Skip to main content
ဦးခင္ေမာင္ေဆြ
Ads Block

ေနရပ္စြန္႔ခြာ ဘဂၤါလီမ်ားအေရးကို ကိုဖီအာနန္ေကာ္မရွင္အႀကံျပဳခ်က္အတုိင္း ေလွ်ာက္လုပ္ေနမည္ဆိုလွ်င္ အေျခအေနဆုိး၀ါးႏုိင္ဟု ဆုိ

နေရပ်စွန့်ခွာ ဘင်္ဂါလီများအရေးနှင့်ပတ်သက်၍ အစိုးရအနေဖြင့် ကိုဖီအာနန်ကော်မရှင်က အကြံပြုတိုင်း လျှောက်လုပ်နေမည်ဆိုပါက အချိန်ကုန်လူပန်းကာ လက်ရှိထက် ဆိုးဝါးသည့်အနေအထားတစ်ခုကို ရောက်သွားရန်သာရှိကြောင်း NDF ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက သုံးသပ်ပြောကြားလိုက်သည်။
နေရပ်စွန့်ခွာသူများအရေးနှင့်ပတ်သက်၍ အစိုးရ၏ ဆောင်ရွက်နေမှုအပေါ် အမျိုးသားဒီမိုကရေစီအင်အားစု (NDF)ပါတီမှ ဥက္ကဋ္ဌဖြစ်သူ ဦးခင်မောင်ဆွေအား အကုန်သိသတင်းဌာနမှ မေးမြန်းခဲ့ရာတွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။ “ အစိုးရဘက်က လုပ်ပုံကိုင်ပုံကတော့ နိုင်ငံတကာအမြင်မှာ အဆင်ပြေအောင်လို့တော့ လုပ်ပေးနေတာပဲ။ တွေ့ရတာကတော့။ ဒါပေမဲ့ အစိုးရဘယ်လောက်ပဲလုပ်လုပ်ပေါ့ဗျာ။ မူလရည်ရွယ်ချက်က ဘာဆိုတာ Journalist တွေလည်း သိနေတာပဲ။ ဒီကောင်တွေက ပြန်လာဖို့ထက်စာရင် ရိုဟင်ဂျာဆိုတဲ့နာမည်ရဖို့၊ နိုင်ငံသားအဖြစ်ပေးဖို့၊ ရိုဟင်ဂျာတွေပဲနေတဲ့ ပြည်နယ်အဆင့်ထိ ရောက်အောင်ဆိုတဲ့ ရည်ရွယ်ချက် ၃ ခုနဲ့ သွားနေတဲ့အခါကျတော့။ အစိုးရဘက်က ဘယ်လောက်ပဲ ကောင်းမြတ်တဲ့စေတနာ ဖြူစင်တဲ့အနေအထားနဲ့ လုပ်သည့်တိုင်အောင်လည်း အကျိုးထင်မှာမဟုတ်ပါဘူး။ ကျွန်တော်ကတော့ မယုံကြည်ပါဘူး။ ဟိန္ဒူ ၄၀၀ လောက် ပြန်ချင်တယ်ဆိုတောင်မှ ဘင်္ဂလားဒေ့ရှ်အစိုးရက ပစ်ထားတာလေ။ အဲဒီတော့ သူတို့မှာ Well Plan ရှိပြီးသားကို မျက်ကွယ်ပြုပြီးတော့ ကိုဖီအာနန်ကော်မရှင်က အကြံပြုတိုင်း လျှောက်လုပ်နေမယ်ဆိုရင်တော့ အချိန်ကုန်လူပန်းပြီးတော့ ဒီထက် ဆိုးဝါးတဲ့အနေအထားတစ်ခုကို ရောက်သွားဖို့ပဲ ရှိတယ်။ ကျွန်တော်ပြောတဲ့ အချက် ၃ ချက်ကို ဘယ်သောအခါမှ လက်လျှော့မှာမဟုတ်ဘူး ” ဟု NDF ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ပြောသည်။ လက်ရှိတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား နေရပ်စွန့်ခွာသူများ ပြန်လည်ဝင်ရောက်လာရေး သဘောတူညီထားသော်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ တစ်ဦးတစ်ယောက်မျှ ပြန်လည်ဝင်ရောက်လာခြင်း မရှိသေးကြောင်း သိရသည်။ “ အခုဖြေရှင်းနေတာလည်း လူသားဆန်ဆန်ဖြေရှင်းနေတာပါပဲ။ ကျွန်တော်နားလည်သလောက်ကတော့ အစိုးရက သူတို့အတွက်ကို မှန်မှန်ကန်ကန်ဖြစ်အောင် ဆောင်ရွက်ပေးတယ်။ အိမ်အဆောက်အဦတွေကိုလည်း ဆောက်ပေးတယ်။ အစိုးရက ပြင်ဆင်ပြီးလုပ်ပေးတာနေတာပါ။ အစိုးရက အများကြီးတာဝန်ကျေတယ် ” ဟု ဒီမိုကရက်တစ်ပါတီ(မြန်မာ)ဥက္ကဋ္ဌ ဦးသုဝေက ပြောသည်။ နေရပ်စွန့်ခွာသူများကို ပြန်လည်လက်ခံရေးအစီအစဉ်တွင် နေရပ်သို့ မိမိသဘောအလျောက် ပြန်လိုသူများအား ARSA အကြမ်းဖက်အဖွဲ့က ခြိမ်းခြောက်တားဆီးနေသဖြင့် အခက်အခဲဖြစ်နေရကြောင်း အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Christine Schraner Burgener နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ဖူးသည်။ ယင်းသို့တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံသို့ ပြန်လိုကြောင်း ရှင်းလင်းစွာ ဆန္ဒထုတ်ဖော်ပြသထားကြပြီးဖြစ်သည့် ဟိန္ဒူဘာသာဝင် နေရပ်စွန့်ခွာသူ ၄၄၄ ဦးအား ဆောလျင်စွာ ပြန်လည်ပို့ဆောင်ပေးရေးအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တိုက်တွန်းပြောကြားပေးစေလိုကြောင်း မေတ္တာရပ်ခံခဲ့သည်ဟု သိရသည်။
ယင်းပြင် မြန်မာနိုင်ငံဘက်တွင် နေရပ်ပြန်လာသူများအတွက် ပတ်ဝန်းကျင်အခြေအနေကောင်း ဖန်တီးပေးရေးအတွက် အာဆီယံအဖွဲ့နှင့်လည်းကောင်း၊ ကုလသမဂ္ဂအေဂျင်စီများနှင့်လည်းကောင်း ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများကိုလည်း ပြည်ထောင်စုဝန်ကြီးက အသိပေးပြောကြားခဲ့ကြောင်း သိရသည်။

