Skip to main content
ဘဏ္
Ads Block

ဘဏ္မ်ားႏွင့္ပတ္သက္၍ မစိုးရိမ္ရန္ ဗဟိုဘဏ္က ထုတ္ျပန္ခဲ့ေသာ္လည္း ေငြထုတ္ယူသူ မ်ားျပားခဲ့

ဘဏ်များနှင့်ပတ်သက်၍ စိုးရိမ်ပူပန်စရာမရှိကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် စက်တင်ဘာ ၂ ရက်တွင် ထုတ်ပြန်ခဲ့သော်လည်း ယခုရက်ပိုင်းအတွင်း ပြည်သူများအနေဖြင့် စိုးရိမ်ပူပန်မှုကြောင့် ငွေထုတ်ယူမှု များပြားနေကြောင်း ဗဟိုဘဏ်မှ သိရသည်။

ဘဏ္

ဘဏ်တွင် ငွေအပ်နှံထားသော ပြည်သူများအနေဖြင့် ၂၀၀၃ ခုနှစ်က ဖြစ်ခဲ့ဖူးသော ဘဏ်ပြိုလဲမှုဖြစ်ရပ်မျိုးကို စိုးရိမ်စိတ်ပြင်းထန်နေမည်ဖြစ်သော်လည်း လက်ရှိခေတ်ကာလအနေအထားအရ ဘဏ်များပြိုလဲရန်မှာ လုံးဝမဖြစ်နိုင်သောအနေအထားမျိုးသာဖြစ်ကြောင်း၊ စိုးရိမ်စိတ်လွန်၍ ပြည်သူအားလုံးက ငွေဝိုင်းထုတ်မှသာလျှင် ဘဏ်များက အလုပ်လုပ်ရခက်သွားလိမ့်မည်သာဖြစ်ကြောင်းလည်း ဘဏ်အသိုင်းအဝိုင်းဘက်က ရှင်းပြနေရသည်။ “ ဗဟိုဘဏ်အနေနဲ့ ပြည်သူလူထုကို မလိုအပ်ဘဲ ခိုင်လုံသော အကြောင်းအရာ မရှိဘဲ ကောလာဟလ လျှောက်ပြောနေတာတွေကို ယုံကြည်ပြီး စိုးရိမ်ကြောင့်ကြ ဖြစ်မှာစိုးလို့ ဒီစာကို ထုတ်လိုက်တာပဲလေ။ ဒါကို ပူပန်နေကြတာကို ဘယ်လိုပြောရမလဲမသိဘူး။ ကြာသပတေး၊ သောကြာ (၂) ရက်မှာ စိတ်ပူလို့ စိတ်မချလို့ သွားထုတ်တဲ့သူတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီသူတွေ အကုန်လုံး ပိုက်ဆံထုတ်လို့မရခဲ့သူ ၊ ထုတ်လို့အဆင်မပြေသူတွေ မရှိခဲ့ဘဲ အားလုံးရခဲ့ကြပါတယ်။ အဲဒါကို ထုတ်ယူခဲ့ကြသူတွေ အသိပါပဲ ။သူတို့သာ မရခဲ့ အဆင်မပြေခဲ့ရင် ပူပင်စရာ အခြေအနေဖြစ်ခဲ့ရင် ခုချိန်ဆို အော်နေရောပေါ့ ။ သတင်းတွေ ဖွနေကြရောပေါ့။ ပြောချင်တာကတော့ ပူပန်ရင်လည်း သွားထုတ်ပါ။ ထုတ်လို့ လွယ်ကူစွာရပါမယ်။ အချိန်ကုန်ပြီး အိမ်မှာ ထိန်းသိမ်းရတာပဲ အဖတ်တင်မယ်လို့ ပြောချင်ပါတယ် ” ဟု မြန်မာနိုင်ငံတော်ဗဟိုဘဏ် ညွှန်ကြားရေးမှုးချုပ် ဦးဝင်းသော်က ပြောသည်။ လုပ်ငန်းရှင်များအား ထုတ်ချေးထားသည့် ဘဏ်ချေးငွေနှင့်ပတ်သက်၍ သြဂုတ်လ ၂၇ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည့် ပြည်သူ့လွှတ်တော်အစည်းအဝေး၌ ဗဟိုဘဏ်အနေဖြင့် ပြန်မဆပ်နိုင်သည့် ချေးငွေကို သတ်မှတ်ရာတွင် ဘဏ်တစ်ခုချင်းစီ၏ သဘောသဘာဝအပေါ်မူတည်၍ သတ်မှတ်ပေးနိုင်ခြင်းရှိ/မရှိ မေးခွန်းမေးမြန်းသည့်အပေါ် ဗဟိုဘဏ်ဒုဥက္ကဋ္ဌက ပြန်လည်ဖြေကြားခဲ့ရာမှစတင်ပြီး ပြည်သူလူထုဘက်တွင် စိုးရိမ်ပူပန်မှုရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ သို့သော် ဗဟိုဘဏ်အနေဖြင့် ၎င်းဖြေကြားချက်အပေါ် ဗဟိုဘဏ်၏ ရပ်တည်ချက်နှင့် ကိုက်ညီမှုမရှိကြောင်း စက်တင်ဘာ ၂ ရက်တွင် ထုတ်ပြန်ခဲ့ပြီး ပြည်သူလူထုအနေနှင့် စိုးရိမ်ပူပန်မှုမရှိရန် နိုင်ငံပိုင်သတင်းစာတွင် ကြေညာခဲ့သည်။

