Skip to main content
မှုခင်း
Ads Block



လွိုင်ကော်မြို့၊ ပန်ကန်းကျေးရွာ စိုက်ကွင်း(၃)လမ်းဆုံအနီးတွင် စက်တင်ဘာလ ၇ ရက်၊ ည ၇ နာရီခွဲခန့်က အသက် ၁၇ နှစ်အရွယ် မမိုးအိနြေ္ဒာကို လူနှစ်ယောက်စီးဆိုင်ကယ်တစ်စီးပေါ်က အမျိုးသားတို့ကဓားဖြင့် ခုတ်လိုက်သဖြင့် ဒဏ်ရာရရှိသွားခဲ့ခြင်းဖြစ်ကြောင်း လွိုင်ကော်မြို့မ ရဲတပ်ဖွဲ့ထံမှ သိရသည်။

mmrjtde

ဓားခုတ်ခံရသည့် မမိုးအိနြေ္ဒာ (၁၇)နှစ်၏၀ဲဦးခေါင်းဘက်ဂျိုစောင်းဘက်၌ ၄ လက်မခန့်ပြတ်ရှဒဏ်ရာကြီးတစ်ချက်ရရှိသွားသဖြင့် လွိုင်ကော်ပြည်သူ့ဆေးရုံသို့ဆေးဝါးကုသမှုခံယူခဲ့ရပြီး အရေးယူပေးရန်တိုင်ကြားချက်အရ ရဲတပ်ဖွဲ့ကဖြစ်စဉ်ကို စုံစမ်းခဲ့ကြပြီး ပြစ်မှုကျူးလွန်သူနှစ်ဦးကို ယနေ့(စက်တင်ဘာ ၈ ရက်)၊ နံနက်အစောပိုင်း ၁ နာရီခန့်တွင် လွိုင်ကော်မြို့၊ မထောခူကျေးရွာအုပ်စု၊ ရေနီကန်ကျေးရွာ၌ ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဖမ်းဆီးရမိသူနှစ်ဦးမှာ ရေနီကန်ကျေးရွာနေ သန်းဇော်ဦး  ၂၃ နှစ် နှင့် နေလင်းထွန်း ၁၉ နှစ်တို့ဖြစ်ကြပြီး ဒီးမော့ဆိုမြို့ မှ လွိုင်ကော်မြို့သို့ပြန်လာသည့် ဒဏ်ရာရရှိသူမမိုးအိနြေ္ဒာကိုမှာ ၎င်းနှင့်အတူဆိုင်ကယ်တစ်စီးစီဖြင့် စီးနင်းလာကြရင်းအခင်းဖြစ်နေရာအရောက်၌ အနောက်တွင်ကျန်ရစ်နေသည့်ယောက္ခမဖြစ်သူကိုစောင့်ဆိုင်းနေခဲ့သည်ဟု ရဲမှတ်တမ်းအရ သိရသည်။

ထိုအချိန်တွင် နေလင်းထွန်း(၁၉)နှစ်မောင်းနှင့်ပြီး နောက်ကထိုင်လျက်လိုက်လာသူ သန်းဇော်ဦး(၂၃)နှစ်က အရိုးအသွား(၁၅)လက်မရှိ ဓားမဖြင့် မိုးအိနြေ္ဒာကို၏ဦးခေါင်းကို အကြောင်းမဲ့ခုတ်လိုက်ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။


\jo'uglfykltkrft35e



 

 

Unicode Version

 

 

 

လမ်းဘေးတွင်ရပ်နားနေသော မိန်းကလေးကို အကြောင်းမဲ့ဓားဖြင့် ခုတ်သူနှစ်ဦးကို ဖမ်းဆီး

ဆိုင်ကယ်ဖြင့် လမ်းဘေး၌ခေတ္တရပ်နားနေသည့် အမျိုးသမီးကို ဆိုင်ကယ်စီးနှင်လာသူနှစ်ဦးကို ဓားဖြင့်အကြောင်းမဲ့ခုတ်လိုက်သည့် ဖြစ်စဉ်တစ်ခု ကယားပြည်နယ်၊ လွိုင်ကော်မြို့၌ဖြစ်ပွားကြောင်း သတင်းရရှိသည်။

