Skip to main content
ေလယာဥ္
Ads Block

ႏွစ္ႏိုင္ငံ တိုက္ရိုက္ေလေၾကာင္းပ်ံသန္းရန္လမ္းဖြင့္ထားေသာ္လည္း တရုတ္ေလေၾကာင္းလိုင္းတစ္ခုသာ တင္ျပမႈရွိ

နှစ်နိုင်ငံတိုက်ရိုက်လေကြောင်းလိုင်းပျံသန်းရန်အတွက် မည်သည့်နိုင်ငံကိုမဆို လမ်းဖွင့်ပေးထားသော်လည်း တရုတ်လေကြောင်းလိုင်းတစ်ခုသာ လာရောက်တင်ပြထားကြောင်း လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

တရုတ္ေလယာဥ္

၂၀၁၉ ခုနှစ် အောက်တိုဘာလ(၁)ရက်မှစ၍ အနောက်နိုင်ငံခြောက်နိုင်ငံကို ဗီဇာဖြေလျှော့ပေးမည်ဟု ကြေညာထားပြီးဖြစ်သော်လည်း ယင်းနိုင်ငံမှ လေကြောင်းလိုင်းများ လာရောက်ဆွေးနွေးမှုမရှိကြောင်း၊ နှစ်နိုင်ငံတိုက်ရိုက်ပျံသန်းရန် တရုတ်နှင့်သာ ဆွေးနွေးမှုအများဆုံးဖြစ်နေကြောင်း သိရသည်။ လက်ရှိတွင် ကိုရီးယားနိုင်ငံနှင့်လေကြောင်းဆိုင်ရာ ဆွေးနွေးမှုပြုလုပ်နေပြီး စာချုပ်ချုပ်ဆိုရန် နီးစပ်နေပြီဖြစ်ကြောင်းလည်း သိရသည်။ “ လောလောဆယ် တရုတ်လေကြောင်းလိုင်းတွေပဲ တင်ပြထားတာရှိတယ်။ လေကြောင်းလိုင်းအသစ်ဆိုရင် တရုတ်ပဲရှိတယ်။ ကိုရီးယားသမ္မတက မြန်မာနိုင်ငံကို လာတုန်းက လေကြောင်းနဲ့ ပတ်သက်ပြီး စာချုပ်ချုပ်ဆိုမှုမရှိခဲ့ဘူး။ ရေကြောင်းကိုပဲ အဓိကထားပြီး စာချုပ်ချုပ်သွားတာ တွေ့ရတယ် ” ဟု လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်အောင်က ပြောသည်။ ရန်ကုန်လေဆိပ်ကို စီမံခန့်ခွဲခွင့်ရထားသည့် Yangon Aerodrome Co.,Ltd (YACL) နှင့် လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတို့ပူးပေါင်း၍ လေကြောင်းလိုင်းများ တိုက်ရိုက်ပျံသန်းရန်အတွက်လည်း ကမ်းလှမ်းထားမှုများရှိကြောင်း၊ ယင်းအပြင် လာမည့်နှစ်တွင် ပြည်ပလေကြောင်းလိုင်းများ ထပ်မံဝင်ရောက်လာမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် အပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း(၃၀)နှင့် ပြည်တွင်းလေကြောင်းလိုင်း(၂၈)လိုင်း ပျံသန်းနေကြောင်း သိရသည်။

“ ကမ်းလှမ်းထားတာတော့ အများကြီးရှိပါတယ်။ ကမ်းလှမ်းထားပေမယ့်လည်း ကိုယ့်နိုင်ငံမှာက လုံလောက်တဲ့ ဝန်ဆောင်မှု ပေးနိုင်ရမယ်။ အခုဆိုရင် လေဆိပ်ကို အဆင့်မြှင့်တင်မှုတွေလုပ်နေတာ တော်တော်လေး ပြီးနေပြီ။ နောက်ထပ်လေကြောင်းလိုင်းတွေ လာမယ်ဆိုရင်လည်း အများကြီးလက်ခံလို့ရသေးတယ် ” ဟု လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ လေဆိပ်စီမံခန့်ခွဲမှုကော်မတီမှ ဥက္ကဋ္ဌ ဦးမြင့်ဌေးက ပြောသည်။

ZawGyi

ႏွစ္ႏိုင္ငံတိုက္ရိုက္ေလေၾကာင္းလိုင္းပ်ံသန္းရန္အတြက္ မည္သည့္ႏုိင္ငံကုိမဆုိ လမ္းဖြင့္ေပးထားေသာ္လည္း တရုတ္ေလေၾကာင္းလိုင္းတစ္ခုသာ လာေရာက္တင္ျပထားေၾကာင္း ေလေၾကာင္းပို႔ေဆာင္ေရးညႊန္ၾကားမႈဦးစီးဌာနမွ သိရသည္။

