ့နေရာတွေ ကျန်ပါသေးတယ် ” ဟု ၎င်းက ပြောသည်။ မြန်မာနိုင်ငံတွင် စာတတ်မြောက်ရေးလုပ်ငန်းကို ၁၉၆၀ ပြည့်နှစ်အကျော်တွင် အရှိန်အဟုန်ဖြင့်လှုပ်ရှားခဲ့ပြီး လူထုအခြေပြု စာတတ်မြောက်ရေး အသုံးလုံး လှုပ်ရှားမှုကို ဆောင်ရွက်ခဲ့သည်။ ၎င်းလုပ်ငန်းများအောင်မြင်မှုအပေါ် ၁၉၇၁ ခုနှစ်တွင် မိုဟာမက် ရီဇာပါလာဗီဆုအား ယူနက်စကိုအဖွဲ့မှ ချီးမြှင့်ခဲ့ပြီး ၁၉၈၃ ခုနှစ်တွင် ဂျပန်နိုင်ငံမှ နိုမာဆုကို ပေးအပ်ချီးမြှင့်ခြင်းခံခဲ့ရသည်။ လွတ်လပ်ရေးရယူစဉ်ကာလ ၁၉၄၈ ခုနှစ်စာရင်းတွင် မြန်မာနိုင်ငံ၌ စာတတ်မြောက်သူဦးရေမှာ ၂၄ သိန်းရှိကြောင်း သိရသည်။

“ နိုင်ငံတော်အစိုးရကတော့ နှစ်စဉ် စာမတတ်သူပပျောက်ရေးကိုဆောင်ရွက်နေပါတယ်။ ဆရာတို့ကတော့ ဝေးလံခေါင်ဖျားတဲ့ ဒေသကိုသွားပြီးတော့ စာကြည့်တိုက်တွေဖွင့်ပေးတယ်။ စာသင်ကြားပေးတယ်။ ဆရာဝန်တွေကတော့ ဆေးကုပေးတယ်။ စာမတတ်တဲ့နှုန်းက အခြားနိုင်ငံနဲ့ယှဉ်ရင် ဆရာတို့က ပိုနည်းပါတယ်။  ဘာလို့လဲဆိုတော့ ဆရာတို့ဆီမှာက ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေ ရှိခဲ့တော့ စာမတတ်မြောက်မှုက ပတ်ဝန်းကျင်နိုင်ငံတွေထက် နည်းပါတယ် ’’ ဟု ဦးမျိုးသန့်က ပြောသည်။

ZawGyi Version  

ျမန္မာႏုိင္ငံတြင္ စာမတတ္သူဦးေရ ေလးသန္းခန္႔ က်န္ရွိေနေသးေၾကာင္း စာတတ္ေျမာက္ေရးႏွင့္ ေဒသဖြံ႕ၿဖဳိးမႈကူညီေရးအဖြဲ႔မွ ဥကၠ႒ ဦးမ်ိဳးသန္႔က ေျပာၾကားလုိက္သည္။

ရန္ကုန္တကၠသုိလ္ ၀ိဇၨာခန္းမတြင္ စက္တင္ဘာ(၈)ရက္က က်င္းပေသာ ၂၀၁၉ ခုႏွစ္ ႏုိင္ငံတကာစာတတ္ေျမာက္ေရးေန႔အခမ္းအနားတြင္ စာတတ္ေျမာက္ေရးႏွင့္ ေဒသဖြံ႕ၿဖဳိးမႈကူညီေရးအဖြဲ႔မွ ဥကၠ႒ ဦးမ်ိဳးသန္႔က အကုန္သိသတင္းဌာနသုိ႔ ေျပာၾကားခဲ့ျခင္းျဖစ္သည္။ “ စာတတ္ေျမာက္ဖုိ႔ လူဦးေရ ေလးသန္းေလာက္ေတာ့ က်န္တာေပါ့။ က်န္တဲ့ေနရာေတြက ရခုိင္ျပည္နယ္ေျမာက္ပုိင္း၊ ရွမ္းျပည္နယ္ေျမာက္ပုိင္း ၊ ကခ်င္ျပည္နယ္ေျမာက္ပုိင္းေပါ့။ ေ၀းလံၿပီး ေဒသမၿငိမ္မသက္ျဖစ္တဲ့ေနရာေတြ က်န္ပါေသးတယ္ ” ဟု ၄င္းက ေျပာသည္။ ျမန္မာႏုိင္ငံတြင္ စာတတ္ေျမာက္ေရးလုပ္ငန္းကုိ ၁၉၆၀ ျပည့္ႏွစ္အေက်ာ္တြင္ အရွိန္အဟုန္ျဖင့္လႈပ္ရွားခဲ့ၿပီး လူထုအေျချပဳ စာတတ္ေျမာက္ေရး အသုံးလုံး လႈပ္ရွားမႈကုိ ေဆာင္ရြက္ခဲ့သည္။ ၄င္းလုပ္ငန္းမ်ားေအာင္ျမင္မႈအေပၚ ၁၉၇၁ ခုႏွစ္တြင္ မုိဟာမက္ ရီဇာပါလာဗီဆုအား ယူနက္စကုိအဖြဲ႔မွ ခ်ီးျမွင့္ခဲ့ၿပီး ၁၉၈၃ ခုႏွစ္တြင္ ဂ်ပန္ႏုိင္ငံမွ ႏုိမာဆုကုိ ေပးအပ္ခ်ီးျမွင့္ျခင္းခံခဲ့ရသည္။ လြတ္လပ္ေရးရယူစဥ္ကာလ ၁၉၄၈ ခုႏွစ္စာရင္းတြင္ ျမန္မာႏိုင္ငံ၌ စာတတ္ေျမာက္သူဦးေရမွာ ၂၄ သိန္းရွိေၾကာင္း သိရသည္။

“ ႏုိင္ငံေတာ္အစုိးရကေတာ့ ႏွစ္စဥ္ စာမတတ္သူပေပ်ာက္ေရးကုိေဆာင္ရြက္ေနပါတယ္။ ဆရာတုိ႔ကေတာ့ ေ၀းလံေခါင္ဖ်ားတဲ့ ေဒသကုိသြားၿပီးေတာ့ စာၾကည့္တုိက္ေတြဖြင့္ေပးတယ္။ စာသင္ၾကားေပးတယ္။ ဆရာ၀န္ေတြကေတာ့ ေဆးကုေပးတယ္။ စာမတတ္တဲ့ႏႈန္းက အျခားႏုိင္ငံနဲ႔ယွဥ္ရင္ ဆရာတုိ႔က ပုိနည္းပါတယ္။  ဘာလုိ႔လဲဆုိေတာ့ ဆရာတုိ႔ဆီမွာက ဘုန္းေတာ္ႀကီးသင္ပညာေရးေက်ာင္းေတြ ရွိခဲ့ေတာ့ စာမတတ္ေျမာက္မႈက ပတ္၀န္းက်င္ႏုိင္ငံေတြထက္ နည္းပါတယ္ ’’ ဟု ဦးမ်ိဳးသန္႔က ေျပာသည္။

   -  မင္းသီဟန္(အကုန္သိသတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။