Skip to main content
NRPC ကိုယ္စားလွယ္အဖြဲ႔ႏွင့္ KNU တို႔ ေတြ႔ဆုံရာ၌ ႏွစ္ဖက္ယုံၾကည္မႈရရွိခဲ့ၿပီး ႏွစ္ဖက္အဆိုျပဳခ်က္မ်ား နီးစပ္ခဲ့ဟုဆို
Ads Block

NRPC ကိုယ္စားလွယ္အဖြဲ႔ႏွင့္ KNU တို႔ ေတြ႔ဆုံရာ၌ ႏွစ္ဖက္ယုံၾကည္မႈရရွိခဲ့ၿပီး ႏွစ္ဖက္အဆိုျပဳခ်က္မ်ား နီးစပ္ခဲ့ဟုဆို


အမ်ဳိးသားျပန္လည္သင့္ျမတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရးဗဟိုဌာန(NRPC) ကိုယ္စားလွယ္အဖြဲ႔ႏွင့္ KNU တို႔ ယေန႔(စက္တင္ဘာလ ၇ ရက္)က ေတြ႔ဆုံေဆြးေႏြးရာ၌ ႏွစ္ဖက္ယုံၾကည္မႈရရွိခဲ့ၿပီး ႏွစ္ဖက္အဆိုျပဳခ်က္မ်ား နီးစပ္ခဲ့ေၾကာင္း NRPC မွ ဦးလွေမာင္ေရႊက ေျပာသည္။
ရန္ကုန္ၿမိဳ႕ NRPC ရံုးခန္းမ၌ စက္တင္ဘာလ ၇ ရက္၊ နံနက္ ၁၀ နာရီခန္႔က အမ်ဳိးသားျပန္လည္သင့္ျမတ္ေရး ႏွင့္ ၿငိမ္းခ်မ္းေရးဗဟိုဌာန(NRPC) ကိုယ္စားလွယ္အဖြဲ႔ႏွင့္ ကရင္အမ်ဳိးသားအစည္းအရံုး(KNU)တို႔ အလြတ္သေဘာညိွႏႈိင္းေဆြးေႏြးခဲ့သည့္အေပၚ ယင္းကဲ့သို႔ ေျပာျခင္းျဖစ္သည္။
“ဒီေန႔သူတို႔တင္တဲ့အဆိုျပဳခ်က္ ၄ ခ်က္နဲ႔ ကြ်န္ေတာ္တို႔တင္တဲ့ ၄ ခ်က္ကို ျပန္ညွိတာပါ။ ဒါေတြကို ကြ်န္ေတာ္တို႔က ၾကာမယ္လို႔ထင္တာ။ ဒါေပမဲ့ အခုကေတာ့ ကံအားေလ်ာ္စြာပဲ ႏွစ္ဖက္ယုံၾကည္မႈေတြ ရွိလာတဲ့အခါက်ေတာ့ ျမန္သြားတယ္။ ညွိရတာျမန္တဲ့အတြက္ အၾကမ္းမ်ဥ္းအားျဖင့္ေတာ့ သူတို႔ဆိုလိုတာနဲ႔ ကြ်န္ေတာ္တို႔ဆိုလိုတာ နီးစပ္သြားတယ္။ အဲဒါကို ထပ္ေဆြးေႏြးရမယ္။ ေဆြးေႏြးမႈက တစ္ခါတည္းနဲ႔နီးသြားတဲ့အတြက္ တိုးတက္မႈေတြရွိတယ္လို႔ ကြ်န္ေတာ္ကေတာ့ အဲဒီလိုဆိုလိုတယ္” ဟု NRPC ကိုယ္စားလွယ္တစ္ဦးျဖစ္သူ ဦးလွေမာင္ေရႊက အကုန္သိသတင္းဌာနသို႔ ေျပာသည္။
ကရင္အမ်ဳိးသားအစည္းအရံုး(KNU)သည္ ၂၀၁၈ ခုႏွစ္၊ ႏိုဝင္ဘာလ ၁၀ ရက္မွစတင္၍ တရားဝင္ေဆြးေႏြးပြဲမ်ားကို ယာယီရပ္ဆိုင္းထားခဲ့ရာမွ  ယေန႔ညိႈႏိႈင္းေဆြးေႏြးပြဲသည္ (၁၁) ႀကိမ္ေျမာက္ ျဖစ္ေၾကာင္း သိရသည္။
