Skip to main content
ပါတီ၀င္မိန္းကေလး
Ads Block

ေခ်ာေမာသည့္အမ်ဳိးသမီးပါတီဝင္မ်ား၏ ဓာတ္ပုံမ်ားကုိေဖာ္ျပ၍ ျပည္သူမ်ားအား ဆြဲေဆာင္ေနျခင္းကုိ NDF ဥကၠ႒ ဦးခင္ေမာင္ေဆြ ေ၀ဖန္

လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ချောမောလှပသည့် အမျိုးသမီးပါတီဝင်များ၏ ဓာတ်ပုံများဖော်ပြနေခြင်းမှာ ပြည်သူကို ထိုအရာများဖြင့် ဆွဲဆောင်လျှင် ရနိုင်မည်ဟု ထင်မှတ်နေခြင်းဖြစ်နိုင်ကြောင်း NDF ပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ဝေဖန်သုံးသပ်ပြောကြားလိုက်သည်။

ပါတီ၀င္မိန္းကေလးမ်ား

ပါတီအချို့မှ ချောမောလှပသည့် အမျိုးသမီးပါတီဝင်များ၏ ဓာတ်ပုံများနှင့်ပတ်သက်၍ ပြည်သူလူထုကြား ပြောဆိုဝေဖန်နေမှုအပေါ် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ(NDF)မှ ဥက္ကဋ္ဌဖြစ်သူ ဦးခင်မောင်ဆွေအား အကုန်သိသတင်းဌာနမှ မေးမြန်းခဲ့ရာတွင် ယင်းကဲ့သို့ ဝေဖန်သုံးသပ်ပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။ “ ဒါကတော့ သူတို့ပါတီမှာ ငယ်ငယ်ရွယ်ရွယ်ကောင်မလေးတွေလည်း ရှိတယ်ဆိုတာကို လူထုကိုပြတာပေါ့။ သူတို့မှာ လူငယ်တွေလည်း ရှိပါတယ်ပေါ့။ ကျောင်းသူတွေလည်း ရှိပါတယ်ပေါ့။ ဒါက မဲဆွယ်နိုင်ငံရေးမဟုတ်ရင်တောင်မှ စည်းရုံးရေးသဘောထားတော့ ပါတာပေါ့ဗျာ။ NLD တောင်မှ ရုပ်ရှင်မင်းသား မင်းသမီးတွေခေါ်ပြီးတော့ မဲဆွယ်ခိုင်းသေးတာပဲ။ နောက်ပြီးတော့ လယ်သမားပါတီတစ်ခုကလည်း Band တစ်ခုခေါ်ပြီး မကွေးမှာ သိန်း ၂၀၀၊ ၃၀၀ အသုံးချပြီး ဆို-က-ရေး-တီးတွေ လုပ်ခဲ့တာပဲ။ အဲဒီတော့ ပြည်သူကို ဒီလိုဆွဲဆောင်ရင် ရနိုင်မယ်လို့ သူတို့ထင်မှတ်လို့ပေါ့။ ဒီလိုလုပ်လို့ရှိရင် နိုင်ကောင်းမယ်ဆိုတဲ့ စည်းရုံးရေးအတွေးမှားတွေပေါ့ဗျာ။ နိုင်ငံရေးကို ဇောက်ချမလုပ်ဘဲနဲ့ ပေါ်ပင်တွေလုပ်တဲ့သဘောမျိုး ဖြစ်သွားတာပေါ့။ ဒါကတော့ ရွာတွေမှာ တစ်အိမ်တက်ဆင်းလုပ်ပြီး တစ်အိမ် ၅ သိန်း၊ ၃ သိန်းပေး မဲဆွယ်သလိုပေါ့ ” ဟု NDF ပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ပြောသည်။ ဒီမိုကရေစီနိုင်ငံရေးကို ပိုက်ဆံပေးလျှင် ရသည်ဆိုခြင်းမျိုးဖြစ်အောင် ဖျက်စီးနေသည့်ပါတီများလည်း  ရှိနေကြပြီး ယင်းကိစ္စများကို ၎င်းတို့တစ်ဦးတည်းတစ်ဖွဲ့တည်းအနေဖြင့် တားဆီး၍မရနိုင်ဘဲ သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်က တားဆီးမှသာ ရနိုင်ကြောင်း ဦးခင်မောင်ဆွေက ပြောသည်။

လက်ရှိတွင် ပါတီအချို့၏ တရားဝင်ဖေ့ဘွတ် page များတွင် ယင်းတို့ပါတီမှ ချောမောလှပသည့် အမျိုးသမီးပါတီဝင်ပုံများ ဖော်ပြနေမှုသည် တစ်နေ့တစ်ခြားပိုမိုများပြားလာသည်ကိုလည်း တွေ့ရသည်။

