Skip to main content
၁၉၈၂ ႏုိင္ငံသားျဖစ္မႈဥပေဒကို တည္ဆဲဥပေဒအေနျဖင့္လက္ခံေၾကာင္း ဦးေအးလြင္ ေျပာ
Ads Block

၁၉၈၂ ႏုိင္ငံသားျဖစ္မႈဥပေဒကို တည္ဆဲဥပေဒအေနျဖင့္လက္ခံေၾကာင္း ဦးေအးလြင္ ေျပာ


၁၉၈၂ ႏုိင္ငံသားျဖစ္မႈဥပေဒကို တည္ဆဲဥပေဒအေနျဖင့္လက္ခံေၾကာင္း ရခုိင္ျပည္နယ္ အႀကံေပးေကာ္မရွင္အဖြဲ႔ဝင္ေဟာင္း ဦးေအးလြင္က ေျပာသည္။
ရန္ကုန္ၿမိဳ႕ House of Orchid တြင္ စက္တင္ဘာလ ၇ ရက္ကက်င္းပသည့္ “ေနရပ္စြန္႔ခြာသူေတြ ဘယ္အခ်ိန္ျပန္လာၾကမလဲ” ေခါင္းစဥ္ျဖင့္ ေဆြးေႏြးသည့္ ဒီဗီဘီဒီဘိတ္အစီအစဥ္တြင္ ေျပာၾကားခဲ့ျခင္းျဖစ္သည္။
“ ကိုဖီအာနန္ကလည္း ၁၉၈၂ ႏုိင္ငံသားျဖစ္မႈ ဥပေဒကအမ်ားႀကီးပဲ ျပင္ဆင္စရာရွိတယ္လုိ႔ေျပာတယ္။ ဘာေတြျပင္သင့္တာကိုေျပာထားတယ္။ သို႔ေသာ္ ဒါကိုလက္ရွိတည္ဆဲဥပေဒအေနနဲ႔ လံုးဝလက္ခံတယ္။ အဲဒါအတုိင္းပဲအျပည့္အဝအေကာင္အထည္ေဖာ္ပါလုိ႔ ေျပာခ်င္တယ္။” ဟု ရခုိင္ျပည္နယ္ အႀကံေပးေကာ္မရွင္အဖြဲ႔ဝင္ေဟာင္း ဦးေအးလြင္က ေျပာသည္။
၁၉၈၂ ခုႏွစ္ ႏိုင္ငံသားျဖစ္မႈဥပေဒကိုမွန္မွန္ကန္ကန္ေစတနာမွန္မွန္ျဖင့္ ေဆာင္ရြက္မည္ဆုိပါက ျဖစ္ေပၚေနသည့္ ျပႆနာမ်ား၏ ၉၀ ရာခုိင္ႏႈန္းေျပလည္မည္ျဖစ္ေၾကာင္းလည္း ၄င္းက ထည့္သြင္းေျပာၾကားသည္။
လက္ရွိတြင္ ဘဂၤလားေဒ့ခ်္ႏုိင္ငံႏွင့္ ျမန္မာႏုိင္ငံတုိ႔ၾကားေနရပ္စြန္႔ခြာသူမ်ားျပန္လည္ဝင္ေရာက္လာေရး သေဘာတူညီထားေသာ္လည္း ဘဂၤလားေဒ့ခ်္ႏုိင္ငံဘက္မွ တစ္ဦးတစ္ေယာက္မွ် ျပန္လည္ဝင္ေရာက္လာျခင္း မရွိေသးေၾကာင္း သိရသည္။
 

ခ်မ္းၿငိမ္း(အကုန္သိသတင္းဌာန)

Unicode Version

၁၉၈၂ နိုင်ငံသားဖြစ်မှုဥပဒေကို တည်ဆဲဥပဒေအနေဖြင့်လက်ခံကြောင်း ဦးအေးလွင် ပြော

၁၉၈၂ နိုင်ငံသားဖြစ်မှုဥပဒေကို တည်ဆဲဥပဒေအနေဖြင့်လက်ခံကြောင်း ရခိုင်ပြည်နယ် အကြံပေးကော်မရှင်အဖွဲ့ဝင်ဟောင်း ဦးအေးလွင်က ပြောသည်။
ရန်ကုန်မြို့ House of Orchid တွင် စက်တင်ဘာလ ၇ ရက်ကကျင်းပသည့် “နေရပ်စွန့်ခွာသူတွေ ဘယ်အချိန်ပြန်လာကြမလဲ” ခေါင်းစဉ်ဖြင့် ဆွေးနွေးသည့် ဒီဗီဘီဒီဘိတ်အစီအစဉ်တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
“ ကိုဖီအာနန်ကလည်း ၁၉၈၂ နိုင်ငံသားဖြစ်မှု ဥပဒေကအများကြီးပဲ ပြင်ဆင်စရာရှိတယ်လို့ပြောတယ်။ ဘာတွေပြင်သင့်တာကိုပြောထားတယ်။ သို့သော် ဒါကိုလက်ရှိတည်ဆဲဥပဒေအနေနဲ့ လုံးဝလက်ခံတယ်။ အဲဒါအတိုင်းပဲအပြည့်အဝအကောင်အထည်ဖော်ပါလို့ ပြောချင်တယ်။” ဟု ရခိုင်ပြည်နယ် အကြံပေးကော်မရှင်အဖွဲ့ဝင်ဟောင်း ဦးအေးလွင်က ပြောသည်။
၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှုဥပဒေကိုမှန်မှန်ကန်ကန်စေတနာမှန်မှန်ဖြင့် ဆောင်ရွက်မည်ဆိုပါက ဖြစ်ပေါ်နေသည့် ပြဿနာများ၏ ၉၀ ရာခိုင်နှုန်းပြေလည်မည်ဖြစ်ကြောင်းလည်း ၎င်းက ထည့်သွင်းပြောကြားသည်။
လက်ရှိတွင် ဘင်္ဂလားဒေ့ချ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့ကြားနေရပ်စွန့်ခွာသူများပြန်လည်ဝင်ရောက်လာရေး သဘောတူညီထားသော်လည်း ဘင်္ဂလားဒေ့ချ်နိုင်ငံဘက်မှ တစ်ဦးတစ်ယောက်မျှ ပြန်လည်ဝင်ရောက်လာခြင်း မရှိသေးကြောင်း သိရသည်။


ချမ်းငြိမ်း(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။