Skip to main content
ဦးေဇာ္ေဇာ္
Ads Block

ဦးေန၀င္း၏ ေျမးမ်ားပုိင္ Omni Focus ႏွင့္ ဧရာဝတီဘဏ္ ဦးေဇာ္ေဇာ္တုိ ့ၾကားမွျပႆနာကုိ YRTA ၾကားဝင္ေျဖရွင္းေပး၍ မရေတာ့ဟု ဆို

ဦးနေဝင်း၏ မြေးများပိုင်ဆိုင်သော Omni Focus နှင့် နာမည်ကြီးသူဌေး ဦးဇော်ဇော်၏ ဧရာဝတီဘဏ်တို့ကြားတွင် ဖြစ်ပွားနေသည့် ငွေကြေးအရှုပ်အရှင်းနှင့် ပတ်သက်၍ YRTA က ကြားဝင်ဖြေရှင်းပေး၍ မရတော့ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA)မှ သိရသည်။

ကား


မထသစနစ်မှ YBS စနစ်သို့ ကူးပြောင်းသည့်အချိန်တွင် ယာဉ်လိုင်းပိုင်ရှင်များ ယာဉ်အသစ်ဝယ်ယူရာ၌ လိုအပ်သည့် ငွေကြေးကို ဧရာဝတီဘဏ်မှ ထုတ်ချေးပေးထားကြောင်း၊ ယင်းတွင် Omni Focus ကုမ္ပဏီသည်လည်း ချေးငွေယူခဲ့ပြီး သတ်မှတ်ထားသည့်အတိုင်း ပြန်လည်ပေးဆပ်မှုမရှိသည့်အတွက် ဧရာဝတီဘဏ်မှ လုပ်ထုံးလုပ်နည်းအတိုင်း တရားစွဲဆိုထားခြင်းဖြစ်ကြောင်း သိရသည်။ “ Omni Focus နှင့် ဧရာဝတီဘဏ်ကိစ္စက ဆရာတို့ ဖြေရှင်းပေးလို့မရတော့ဘူး။ သူတို့က တရားရုံးတောင်ရောက်နေပြီ။ တရားရုံးကနေ ဖြေရှင်းမယ်လို့ပြောတယ်။ အရင်တုန်းက စီမံဝန်ကြီး ဦးမြင့်သောင်းက တစ်ခါဖြေရှင်းပေးဖူးတယ်။ အခုတရားရုံးရောက်နေပြီဆိုတော့ သူတို့ဘာသာသူတို့ ဖြေရှင်းမယ်လို့ ပြောတယ် ” ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့မှ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောသည်။ ဦးကျော်နေဝင်းဘက်ကမူ ဦးဇော်ဇော်အား ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက် သဘောတူညီမှုများဖြင့် အလုပ်လုပ်ထားခြင်းဖြစ်ကြောင်းနှင့် ဦးဇော်ဇော်ဘက်က ရိုးသားရန်လိုအပ်ကြောင်း မီဒီယာမှတစ်ဆင့် အတိအလင်းပြောကြားခဲ့သည့်တိုင် ဦးဇော်ဇော်ဘက်မှ မည်သို့မျှ တုံ့ပြန်ထားခြင်းမရှိသေးသည်ကိုလည်း တွေ့ရသည်။ 

တရားစွဲဆိုခြင်းခံရသည့် Omni Focus ကုမ္ပဏီမှလည်း ကုမ္ပဏီအနေဖြင့် တရားရုံးတွင် အမှုမှန်ပေါ်ပေါက်ရေးအတွက် တရားနည်းလမ်းတကျ ဖြေရှင်းသွားမည်ဖြစ်ကာ လူတစ်ဦးတစ်ယောက်အား ပုဂ္ဂိုလ်ရေးထိခိုက်နစ်နာစေလိုသော ရည်ရွယ်ချက်မရှိဘဲ အမှန်တရားအတွက်သာ ရင်ဆိုင်ဖြေရှင်းသွားမည်ဟု ကုမ္ပဏီဘက်မှ ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။