ၿပီးခဲ့သည့္ ၂၀၁၉ ခုႏွစ္၊ ဧၿပီလ ၁၁ ရက္က ေနျပည္ေတာ္တြင္ ျပဳလုပ္ခဲ့သည့္ NRPC ကိုယ္စားလွယ္အဖြဲ႔ႏွင့္ KNU တို႔ ေဆြးေႏြးပြဲ၌ KNU ဘက္မွ အဆင့္ ၄ ဆင့္ပါ "ေရရွည္တည္တံ့ခိုင္ၿမဲေသာ ၿငိမ္းခ်မ္းေရးရရွိေရးဆိုင္ရာ အဆိုျပဳခ်က္(မူၾကမ္း)" ကို အဆိုျပဳခဲ့ေၾကာင္း သိရသည္။
ထို႔အျပင္ ၂၀၁၉ ခုႏွစ္၊ ဇြန္လ ၁၃ ရက္ႏွင့္ ၁၄ ရက္က ရန္ကုန္ၿမိဳ႕ NRPC ရုံးတြင္ ျပဳလုပ္ခဲ့ေသာ UPDJC အတြင္းေရးမွဴးမ်ား အလြတ္သေဘာေဆြးေႏြးပြဲ၌ NRPC ဘက္မွလည္း "ၿငိမ္းခ်မ္းေရးျဖစ္စဥ္ ဆက္လက္အေကာင္အထည္ေဖာ္မည့္လုပ္ငန္းစဥ္ (၄) ရပ္" ကို ရွင္းလင္းအဆိုျပဳခဲ့ေၾကာင္း သိရသည္။
ယင္းေနာက္ ၂၀၁၉ ခုႏွစ္၊ ၾသဂုတ္လ ၁၉ ရက္ႏွင့္ ၂၀ ရက္တို႔တြင္ ထိုင္းႏိုင္ငံ၊ ခ်င္းမိုင္၌ PPST အလုပ္အဖြဲ႔၊ KNU ကိုယ္စားလွယ္အဖြဲ႔၊ RCSS ကိုယ္စားလွယ္အဖြဲ႔တို႔ကို NRPC မွ သြားေရာက္ရွင္းျပခဲ့ၿပီး ၎အဖြဲ႔မ်ားက ၾသဂုတ္လ ၂၁ ရက္မွ ၂၅ ရက္အထိက်င္းပေသာ PPST အစည္းအေဝးတြင္ တင္ျပခဲ့ေၾကာင္း သိရသည္။
ယေန႔ေတြ႔ဆုံေဆြးေႏြးပြဲတြင္ NRPC ကိုယ္စားလွယ္မ်ားျဖစ္သည့္ NRPC ဒုဥကၠ႒(၃) ဦးထြန္းထြန္းဦး၊ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ခင္ေဇာ္ဦး(ၿငိမ္း)၊ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ရာျပည့္၊ ဒုတိယဗိုလ္ခ်ဳပ္ႀကီး မင္းေနာင္၊ ဗိုလ္ခ်ဳပ္ စိုးႏုိင္ဦး၊ ဗိုလ္ခ်ဳပ္ ေနလင္း၊ ဦးၿပံဳးခ်ဳိ(ခ)ဦးေဌးဝင္းေအာင္၊ ဦးေပၚလြင္စိန္၊ ဦးလွေမာင္ေရႊ၊ ဦးမိုးေဇာ္ဦး၊ ဦးေဇာ္ေဌးႏွင့္ KNU ကိုယ္စားလွယ္မ်ားျဖစ္သည့္ ဒုဥကၠ႒ ပဒိုေစာကြယ္ထူးဝင္း၊ အေထြေထြအတြင္းေရးမွဴး ပဒိုေစာတာဒိုမူး၊ ပဒိုေစာဆဲလ္ေဂ၊ ပဒိုေစာအယ္ကလူေစး၊ ပဒိုေစာေနသဘေလး၊ ဗိုလ္မွဴးခ်ဳပ္ေစာတာမလာေသာ၊ ေစာပိုပိုထူးေအာင္တို႔အျပင္ ႏွစ္ဖက္ရံုးအဖြဲ႔ႏွင့္အလုပ္အဖြဲ႔မ်ား တက္ေရာက္ခဲ့ေၾကာင္း သိရသည္။
ဓာတ္ပုံ- Hla Maung Shwe