ZawGyi
 

ေနရပ္စြန္႔ခြာ ဘဂၤါလီမ်ားအေရးႏွင့္ပတ္သက္၍ အစိုးရအေနျဖင့္ ကိုဖီအာနန္ေကာ္မရွင္က အႀကံျပဳတိုင္း ေလွ်ာက္လုပ္ေနမည္ဆိုပါက အခ်ိန္ကုန္လူပန္းကာ လက္ရွိထက္ ဆိုးဝါးသည့္အေနအထားတစ္ခုကို ေရာက္သြားရန္သာရွိေၾကာင္း NDF ဥကၠ႒ ဦးခင္ေမာင္ေဆြက သုံးသပ္ေျပာၾကားလုိက္သည္။

ေနရပ္စြန္႔ခြာသူမ်ားအေရးႏွင့္ပတ္သက္၍ အစိုးရ၏ ေဆာင္ရြက္ေနမႈအေပၚ အမ်ဳိးသားဒီမိုကေရစီအင္အားစု (NDF)ပါတီမွ ဥကၠ႒ျဖစ္သူ ဦးခင္ေမာင္ေဆြအား အကုန္သိသတင္းဌာနမွ ေမးျမန္းခဲ့ရာတြင္ ယင္းကဲ့သို႔ ေျပာၾကားခဲ့ျခင္း ျဖစ္သည္။ “ အစိုးရဘက္က လုပ္ပုံကိုင္ပုံကေတာ့ ႏိုင္ငံတကာအျမင္မွာ အဆင္ေျပေအာင္လို႔ေတာ့ လုပ္ေပးေနတာပဲ။ ေတြ႔ရတာကေတာ့။ ဒါေပမဲ့ အစိုးရဘယ္ေလာက္ပဲလုပ္လုပ္ေပါ့ဗ်ာ။ မူလရည္ရြယ္ခ်က္က ဘာဆိုတာ Journalist ေတြလည္း သိေနတာပဲ။ ဒီေကာင္ေတြက ျပန္လာဖို႔ထက္စာရင္ ရုိဟင္ဂ်ာဆိုတဲ့နာမည္ရဖို႔၊ ႏိုင္ငံသားအျဖစ္ေပးဖို႔၊ ရိုဟင္ဂ်ာေတြပဲေနတဲ့ ျပည္နယ္အဆင့္ထိ ေရာက္ေအာင္ဆိုတဲ့ ရည္ရြယ္ခ်က္ ၃ ခုနဲ႔ သြားေနတဲ့အခါက်ေတာ့။ အစိုးရဘက္က ဘယ္ေလာက္ပဲ ေကာင္းျမတ္တဲ့ေစတနာ ျဖဴစင္တဲ့အေနအထားနဲ႔ လုပ္သည့္တိုင္ေအာင္လည္း အက်ဳိးထင္မွာမဟုတ္ပါဘူး။ ကြ်န္ေတာ္ကေတာ့ မယုံၾကည္ပါဘူး။ ဟိႏၵဴ ၄၀၀ ေလာက္ ျပန္ခ်င္တယ္ဆိုေတာင္မွ ဘဂၤလားေဒ့ရွ္အစိုးရက ပစ္ထားတာေလ။ အဲဒီေတာ့ သူတို႔မွာ Well Plan ရွိၿပီးသားကို မ်က္ကြယ္ျပဳၿပီးေတာ့ ကိုဖီအာနန္ေကာ္မရွင္က အႀကံျပဳတိုင္း ေလွ်ာက္လုပ္ေနမယ္ဆိုရင္ေတာ့ အခ်ိန္ကုန္လူပန္းၿပီးေတာ့ ဒီထက္ ဆိုးဝါးတဲ့အေနအထားတစ္ခုကို ေရာက္သြားဖို႔ပဲ ရွိတယ္။ ကြ်န္ေတာ္ေျပာတဲ့ အခ်က္ ၃ ခ်က္ကို ဘယ္ေသာအခါမွ လက္ေလွ်ာ့မွာမဟုတ္ဘူး ” ဟု NDF ဥကၠ႒ ဦးခင္ေမာင္ေဆြက ေျပာသည္။ လက္ရွိတြင္ ဘဂၤလားေဒ့ရွ္ႏုိင္ငံႏွင့္ ျမန္မာႏုိင္ငံတုိ႔အၾကား ေနရပ္စြန္႔ခြာသူမ်ား