လွိုင်ကော်မြို့၊ ပန်ကန်းကျေးရွာ စိုက်ကွင်း(၃)လမ်းဆုံအနီးတွင် စက်တင်ဘာလ ၇ ရက်၊ ည ၇ နာရီခွဲခန့်က အသက် ၁၇ နှစ်အရွယ် မမိုးအိန္ဒြောကို လူနှစ်ယောက်စီးဆိုင်ကယ်တစ်စီးပေါ်က အမျိုးသားတို့ကဓားဖြင့် ခုတ်လိုက်သဖြင့် ဒဏ်ရာရရှိသွားခဲ့ခြင်းဖြစ်ကြောင်း လွိုင်ကော်မြို့မ ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဓားခုတ်ခံရသည့် မမိုးအိန္ဒြော (၁၇)နှစ်၏ဝဲဦးခေါင်းဘက်ဂျိုစောင်းဘက်၌ ၄ လက်မခန့်ပြတ်ရှဒဏ်ရာကြီးတစ်ချက်ရရှိသွားသဖြင့် လွိုင်ကော်ပြည်သူ့ဆေးရုံသို့ဆေးဝါးကုသမှုခံယူခဲ့ရပြီး အရေးယူပေးရန်တိုင်ကြားချက်အရ ရဲတပ်ဖွဲ့ကဖြစ်စဉ်ကို စုံစမ်းခဲ့ကြပြီး ပြစ်မှုကျူးလွန်သူနှစ်ဦးကို ယနေ့(စက်တင်ဘာ ၈ ရက်)၊ နံနက်အစောပိုင်း ၁ နာရီခန့်တွင် လွိုင်ကော်မြို့၊ မထောခူကျေးရွာအုပ်စု၊ ရေနီကန်ကျေးရွာ၌ ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဖမ်းဆီးရမိသူနှစ်ဦးမှာ ရေနီကန်ကျေးရွာနေ သန်းဇော်ဦး  ၂၃ နှစ် နှင့် နေလင်းထွန်း ၁၉ နှစ်တို့ဖြစ်ကြပြီး ဒီးမော့ဆိုမြို့ မှ လွိုင်ကော်မြို့သို့ပြန်လာသည့် ဒဏ်ရာရရှိသူမမိုးအိန္ဒြောကိုမှာ ၎င်းနှင့်အတူဆိုင်ကယ်တစ်စီးစီဖြင့် စီးနင်းလာကြရင်းအခင်းဖြစ်နေရာအရောက်၌ အနောက်တွင်ကျန်ရစ်နေသည့်ယောက္ခမဖြစ်သူကိုစောင့်ဆိုင်းနေခဲ့သည်ဟု ရဲမှတ်တမ်းအရ သိရသည်။

ထိုအချိန်တွင် နေလင်းထွန်း(၁၉)နှစ်မောင်းနှင့်ပြီး နောက်ကထိုင်လျက်လိုက်လာသူ သန်းဇော်ဦး(၂၃)နှစ်က အရိုးအသွား(၁၅)လက်မရှိ ဓားမဖြင့် မိုးအိန္ဒြောကို၏ဦးခေါင်းကို အကြောင်းမဲ့ခုတ်လိုက်ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

“ဒီနေ့မနက်ပိုင်းကပဲဖမ်းဆီးရမိတဲ့အတွက် လက်ရှိမှာ အမှုဖွင့်ထားပြီးပါပြီ။ တရားလိုပြောပြချက်ကတော့ အကြောင်းမဲ့ခုတ်ခံလိုက်ရတာလို့ သိရတယ်။ဖမ်းဆီးရမိတဲ့ပြစ်မှုကျူးလွန်သူနှစ်ဦးရဲ့ထွက်ဆိုချက်ကတော့ အမှုစစ်ပဲသိလိမ့်မယ်။ဒီမနက်ကမှ ဖမ်းဆီးရမိတာဆိုတော့ စစ်ဆေးနေဆဲပါ” ဟု လွိုင်ကော်မြို့မရဲစခန်းက တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သူ နေလင်းထွန်း(၁၉)နှစ်နှင့် သန်းဇော်ဦး(၂၃)နှစ်တို့ကို ရာဇသတ်ကြီးပုဒ်မ - ၃၂၆/၁၁၄ ဖြင့် လွိုင်ကော်မြို့မရဲစခန်း၌ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

- ဒါးဇ(အကုန်သိသတင်းဌာန)                                      Source - နိုင်ငံတော်မှတ်ကြီး(လွိုင်ကော်)

 

 

 

 

အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။