Skip to main content
ေဒါက္တာ
Ads Block

ကုန္ေစ်းႏႈန္းက်ဆင္းေအာင္ NLD ပါတီဘက္က အျမန္ဆံုး ႀကိဳးစားေဆာင္ရြက္ေနေၾကာင္း ေဒါက္တာ မ်ဳိးညြန္ ့ေျပာ

ကုန်ဈေးနှုန်းကျဆင်းအောင် NLD ပါတီဘက်က အမြန်ဆုံး ကြိုးစားဆောင်ရွက်နေကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောကြားလိုက်သည်။

လတ်တလောအခြေခံစားကုန်များ ဈေးနှုန်းကြီးမြင့်နေသည့်အပေါ် စက်တင်ဘာ(၈)ရက်တွင် အကုန်သိသတင်းဌာနမှ ဆက်သွယ်မေးမြန်းရာ NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောကြားခဲ့ခြင်းဖြစ်သည်။ “ ကုန်ဈေးနှုန်းကြီးမြင့်တဲ့ဒဏ်ကို ပြည်သူတွေခံစားနေရတာ ကျွန်တော်တို့ပါတီက ဖြေရှင်းဖို့ကြိုးစားနေပါတယ်။ ပါတီမှာ ဗဟိုစီးပွားရေးကော်မတီရှိပါတယ်။ ကော်မတီကနေ လုပ်ငန်းရှင်တွေနဲ့တွေ့ဆုံပြီး လတ်တလော ရေတိုဖြေရှင်းဖို့ ကြိုးစားနေတာမဟုတ်ဘဲ ရေရှည်ပြေလည်ဖို့ စီမံချက်တွေနဲ့လုပ်ဆောင်နေပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာ စီးပွားရေးက အဘက်ဘက်က ယိုယွင်းခဲ့သလို နိုင်ငံရဲ့ဘဏ္ဍာရေးကလည်း ကျဆင်းခဲ့ပါတယ်။ စီးပွားရေးချွတ်ယွင်းချက်တွေကလည်း ရှိနေတော့ ဒီအခြေအနေကို နိုင်ငံသားတွေအတွက် အမြန်ဆုံး ကြိုးစားဆောင်ရွက်နေပါတယ် ’’ ဟု ၎င်းက ပြောသည်။ လတ်တလောတွင် ကြက်ဥတစ်လုံး ကျပ် ၂၀၀၊ ကန်စွန်းရွက်တစ်စည်း ၄၀၀၊ ဆန်ကြမ်း တစ်ပြည် ကျပ် ၁၀၀၀ ကျော်ရှိပြီး အခြေခံစားသောက်ကုန်များမှာ သြဂုတ်လမှ စတင်ကာ ကြီးမြင့်လာခဲ့ခြင်းဖြစ်သည်။

“ မီတာခတွေကြောင့် ခါတိုင်းဝယ်နေကျ ကြောင်လျှာသီးက တစ်တောင့် ၁၅၀ ကျပ်ကနေ ၅၀၀ ဆိုတယ်။ ဝယ်ချင်ဝယ် မဝယ်ချင်နေလို့ ဈေးသည်က ပြောသေးတယ်။ ဒါတွေက ဘယ်သူ့မှာ တာဝန်ရှိလဲ။ အမြန်ဆုံးဆောင်ရွက်ပေး ’’ ဟု ဒဂုံတောင် ၅၆ ရပ်ကွက်နေ ဒေါ်ခင်အေးက ပြောသည်။

ZawGyi

ကုန္ေစ်းႏႈန္းက်ဆင္းေအာင္ NLD ပါတီဘက္က အျမန္ဆံုး ႀကိဳးစားေဆာင္ရြက္ေနေၾကာင္း ပါတီေျပာေရးဆုိခြင့္ရွိသူ ေဒါက္တာမ်ိဳးညြန္႔က ေျပာၾကားလုိက္သည္။

လတ္တေလာအေျခခံစားကုန္မ်ား ေစ်းႏႈန္းႀကီးျမင့္ေနသည့္အေပၚ စက္တင္ဘာ(၈)ရက္တြင္ အကုန္သိသတင္းဌာနမွ ဆက္သြယ္ေမးျမန္းရာ NLD ပါတီ ေျပာေရးဆုိခြင့္ရွိသူ ေဒါက္တာမ်ိဳးညြန္႔က ေျပာၾကားခဲ့ျခင္းျဖစ္သည္။ “ ကုန္ေစ်းႏႈန္းႀကီးျမင့္တဲ့ဒဏ္ကုိ ျပည္သူေတြခံစားေနရတာ ကြ်န္ေတာ္တုိ႔ပါတီက ေျဖရွင္းဖုိ႔ႀကဳိးစားေနပါတယ္။ ပါတီမွာ ဗဟုိစီးပြားေရးေကာ္မတီရွိပါတယ္။ ေကာ္မတီကေန လုပ္ငန္းရွင္ေတြနဲ႔ေတြ႔ဆုံၿပီး လတ္တေလာ ေရတုိေျဖရွင္းဖုိ႔ ႀကဳိးစားေနတာမဟုတ္ဘဲ ေရရွည္ေျပလည္ဖုိ႔ စီမံခ်က္ေတြနဲ႔လုပ္ေဆာင္ေနပါတယ္။ ကၽြန္ေတာ္တုိ႔ ႏုိင္ငံမွာ စီးပြားေရးက အဘက္ဘက္က ယုိယြင္းခဲ့သလုိ ႏုိင္ငံရဲ႕ဘ႑ာေရးကလည္း က်ဆင္းခဲ့ပါတယ္။ စီးပြားေရးခၽြတ္ယြင္းခ်က္ေတြကလည္း ရွိေနေတာ့ ဒီအေျခအေနကုိ ႏုိင္ငံသားေတြအတြက္ အျမန္ဆုံး ႀကိဳးစားေဆာင္ရြက္ေနပါတယ္ ’’ ဟု ၄င္းက ေျပာသည္။ လတ္တေလာတြင္ ၾကက္ဥတစ္လုံး က်ပ္ ၂၀၀၊ ကန္စြန္းရြက္တစ္စည္း ၄၀၀၊ ဆန္ၾကမ္း တစ္ျပည္ က်ပ္ ၁၀၀၀ ေက်ာ္ရွိၿပီး အေျခခံစားေသာက္ကုန္မ်ားမွာ ၾသဂုတ္လမွ စတင္ကာ ႀကီးျမင့္လာခဲ့ျခင္းျဖစ္သည္။

“ မီတာခေတြေၾကာင့္ ခါတုိင္း၀ယ္ေနက် ေၾကာင္လွ်ာသီးက တစ္ေတာင့္ ၁၅၀ က်ပ္ကေန ၅၀၀ ဆုိတယ္။ ၀ယ္ခ်င္၀ယ္ မ၀ယ္ခ်င္ေနလုိ႔ ေစ်းသည္က ေျပာေသးတယ္။ ဒါေတြက ဘယ္သူ႔မွာ တာ၀န္ရွိလဲ။ အျမန္ဆုံးေဆာင္ရြက္ေပး ’’ ဟု ဒဂုံေတာင္ ၅၆ ရပ္ကြက္ေန ေဒၚခင္ေအးက ေျပာသည္။

   -  မင္းသီဟန္ (အကုန္သိသတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။