ႏိုင္မင္းလြင္(အကုန္သိ သတင္းဌာန)

Unicode Version

NRPC ကိုယ်စားလှယ်အဖွဲ့နှင့် KNU တို့ တွေ့ဆုံရာ၌ နှစ်ဖက်ယုံကြည်မှုရရှိခဲ့ပြီး နှစ်ဖက်အဆိုပြုချက်များ နီးစပ်ခဲ့ဟုဆို

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC) ကိုယ်စားလှယ်အဖွဲ့နှင့် KNU တို့ ယနေ့(စက်တင်ဘာလ ၇ ရက်)က တွေ့ဆုံဆွေးနွေးရာ၌ နှစ်ဖက်ယုံကြည်မှုရရှိခဲ့ပြီး နှစ်ဖက်အဆိုပြုချက်များ နီးစပ်ခဲ့ကြောင်း NRPC မှ ဦးလှမောင်ရွှေက ပြောသည်။
ရန်ကုန်မြို့ NRPC ရုံးခန်းမ၌ စက်တင်ဘာလ ၇ ရက်၊ နံနက် ၁၀ နာရီခန့်က အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC) ကိုယ်စားလှယ်အဖွဲ့နှင့် ကရင်အမျိုးသားအစည်းအရုံး(KNU)တို့ အလွတ်သဘောညှိနှိုင်းဆွေးနွေးခဲ့သည့်အပေါ် ယင်းကဲ့သို့ ပြောခြင်းဖြစ်သည်။
“ဒီနေ့သူတို့တင်တဲ့အဆိုပြုချက် ၄ ချက်နဲ့ ကျွန်တော်တို့တင်တဲ့ ၄ ချက်ကို ပြန်ညှိတာပါ။ ဒါတွေကို ကျွန်တော်တို့က ကြာမယ်လို့ထင်တာ။ ဒါပေမဲ့ အခုကတော့ ကံအားလျော်စွာပဲ နှစ်ဖက်ယုံကြည်မှုတွေ ရှိလာတဲ့အခါကျတော့ မြန်သွားတယ်။ ညှိရတာမြန်တဲ့အတွက် အကြမ်းမျဉ်းအားဖြင့်တော့ သူတို့ဆိုလိုတာနဲ့ ကျွန်တော်တို့ဆိုလိုတာ နီးစပ်သွားတယ်။ အဲဒါကို ထပ်ဆွေးနွေးရမယ်။ ဆွေးနွေးမှုက တစ်ခါတည်းနဲ့နီးသွားတဲ့အတွက် တိုးတက်မှုတွေရှိတယ်လို့ ကျွန်တော်ကတော့ အဲဒီလိုဆိုလိုတယ်” ဟု NRPC ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဦးလှမောင်ရွှေက အကုန်သိသတင်းဌာနသို့ ပြောသည်။
ကရင်အမျိုးသားအစည်းအရုံး(KNU)သည် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်မှစတင်၍ တရားဝင်ဆွေးနွေးပွဲများကို ယာယီရပ်ဆိုင်းထားခဲ့ရာမှ  ယနေ့ညှိုနှိုင်းဆွေးနွေးပွဲသည် (၁၁) ကြိမ်မြောက် ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ ဧပြီလ ၁၁ ရက်က နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် NRPC ကိုယ်စားလှယ်အဖွဲ့နှင့် KNU တို့ ဆွေးနွေးပွဲ၌ KNU ဘက်မှ အဆင့် ၄ ဆင့်ပါ "ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးရရှိရေးဆိုင်ရာ အဆိုပြုချက်(မူကြမ်း)" ကို အဆိုပြုခဲ့ကြောင်း သိရသည်။
ထို့အပြင် ၂၀၁၉ ခုနှစ်၊ ဇွန်လ ၁၃ ရက်နှင့် ၁၄ ရက်က ရန်ကုန်မြို့ NRPC ရုံးတွင် ပြုလုပ်ခဲ့သော UPDJC အတွင်းရေးမှူးများ အလွတ်သဘောဆွေးနွေးပွဲ၌ NRPC ဘက်မှလည်း "ငြိမ်းချမ်းရေးဖြစ်စဉ် ဆက်လက်အကောင်အထည်ဖော်မည့်လုပ်ငန်းစဉ် (၄) ရပ်" ကို ရှင်းလင်းအဆိုပြုခဲ့ကြောင်း သိရသည်။
ယင်းနောက် ၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၁၉ ရက်နှင့် ၂၀ ရက်တို့တွင် ထိုင်းနိုင်ငံ၊ ချင်းမိုင်၌ PPST အလုပ်အဖွဲ့၊ KNU ကိုယ်စားလှယ်အဖွဲ့၊ RCSS ကိုယ်စားလှယ်အဖွဲ့တို့ကို NRPC မှ သွားရောက်ရှင်းပြခဲ့ပြီး ၎င်းအဖွဲ့များက သြဂုတ်လ ၂၁ ရက်မှ ၂၅ ရက်အထိကျင်းပသော PPST အစည်းအဝေးတွင် တင်ပြခဲ့ကြောင်း သိရသည်။
ယနေ့တွေ့ဆုံဆွေးနွေးပွဲတွင် NRPC ကိုယ်စားလှယ်များဖြစ်သည့် NRPC ဒုဥက္ကဋ္ဌ(၃) ဦးထွန်းထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး(ငြိမ်း)၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်၊ ဗိုလ်ချုပ် စိုးနိုင်ဦး၊ ဗိုလ်ချုပ် နေလင်း၊ ဦးပြုံးချို(ခ)ဦးဌေးဝင်းအောင်၊ ဦးပေါ်လွင်စိန်၊ ဦးလှမောင်ရွှေ၊ ဦးမိုးဇော်ဦး၊ ဦးဇော်ဌေးနှင့် KNU ကိုယ်စားလှယ်များဖြစ်သည့် ဒုဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း၊ အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမူး၊ ပဒိုစောဆဲလ်ဂေ၊ ပဒိုစောအယ်ကလူစေး၊ ပဒိုစောနေသဘလေး၊ ဗိုလ်မှူးချုပ်စောတာမလာသော၊ စောပိုပိုထူးအောင်တို့အပြင် နှစ်ဖက်ရုံးအဖွဲ့နှင့်အလုပ်အဖွဲ့များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ- Hla Maung Shwe

နိုင်မင်းလွင်(အကုန်သိ သတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။