ယင်းအပြင် ဗဟိုဘဏ်မှ ကြေညာချက်ထုတ်ပြန်ပြီးနောက်ပိုင်း ဗဟိုဘဏ်ဒုဥက္ကဋ္ဌ ဦးစိုးသိန်းကလည်း နုတ်ထွက်စာတင်ထားပြီး လက်ရှိအချိန်ထိ အတည်မပြုရသေးကြောင်း နီးစပ်သည့် အသိုင်းအဝိုင်းများ၏ ပြောဆိုချက်အရ သိရသည်။

ZawGyi

ဘဏ္မ်ားႏွင့္ပတ္သက္၍ စိုးရိမ္ပူပန္စရာမရွိေၾကာင္း ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္အေနျဖင့္ စက္တင္ဘာ ၂ ရက္တြင္ ထုတ္ျပန္ခဲ့ေသာ္လည္း ယခုရက္ပိုင္းအတြင္း ျပည္သူမ်ားအေနျဖင့္ စိုးရိမ္ပူပန္မႈေၾကာင့္ ေငြထုတ္ယူမႈ မ်ားျပားေနေၾကာင္း ဗဟိုဘဏ္မွ သိရသည္။

ဘဏ္တြင္ ေငြအပ္ႏွံထားေသာ ျပည္သူမ်ားအေနျဖင့္ ၂၀၀၃ ခုႏွစ္က ျဖစ္ခဲ့ဖူးေသာ ဘဏ္ျပိဳလဲမႈျဖစ္ရပ္မ်ဳိးကုိ စုိးရိမ္စိတ္ျပင္းထန္ေနမည္ျဖစ္ေသာ္လည္း လက္ရွိေခတ္ကာလအေနအထားအရ ဘဏ္မ်ားျပိဳလဲရန္မွာ လုံး၀မျဖစ္ႏုိင္ေသာအေနအထားမ်ဳိးသာျဖစ္ေၾကာင္း၊ စုိးရိမ္စိတ္လြန္၍ ျပည္သူအားလုံးက ေငြ၀ုိင္းထုတ္မွသာလွ်င္ ဘဏ္မ်ားက အလုပ္လုပ္ရခက္သြားလိမ့္မည္သာျဖစ္ေၾကာင္းလည္း ဘဏ္အသုိင္းအ၀ုိင္းဘက္က ရွင္းျပေနရသည္။ “ ဗဟိုဘဏ္အေနနဲ႔ ျပည္သူလူထုကို မလိုအပ္ဘဲ ခိုင္လံုေသာ အေၾကာင္းအရာ မရွိဘဲ ေကာလာဟလ ေလွ်ာက္ေျပာေနတာေတြကို ယံုၾကည္ၿပီး စိုးရိမ္ေၾကာင့္ၾက ျဖစ္မွာစိုးလို႔ ဒီစာကို ထုတ္လိုက္တာပဲေလ။ ဒါကို ပူပန္ေနၾကတာကို ဘယ္လိုေျပာရမလဲမသိဘူး။ ၾကာသပေတး၊ ေသာၾကာ (၂) ရက္မွာ စိတ္ပူလို႔ စိတ္မခ်လို႔ သြားထုတ္တဲ့သူေတြ ရွိခဲ့ပါတယ္။ ဒါေပမဲ့ အဲဒီသူေတြ အကုန္လံုး ပိုက္ဆံထုတ္လို႔မရခဲ့သူ ၊ ထုတ္လို႔အဆင္မေျပသူေတြ မရွိခဲ့ဘဲ အားလံုးရခဲ့ၾကပါတယ္။ အဲဒါကို