ZawGyi


ဦးေန၀င္း၏ ေျမးမ်ားပုိင္ဆုိင္ေသာ Omni Focus ႏွင့္ နာမည္ၾကီးသူေဌး ဦးေဇာ္ေဇာ္၏ ဧရာဝတီဘဏ္တို႔ၾကားတြင္ ျဖစ္ပြားေနသည့္ ေငြေၾကးအရႈပ္အရွင္းႏွင့္ ပတ္သက္၍ YRTA က ၾကားဝင္ေျဖရွင္းေပး၍ မရေတာ့ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး သယ္ယူပို႔ေဆာင္ေရးႀကီးၾကပ္ကြပ္ကဲမႈအာဏာပိုင္အဖြဲ႕ (YRTA)မွ သိရသည္။

မထသစနစ္မွ YBS စနစ္သို႔ ကူးေျပာင္းသည့္အခ်ိန္တြင္ ယာဥ္လိုင္းပိုင္ရွင္မ်ား ယာဥ္အသစ္ဝယ္ယူရာ၌ လိုအပ္သည့္ ေငြေၾကးကို ဧရာဝတီဘဏ္မွ ထုတ္ေခ်းေပးထားေၾကာင္း၊ ယင္းတြင္ Omni Focus ကုမၸဏီသည္လည္း ေခ်းေငြယူခဲ့ၿပီး သတ္မွတ္ထားသည့္အတိုင္း ျပန္လည္ေပးဆပ္မႈမရွိသည့္အတြက္ ဧရာဝတီဘဏ္မွ လုပ္ထံုးလုပ္နည္းအတိုင္း တရားစြဲဆိုထားျခင္းျဖစ္ေၾကာင္း သိရသည္။ “ Omni Focus ႏွင့္ ဧရာဝတီဘဏ္ကိစၥက ဆရာတို႔ ေျဖရွင္းေပးလို႔မရေတာ့ဘူး။ သူတို႔က တရားရံုးေတာင္ေရာက္ေနၿပီ။ တရားရံုးကေန ေျဖရွင္းမယ္လို႔ေျပာတယ္။ အရင္တုန္းက စီမံဝန္ႀကီး ဦးျမင့္ေသာင္းက တစ္ခါေျဖရွင္းေပးဖူးတယ္။ အခုတရားရံုးေရာက္ေနၿပီဆိုေတာ့ သူတို႔ဘာသာသူတို႔႔ ေျဖရွင္းမယ္လို႔ ေျပာတယ္ ” ဟု ရန္ကုန္တိုင္းေဒသႀကီး သယ္ယူပို႔ေဆာင္ေရးႀကီးၾကပ္ကြပ္ကဲမႈအာဏာပိုင္အဖြဲ႔မွ အတြင္းေရးမွဴး ေဒါက္တာေမာင္ေအာင္က ေျပာသည္။ ဦးေက်ာ္ေန၀င္းဘက္ကမူ ဦးေဇာ္ေဇာ္အား ပုဂၢိဳလ္ေရးဆုိင္ရာအခ်က္အလက္ သေဘာတူညီမႈမ်ားျဖင့္ အလုပ္လုပ္ထားျခင္းျဖစ္ေၾကာင္းႏွင့္ ဦးေဇာ္ေဇာ္ဘက္က ရုိးသားရန္လုိအပ္ေၾကာင္း မီဒီယာမွတစ္ဆင့္ အတိအလင္းေျပာၾကားခဲ့သည့္တုိင္ ဦးေဇာ္ေဇာ္ဘက္မွ မည္သုိ ့မွ် တုံ ့ျပန္ထားျခင္းမရွိေသးသည္ကုိလည္း ေတြ ့ရသည္။ 

တရားစြဲဆိုျခင္းခံရသည့္ Omni Focus ကုမၸဏီမွလည္း ကုမၸဏီအေနျဖင့္ တရားရံုးတြင္ အမႈမွန္ေပၚေပါက္ေရးအတြက္ တရားနည္းလမ္းတက် ေျဖရွင္းသြားမည္ျဖစ္ကာ လူတစ္ဦးတစ္ေယာက္အား ပုဂၢိဳလ္ေရးထိခိုက္နစ္နာေစလိုေသာ ရည္ရြယ္ခ်က္မရွိဘဲ အမွန္တရားအတြက္သာ ရင္ဆိုင္ေျဖရွင္းသြားမည္ဟု ကုမၸဏီဘက္မွ ထုတ္ျပန္ေၾကညာထားေၾကာင္း သိရသည္။

   - စုသက္ႏွင္း(အကုန္သိသတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။