၂၀၁၉ ခုႏွစ္ ေအာက္တိုဘာလ(၁)ရက္မွစ၍ အေနာက္ႏိုင္ငံေျခာက္ႏိုင္ငံကို ဗီဇာေျဖေလွ်ာ့ေပးမည္ဟု ေၾကညာထားျပီးျဖစ္ေသာ္လည္း ယင္းႏိုင္ငံမွ ေလေၾကာင္းလိုင္းမ်ား လာေရာက္ေဆြးေႏြးမႈမရွိေၾကာင္း၊ ႏွစ္ႏိုင္ငံတိုက္ရိုက္ပ်ံသန္းရန္ တရုတ္ႏွင့္သာ ေဆြးေႏြးမႈအမ်ားဆံုးျဖစ္ေနေၾကာင္း သိရသည္။ လက္ရွိတြင္ ကိုရီးယားႏုိင္ငံႏွင့္ေလေၾကာင္းဆိုင္ရာ ေဆြးေႏြးမႈျပဳလုပ္ေနၿပီး စာခ်ဳပ္ခ်ဳပ္ဆိုရန္ နီးစပ္ေနျပီျဖစ္ေၾကာင္းလည္း သိရသည္။ “ ေလာေလာဆယ္ တရုတ္ေလေၾကာင္းလိုင္းေတြပဲ တင္ျပထားတာရွိတယ္။ ေလေၾကာင္းလိုင္းအသစ္ဆိုရင္ တရုတ္ပဲရွိတယ္။ ကိုရီးယားသမၼတက ျမန္မာႏိုင္ငံကို လာတုန္းက ေလေၾကာင္းနဲ႔ ပတ္သက္ၿပီး စာခ်ဳပ္ခ်ဳပ္ဆိုမႈမရွိခဲ့ဘူး။ ေရေၾကာင္းကိုပဲ အဓိကထားၿပီး စာခ်ဳပ္ခ်ဳပ္သြားတာ ေတြ႔ရတယ္ ” ဟု ေလေၾကာင္းပို႔ေဆာင္ေရးညႊန္ၾကားမႈဦးစီးဌာနမွ ဒုတိယညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးရဲထြဋ္ေအာင္က ေျပာသည္။ ရန္ကုန္ေလဆိပ္ကုိ စီမံခန္ ့ခဲြခြင့္ရထားသည့္ Yangon Aerodrome Co.,Ltd (YACL) ႏွင့္ ေလေၾကာင္းပို႔ေဆာင္ေရးညႊန္ၾကားမႈဦးစီးဌာနတို ့ပူးေပါင္း၍ ေလေၾကာင္းလိုင္းမ်ား တိုက္ရိုက္ပ်ံသန္းရန္အတြက္လည္း ကမ္းလွမ္းထားမႈမ်ားရွိေၾကာင္း၊ ယင္းအျပင္ လာမည့္ႏွစ္တြင္ ျပည္ပေလေၾကာင္းလိုင္းမ်ား ထပ္မံဝင္ေရာက္လာမည္ျဖစ္ေၾကာင္း သိရသည္။ လက္ရွိတြင္ အျပည္ျပည္ဆိုင္ရာေလေၾကာင္းလိုင္း(၃၀)ႏွင့္ ျပည္တြင္းေလေၾကာင္းလိုင္း(၂၈)လိုင္း ပ်ံသန္းေနေၾကာင္း သိရသည္။

“ ကမ္းလွမ္းထားတာေတာ့ အမ်ားႀကီးရွိပါတယ္။ ကမ္းလွမ္းထားေပမယ့္လည္း ကိုယ့္ႏိုင္ငံမွာက လံုေလာက္တဲ့ ဝန္ေဆာင္မႈ ေပးႏိုင္ရမယ္။ အခုဆိုရင္ ေလဆိပ္ကို အဆင့္ျမွင့္တင္မႈေတြလုပ္ေနတာ ေတာ္ေတာ္ေလး ၿပီးေနၿပီ။ ေနာက္ထပ္ေလေၾကာင္းလိုင္းေတြ လာမယ္ဆိုရင္လည္း အမ်ားႀကီးလက္ခံလို႔ရေသးတယ္ ” ဟု ေလေၾကာင္းပို႔ေဆာင္ေရးညႊန္ၾကားမႈဦးစီးဌာန၊ ေလဆိပ္စီမံခန္႔ခြဲမႈေကာ္မတီမွ ဥကၠ႒ ဦးျမင့္ေဌးက ေျပာသည္။

   -  စုသက္ႏွင္း (အကုန္သိသတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။