Skip to main content
ထုိင္းေလယာဥ္မယ္
Ads Block

နာမည္ေက်ာ္ ကုန္အမွတ္တံဆိပ္ပစၥည္းေတြကို ခႏၶာကုိယ္မွာပတ္ခ်ည္ခုိးသြင္းခဲ့တဲ့ ထုိင္းေလယာဥ္မယ္

အီတလီနိုင်ငံမှ နာမည်ကျော် ကုန်အမှတ်တံဆိပ်တွေကို အခွန်မဆောင်ဘဲ ခိုးသွင်းခဲ့တဲ့ ထိုင်းလေကြောင်းလိုင်း လေယာဉ်မယ်တစ်ဦးကို ဖမ်းဆီးအမှုဖွင့်လိုက်ကြောင်း သိရပါတယ်။ 

သွင်းကုန်ခွန်ရှောင်လိုတဲ့ ရည်ရွယ်ချက်နဲ့ ကုန်ပစ္စည်းတွေကို ခွင့်ပြုတဲ့ပမာဏထက် ပိုမိုသယ်ဆောင်ခြင်း၊ တရားမဝင် ကုန်ပစ္စည်းတွေကို ခိုးသွင်းခြင်းတွေမလုပ်အောင် ကုမ္ပဏီအနေနဲ့ ၎င်းတို့ ဝန်ထမ်းတွေကို တားမြစ်ကန့်သတ်ထားတဲ့ ပေါ်လစီရှိကြောင်း ယင်းလေကြောင်းလိုင်းမှ ဝန်ဆောင်မှုဌာန ညွှန်ကြားရေးမှူး ဆူသီရတ် သီရိပါလာနွန်က ပြောဆိုပါတယ်။ လေကြောင်းလိုင်းအနေနဲ့ ဝန်ထမ်းတွေရဲ့သံသယဖြစ်စရာ အပြုအမူတွေကို အနီးကပ် စောင့်ကြည့်စစ်ဆေးမှုတွေရှိကာ အပြစ်ကျူးလွန်တဲ့ ဝန်ထမ်းတွေကို ဖမ်းဆီးဖို့အကောက်ခွန်တာဝန်ရှိသူတွေကို အကြောင်းကြားအသိပေးကြောင်း မစ္စတာ ဆူသီရတ်က ဆိုပါတယ်။ အခွန်ရှောင်နိုင်ဖို့အတွက် ကုန်ပစ္စည်းတွေကို ခွင့်ပြုပေးထားတဲ့ ပမာဏထက် ပိုမိုသယ်ဆောင်လာခဲ့တဲ့ လေယာဉ်မယ်ကို သတင်းပေးချက်အရ အကောက်ခွန်အရာရှိတွေ ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ယင်းလေယာဉ်မယ်ဟာ အီတလီကနေ ပျံသန်းလာတဲ့ ထိုင်းလေကြောင်းလိုင်း THAI လေယာဉ်ပေါ်လိုက်ပါလာခဲ့သူဖြစ်ပါတယ်။ အမည်ထုတ်ပြောခြင်းမရှိတဲ့ ယင်းလေယာဉ်မယ်ကို စည်းကမ်းပိုင်းအရ အရေးယူဖို့ပြင်ဆင်နေကြောင်းလည်း THAI က ဆိုပါတယ်။ အမြင့်ဆုံး ပြစ်ဒဏ်အနေနဲ့ သူမ အလုပ်ထုတ်ခံရနိုင်ကြောင်း မစ္စတာ ဆူသီရတ်က ပြောဆိုပါတယ်။ 

ထိုင်းရုပ်သံ ချန်နယ်-၃ မှာ ပြသခဲ့မှုအရ ခါးပတ်၊ အိတ်စတဲ့ နာမည်ကျော် အမှတ်တံဆိပ်များစွာကို လေယာဉ်မယ်က သူမခန္ဓာကိုယ်မှာ ပတ်ချည်ကာ အပေါ်အင်္ကျီဖုံးဝတ်ပြီး သယ်ဆောင်လာတာ တွေ့ရပါတယ်။ 

