Skip to main content
ဘဟားမား
Ads Block

ေမွ်ာ္လင့္ခ်က္မဲ့ေနသည့္ ေဒသခံေထာင္ေပါင္းမ်ားစြာက ဖြတ္ဖြတ္ညက္ညက္ေၾကသြားေသာ ဘဟားမား မုန္တုိင္းဒဏ္ခံေဒသကုိ စြန္႔ခြာၾကၿပီ  

ဟာရီကိန်း ဒိုရီယန် မွှေနှောက်ခဲ့တာကြောင့် နေအိမ်များစွာ အပျက်အစီးပုံဘ၀ ရောက်သွားခဲ့ပြီး ရေနဲ့ အစားအစာတွေ ပြတ်လပ်နေခဲ့တာ သီတင်းတစ်ပတ်နီးပါးရှိလာတဲ့တိုင် အားကိုးရာမဲ့အနေအထားတွေ ပိုမိုတိုးမြင့်လာခဲ့တာကြောင့် စနေနေ့မှာတော့ ဘဟားမား ဒေသခံထောင်ပေါင်းများစွာဟာ ၎င်းတို့နေရပ်ကို စွန့်ခွာနေကြပြီဖြစ်ကြောင်း သိရပါတယ်။ 

ဘဟားမားမုန္တုိင္း

အကူအညီပေးရေး အုပ်စုတွေဟာ မုန်တိုင်းဖျက်ဆီးသွားခဲ့တဲ့ ကျွန်းဒေသအတွက် အရေးပေါ်အကူအညီတွေ အလျင်စလိုရောက်ရှိနိုင်ဖို့ လုပ်ဆောင်နေပါတယ်။ မုန်တိုင်းဒဏ်ကြောင့် သေဆုံးသူဦးရေ ၄၃ ဦးအထိ မြင့်တက်လာကြောင်း တာဝန်ရှိသူတွေက ပြောဆိုခဲ့ကာ လူဦးရေ ၄၀၀၀၀၀ လောက်နေထိုင်တဲ့ ကျွန်းစုနိုင်ငံမှာ ပျောက်ဆုံးနေသူ အတော်များများ ရှိနေသေးတာကြောင့် သေဆုံးသူဦးရေ မြင့်တက်လာဖို့က ကျိန်းသေသလောက်ဖြစ်နေတယ်လို့ ဆိုပါတယ်။ အကူအညီပေးရေး သင်္ဘောတွေ၊ လေယာဉ်တွေ ထွက်ခွာလာနေပြီဖြစ်သည့်တိုင် မုန်တိုင်းဒဏ်အဆိုးဝါးဆုံးခံခဲ့ရတဲ့ ဂရိတ်အယ်ဘာကိုကျွန်း ဒေသခံတွေကတော့ ကျွန်းကိုစွန့်ခွာကာ လုံခြုံဘေးကင်းဖို့၊ အစားအစာရရှိဖို့အတွက် မြို့တော်နာဆယူသို့ ဦးတည်သွားရောက်နေကြသလို အချို့သူတွေကလည်း ခိုလှုံစရာ၊ အကူအညီအထောက်အပံ့နဲ့ အလုပ်အကိုင်ရနိုင်ရေးအတွက် ဖလော်ရီဒါကို ထွက်ခွာနေကြပါတယ်။ ဂရိတ် အယ်ဘာကိုပေါ်က မာ့ရှ်ဟာဘာ ဆိပ်ကမ်းဒေသမှာ နေအိမ်အဆောက်အအုံတွေနဲ့ အခြေခံအဆောက်အအုံ ၉၀ ရာခိုင်နှုန်းလောက်အထိ ပျက်စီးသွားခဲ့တာဖြစ်ပြီး ဒိုရီယန် ဟာရီကိန်းဟာ ယင်းဒေသကို စံချိန်တင် လေတိုက်နှုန်းနဲ့ နှစ်ရက်လုံးလုံး တိုက်ခတ်ဖျက်ဆီးပစ်ခဲ့တာဖြစ်ကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအစီအမံ WFP က ပြောဆိုပါတယ်။ ထောင်ပေါင်းများစွာသောလူတွေဟာ အစိုးရအဆောက်အအုံတစ်ခု၊ ဆေးဘက်ဆိုင်ရာ စင်တာတစ်ခုနဲ့ ခရစ်ယာန်ဘုရားကျောင်းတစ်ခုမှာ ခိုလှုံနေကြရပေမယ့် သူတို့အတွက် ရေ၊ လျှပ်စစ်မီးနဲ့ တစ်ကိုယ်ရေသန့်ရှင်းရေး ဝန်ဆောင်မှုတွေ အနည်းအကျဉ်းတောင် မရကြကြောင်း WFP က ထုတ်ပြန်ပါတယ်။ 

လိုအပ်ချက်တွေက ဖြစ်သင့်တာထက်ကို ပိုဆိုးနေကာ ဒေသခံထောင်ပေါင်းများစွာ နေ့စဉ်နဲ့အမျှ ထွက်ခွာမှုတွေရှိနေပြီး ဖယ်ရီတွေနဲ့ တရွေ့ရွေ့ နေရပ်စွန့်ခွာနေကြကြောင်း WFP ပြောရေးဆိုခွင့်ရှိသူ ဟာဗီ ဗာဟူဆယ်လ်က ပြောဆိုခဲ့ပါတယ်။ 