ZawGyi


လူမႈကြန္ရက္စာမ်က္ႏွာေပၚတြင္ ေခ်ာေမာလွပသည့္ အမ်ဳိးသမီးပါတီဝင္မ်ား၏ ဓာတ္ပုံမ်ားေဖာ္ျပေနျခင္းမွာ ျပည္သူကို ထိုအရာမ်ားျဖင့္ ဆြဲေဆာင္လွ်င္ ရႏိုင္မည္ဟု ထင္မွတ္ေနျခင္းျဖစ္ႏုိင္ေၾကာင္း NDF ပါတီဥကၠ႒ ဦးခင္ေမာင္ေဆြက ေ၀ဖန္သုံးသပ္ေျပာၾကားလုိက္သည္။

ပါတီအခ်ဳိ႕မွ ေခ်ာေမာလွပသည့္ အမ်ဳိးသမီးပါတီဝင္မ်ား၏ ဓာတ္ပုံမ်ားႏွင့္ပတ္သက္၍ ျပည္သူလူထုၾကား ေျပာဆိုေဝဖန္ေနမႈအေပၚ အမ်ဳိးသားဒီမိုကေရစီအင္အားစုပါတီ(NDF)မွ ဥကၠ႒ျဖစ္သူ ဦးခင္ေမာင္ေဆြအား အကုန္သိသတင္းဌာနမွ ေမးျမန္းခဲ့ရာတြင္ ယင္းကဲ့သို႔ ေ၀ဖန္သုံးသပ္ေျပာၾကားခဲ့ျခင္းလည္း ျဖစ္သည္။ “ ဒါကေတာ့ သူတို႔ပါတီမွာ ငယ္ငယ္ရြယ္ရြယ္ေကာင္မေလးေတြလည္း ရွိတယ္ဆိုတာကို လူထုကိုျပတာေပါ့။ သူတို႔မွာ လူငယ္ေတြလည္း ရွိပါတယ္ေပါ့။ ေက်ာင္းသူေတြလည္း ရွိပါတယ္ေပါ့။ ဒါက မဲဆြယ္ႏိုင္ငံေရးမဟုတ္ရင္ေတာင္မွ စည္းရုံးေရးသေဘာထားေတာ့ ပါတာေပါ့ဗ်ာ။ NLD ေတာင္မွ ရုပ္ရွင္မင္းသား မင္းသမီးေတြေခၚၿပီးေတာ့ မဲဆြယ္ခိုင္းေသးတာပဲ။ ေနာက္ၿပီးေတာ့ လယ္သမားပါတီတစ္ခုကလည္း Band တစ္ခုေခၚၿပီး မေကြးမွာ သိန္း ၂၀၀၊ ၃၀၀ အသုံးခ်ၿပီး ဆို-က-ေရး-တီးေတြ လုပ္ခဲ့တာပဲ။ အဲဒီေတာ့ ျပည္သူကို ဒီလိုဆြဲေဆာင္ရင္ ရႏိုင္မယ္လို႔ သူတို႔ထင္မွတ္လို႔ေပါ့။ ဒီလိုလုပ္လို႔ရွိရင္ ႏိုင္ေကာင္းမယ္ဆိုတဲ့ စည္းရုံးေရးအေတြးမွားေတြေပါ့ဗ်ာ။ ႏိုင္ငံေရးကို ေဇာက္ခ်မလုပ္ဘဲနဲ႔ ေပၚပင္ေတြလုပ္တဲ့သေဘာမ်ဳိး ျဖစ္သြားတာေပါ့။ ဒါကေတာ့ ရြာေတြမွာ တစ္အိမ္တက္ဆင္းလုပ္ၿပီး တစ္အိမ္ ၅ သိန္း၊ ၃ သိန္းေပး မဲဆြယ္သလိုေပါ့ ” ဟု NDF ပါတီဥကၠ႒ ဦးခင္ေမာင္ေဆြက ေျပာသည္။ ဒီမိုကေရစီႏိုင္ငံေရးကို ပိုက္ဆံေပးလွ်င္ ရသည္ဆိုျခင္းမ်ဳိးျဖစ္ေအာင္ ဖ်က္စီးေနသည့္ပါတီမ်ားလည္း  ရွိေနၾကၿပီး ယင္းကိစၥမ်ားကို ၎တို႔တစ္ဦးတည္းတစ္ဖြဲ ့တည္းအေနျဖင့္ တားဆီး၍မရႏိုင္ဘဲ သက္ဆိုင္ရာေရြးေကာက္ပြဲေကာ္မရွင္က တားဆီးမွသာ ရႏိုင္ေၾကာင္း ဦးခင္ေမာင္ေဆြက ေျပာသည္။

လက္ရွိတြင္ ပါတီအခ်ဳိ႕၏ တရားဝင္ေဖ့ဘြတ္ page မ်ားတြင္ ယင္းတို႔ပါတီမွ ေခ်ာေမာလွပသည့္ အမ်ဳိးသမီးပါတီဝင္ပုံမ်ား ေဖာ္ျပေနမႈသည္ တစ္ေန႔တစ္ျခားပိုမိုမ်ားျပားလာသည္ကိုလည္း ေတြ႔ရသည္။

   - ႏုိင္မင္းလြင္ (အကုန္သိသတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။