ZawGyi

အီတလီႏုိင္ငံမွ နာမည္ေက်ာ္ ကုန္အမွတ္တံဆိပ္ေတြကုိ အခြန္မေဆာင္ဘဲ ခုိးသြင္းခဲ့တဲ့ ထုိင္းေလေၾကာင္းလုိင္း ေလယာဥ္မယ္တစ္ဦးကုိ ဖမ္းဆီးအမႈဖြင့္လုိက္ေၾကာင္း သိရပါတယ္။ 

သြင္းကုန္ခြန္ေရွာင္လုိတဲ့ ရည္ရြယ္ခ်က္နဲ႔ ကုန္ပစၥည္းေတြကုိ ခြင့္ျပဳတဲ့ပမာဏထက္ ပုိမုိသယ္ေဆာင္ျခင္း၊ တရားမ၀င္ ကုန္ပစၥည္းေတြကုိ ခုိးသြင္းျခင္းေတြမလုပ္ေအာင္ ကုမၸဏီအေနနဲ႔ ၄င္းတုိ႔ ၀န္ထမ္းေတြကုိ တားျမစ္ကန္႔သတ္ထားတဲ့ ေပၚလစီရွိေၾကာင္း ယင္းေလေၾကာင္းလုိင္းမွ ၀န္ေဆာင္မႈဌာန ညႊန္ၾကားေရးမွဴး ဆူသီရတ္ သီရိပါလာႏြန္က ေျပာဆုိပါတယ္။ ေလေၾကာင္းလုိင္းအေနနဲ႔ ၀န္ထမ္းေတြရဲ႕သံသယျဖစ္စရာ အျပဳအမူေတြကုိ အနီးကပ္ ေစာင့္ၾကည့္စစ္ေဆးမႈေတြရွိကာ အျပစ္က်ဴးလြန္တဲ့ ၀န္ထမ္းေတြကုိ ဖမ္းဆီးဖုိ ့အေကာက္ခြန္တာ၀န္ရွိသူေတြကုိ အေၾကာင္းၾကားအသိေပးေၾကာင္း မစၥတာ ဆူသီရတ္က ဆုိပါတယ္။ အခြန္ေရွာင္ႏုိင္ဖုိ႔အတြက္ ကုန္ပစၥည္းေတြကုိ ခြင့္ျပဳေပးထားတဲ့ ပမာဏထက္ ပုိမုိသယ္ေဆာင္လာခဲ့တဲ့ ေလယာဥ္မယ္ကုိ သတင္းေပးခ်က္အရ အေကာက္ခြန္အရာရွိေတြ ဖမ္းဆီးႏုိင္ခဲ့ပါတယ္။ ယင္းေလယာဥ္မယ္ဟာ အီတလီကေန ပ်ံသန္းလာတဲ့ ထုိင္းေလေၾကာင္းလုိင္း THAI ေလယာဥ္ေပၚလုိက္ပါလာခဲ့သူျဖစ္ပါတယ္။ အမည္ထုတ္ေျပာျခင္းမရွိတဲ့ ယင္းေလယာဥ္မယ္ကုိ စည္းကမ္းပုိင္းအရ အေရးယူဖုိ ့ျပင္ဆင္ေနေၾကာင္းလည္း THAI က ဆုိပါတယ္။ အျမင့္ဆုံး ျပစ္ဒဏ္အေနနဲ႕ သူမ အလုပ္ထုတ္ခံရႏုိင္ေၾကာင္း မစၥတာ ဆူသီရတ္က ေျပာဆုိပါတယ္။ 

ထုိင္းရုပ္သံ ခ်န္နယ္-၃ မွာ ျပသခဲ့မႈအရ ခါးပတ္၊ အိတ္စတဲ့ နာမည္ေက်ာ္ အမွတ္တံဆိပ္မ်ားစြာကုိ ေလယာဥ္မယ္က သူမခႏၶာကုိယ္မွာ ပတ္ခ်ည္ကာ အေပၚအကၤ်ီဖုံး၀တ္ၿပီး သယ္ေဆာင္လာတာ ေတြ႕ရပါတယ္။ 

    -  ကုိလင္း (အကုန္သိသတင္းဌာန)  Ref;ဘန္ေကာက္ပုိ႔စ္ 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။