ZawGyi

ဟာရီကိန္း ဒုိရီယန္ ေမႊေႏွာက္ခဲ့တာေၾကာင့္ ေနအိမ္မ်ားစြာ အပ်က္အစီးပုံဘ၀ ေရာက္သြားခဲ့ၿပီး ေရနဲ႔ အစားအစာေတြ ျပတ္လပ္ေနခဲ့တာ သီတင္းတစ္ပတ္နီးပါးရွိလာတဲ့တုိင္ အားကုိးရာမဲ့အေနအထားေတြ ပုိမုိတုိးျမင့္လာခဲ့တာေၾကာင့္ စေနေန႔မွာေတာ့ ဘဟားမား ေဒသခံေထာင္ေပါင္းမ်ားစြာဟာ ၄င္းတုိ႔ေနရပ္ကုိ စြန္႕ခြာေနၾကၿပီျဖစ္ေၾကာင္း သိရပါတယ္။ 

အကူအညီေပးေရး အုပ္စုေတြဟာ မုန္တုိင္းဖ်က္ဆီးသြားခဲ့တဲ့ ကၽြန္းေဒသအတြက္ အေရးေပၚအကူအညီေတြ အလ်င္စလုိေရာက္ရွိႏုိင္ဖုိ႔ လုပ္ေဆာင္ေနပါတယ္။ မုန္တုိင္းဒဏ္ေၾကာင့္ ေသဆုံးသူဦးေရ ၄၃ ဦးအထိ ျမင့္တက္လာေၾကာင္း တာ၀န္ရွိသူေတြက ေျပာဆုိခဲ့ကာ လူဦးေရ ၄၀၀၀၀၀ ေလာက္ေနထုိင္တဲ့ ကၽြန္းစုႏုိင္ငံမွာ ေပ်ာက္ဆုံးေနသူ အေတာ္မ်ားမ်ား ရွိေနေသးတာေၾကာင့္ ေသဆုံးသူဦးေရ ျမင့္တက္လာဖုိ႔က က်ိန္းေသသေလာက္ျဖစ္ေနတယ္လုိ ့ ဆုိပါတယ္။ အကူအညီေပးေရး သေဘၤာေတြ၊ ေလယာဥ္ေတြ ထြက္ခြာလာေနၿပီျဖစ္သည့္တုိင္ မုန္တုိင္းဒဏ္အဆုိး၀ါးဆုံးခံခဲ့ရတဲ့ ဂရိတ္အယ္ဘာကုိကၽြန္း ေဒသခံေတြကေတာ့ ကၽြန္းကုိစြန္႕ခြာကာ လုံၿခဳံေဘးကင္းဖုိ႕၊ အစားအစာရရွိဖုိ ့အတြက္ ၿမိဳ႕ေတာ္နာဆယူသုိ ့ ဦးတည္သြားေရာက္ေနၾကသလုိ အခ်ဳိ႕သူေတြကလည္း ခုိလႈံစရာ၊ အကူအညီအေထာက္အပံ့နဲ႕ အလုပ္အကုိင္ရႏုိင္ေရးအတြက္ ဖေလာ္ရီဒါကုိ ထြက္ခြာေနၾကပါတယ္။ ဂရိတ္ အယ္ဘာကုိေပၚက မာ့ရွ္ဟာဘာ ဆိပ္ကမ္းေဒသမွာ ေနအိမ္အေဆာက္အအုံေတြနဲ႔ အေျခခံအေဆာက္အအုံ ၉၀ ရာခုိင္ႏႈန္းေလာက္အထိ ပ်က္စီးသြားခဲ့တာျဖစ္ၿပီး ဒုိရီယန္ ဟာရီကိန္းဟာ ယင္းေဒသကုိ စံခ်ိန္တင္ ေလတုိက္ႏႈန္းနဲ႔ ႏွစ္ရက္လုံးလုံး တုိက္ခတ္ဖ်က္ဆီးပစ္ခဲ့တာျဖစ္ေၾကာင္း ကမာၻ႕စားနပ္ရိကၡာအစီအမံ WFP က ေျပာဆုိပါတယ္။ ေထာင္ေပါင္းမ်ားစြာေသာလူေတြဟာ အစုိးရအေဆာက္အအုံတစ္ခု၊ ေဆးဘက္ဆုိင္ရာ စင္တာတစ္ခုနဲ႔ ခရစ္ယာန္ဘုရားေက်ာင္းတစ္ခုမွာ ခုိလႈံေနၾကရေပမယ့္ သူတုိ႔အတြက္ ေရ၊ လွ်ပ္စစ္မီးနဲ႔ တစ္ကုိယ္ေရသန္႔ရွင္းေရး ၀န္ေဆာင္မႈေတြ အနည္းအက်ဥ္းေတာင္ မရၾကေၾကာင္း WFP က ထုတ္ျပန္ပါတယ္။ 

လုိအပ္ခ်က္ေတြက ျဖစ္သင့္တာထက္ကုိ ပုိဆုိးေနကာ ေဒသခံေထာင္ေပါင္းမ်ားစြာ ေန႔စဥ္နဲ႔အမွ် ထြက္ခြာမႈေတြရွိေနၿပီး ဖယ္ရီေတြနဲ႔ တေရြ႕ေရြ႕ ေနရပ္စြန္႔ခြာေနၾကေၾကာင္း WFP ေျပာေရးဆုိခြင့္ရွိသူ ဟာဗီ ဗာဟူဆယ္လ္က ေျပာဆုိခဲ့ပါတယ္။ 

    -  ကုိလင္း(အကုန္သိသတင္းဌာန)  Ref;Reuters 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။