ျပန္လည္ဝင္ေရာက္လာေရး သေဘာတူညီထားေသာ္လည္း ဘဂၤလားေဒ့ရွ္ႏုိင္ငံဘက္မွ တစ္ဦးတစ္ေယာက္မွ် ျပန္လည္ဝင္ေရာက္လာျခင္း မရွိေသးေၾကာင္း သိရသည္။ “ အခုေျဖရွင္းေနတာလည္း လူသားဆန္ဆန္ေျဖရွင္းေနတာပါပဲ။ ကၽြန္ေတာ္နားလည္သေလာက္ကေတာ့ အစိုးရက သူတုိ႔အတြက္ကို မွန္မွန္ကန္ကန္ျဖစ္ေအာင္ ေဆာင္ရြက္ေပးတယ္။ အိမ္အေဆာက္အဦေတြကိုလည္း ေဆာက္ေပးတယ္။ အစိုးရက ျပင္ဆင္ၿပီးလုပ္ေပးတာေနတာပါ။ အစိုးရက အမ်ားႀကီးတာဝန္ေက်တယ္ ” ဟု ဒီမုိကရက္တစ္ပါတီ(ျမန္မာ)ဥကၠ႒ ဦးသုေဝက ေျပာသည္။ ေနရပ္စြန႔္ခြာသူမ်ားကို ျပန္လည္လက္ခံေရးအစီအစဥ္တြင္ ေနရပ္သို႔ မိမိသေဘာအေလ်ာက္ ျပန္လိုသူမ်ားအား ARSA အၾကမ္းဖက္အဖြဲ႔က ၿခိမ္းေျခာက္တားဆီးေနသျဖင့္ အခက္အခဲျဖစ္ေနရေၾကာင္း အျပည္ျပည္ဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးေက်ာ္တင္က ကုလသမဂၢအတြင္းေရးမွဴးခ်ဳပ္၏ ျမန္မာႏိုင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္ Ms. Christine Schraner Burgener ႏွင့္ ေတြ႔ဆုံစဥ္ ေျပာၾကားခဲ့ဖူးသည္။ ယင္းသို႔ေတြ႔ဆုံစဥ္ ျပည္ေထာင္စုဝန္ႀကီးက ျမန္မာႏိုင္ငံသို႔ ျပန္လိုေၾကာင္း ရွင္းလင္းစြာ ဆႏၵထုတ္ေဖာ္ျပသထားၾကၿပီးျဖစ္သည့္ ဟိႏၵဴဘာသာဝင္ ေနရပ္စြန႔္ခြာသူ ၄၄၄ ဦးအား ေဆာလ်င္စြာ ျပန္လည္ပို႔ေဆာင္ေပးေရးအတြက္ ဘဂၤလားေဒ့ရွ္ႏိုင္ငံကုိ တိုက္တြန္းေျပာၾကားေပးေစလိုေၾကာင္း ေမတၱာရပ္ခံခဲ့သည္ဟု သိရသည္။

ယင္းျပင္ ျမန္မာႏိုင္ငံဘက္တြင္ ေနရပ္ျပန္လာသူမ်ားအတြက္ ပတ္ဝန္းက်င္အေျခအေနေကာင္း ဖန္တီးေပးေရးအတြက္ အာဆီယံအဖြဲ႔ႏွင့္လည္းေကာင္း၊ ကုလသမဂၢေအဂ်င္စီမ်ားႏွင့္လည္းေကာင္း ပူးေပါင္းေဆာင္႐ြက္ေနမႈ အေျခအေနမ်ားကိုလည္း ျပည္ေထာင္စုဝန္ႀကီးက အသိေပးေျပာၾကားခဲ့ေၾကာင္း သိရသည္။

   -  ႏုိင္မင္းလြင္ (အကုန္သိသတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။