ထုတ္ယူခဲ့ၾကသူေတြ အသိပါပဲ ။သူတို႔သာ မရခဲ့ အဆင္မေျပခဲ့ရင္ ပူပင္စရာ အေျခအေနျဖစ္ခဲ့ရင္ ခုခ်ိန္ဆို ေအာ္ေနေရာေပါ့ ။ သတင္းေတြ ဖြေနၾကေရာေပါ့။ ေျပာခ်င္တာကေတာ့ ပူပန္ရင္လည္း သြားထုတ္ပါ။ ထုတ္လို႔ လြယ္ကူစြာရပါမယ္။ အခ်ိန္ကုန္ၿပီး အိမ္မွာ ထိန္းသိမ္းရတာပဲ အဖတ္တင္မယ္လို႔ ေျပာခ်င္ပါတယ္ ” ဟု ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္ ၫႊန္ၾကားေရးမႈးခ်ဳပ္ ဦးဝင္းေသာ္က ေျပာသည္။ လုပ္ငန္းရွင္မ်ားအား ထုတ္ေခ်းထားသည့္ ဘဏ္ေခ်းေငြႏွင့္ပတ္သက္၍ ၾသဂုတ္လ ၂၇ ရက္တြင္ က်င္းပျပဳလုပ္ခဲ့သည့္ ျပည္သူ႔လႊတ္ေတာ္အစည္းအေဝး၌ ဗဟိုဘဏ္အေနျဖင့္ ျပန္မဆပ္ႏိုင္သည့္ ေခ်းေငြကို သတ္မွတ္ရာတြင္ ဘဏ္တစ္ခုခ်င္းစီ၏ သေဘာသဘာဝအေပၚမူတည္၍ သတ္မွတ္ေပးႏိုင္ျခင္းရွိ/မရွိ ေမးခြန္းေမးျမန္းသည့္အေပၚ ဗဟိုဘဏ္ဒုဥကၠ႒က ျပန္လည္ေျဖၾကားခဲ့ရာမွစတင္ျပီး ျပည္သူလူထုဘက္တြင္ စိုးရိမ္ပူပန္မႈရွိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ သို႔ေသာ္ ဗဟိုဘဏ္အေနျဖင့္ ၄င္းေျဖၾကားခ်က္အေပၚ ဗဟိုဘဏ္၏ ရပ္တည္ခ်က္ႏွင့္ ကိုက္ညီမႈမရွိေၾကာင္း စက္တင္ဘာ ၂ ရက္တြင္ ထုတ္ျပန္ခဲ့ၿပီး ျပည္သူလူထုအေနႏွင့္ စိုးရိမ္ပူပန္မႈမရွိရန္ ႏိုင္ငံပိုင္သတင္းစာတြင္ ေၾကညာခဲ့သည္။

ယင္းအျပင္ ဗဟိုဘဏ္မွ ေၾကညာခ်က္ထုတ္ျပန္ၿပီးေနာက္ပိုင္း ဗဟိုဘဏ္ဒုဥကၠ႒ ဦးစိုးသိန္းကလည္း ႏုတ္ထြက္စာတင္ထားၿပီး လက္ရွိအခ်ိန္ထိ အတည္မျပဳရေသးေၾကာင္း နီးစပ္သည့္ အသိုင္းအဝိုင္းမ်ား၏ ေျပာဆိုခ်က္အရ သိရသည္။

    - စုသက္ႏွင္း(အကုန္သိသတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။