Skip to main content
မႏၱေလးေရႊေစ်းကြက္ အက်ဘက္သို႔ဦးတည္ေန
Ads Block

မႏၱေလးေရႊေစ်းကြက္ အက်ဘက္သို႔ဦးတည္ေန


မႏၱေလးေရႊေစ်းကြက္တြင္ လက္လီလကၠားအ၀ယ္ေအးၿပီး အက်ဘက္သို႔ဦးတည္ေနေၾကာင္း သိရသည္။ 
မႏၱေလးေရႊေစ်းကြက္တြင္ ယေန႔( စက္တင္ဘာလ ၇ ရက္)၊ ေန႔လည္ ၂ နာရီခန္႔၌ ေရႊေစ်းတစ္က်ပ္သားလွ်င္ ၁၂၅၇၅၀၀ က်ပ္ျဖစ္ေၾကာင္း သိရသည္။
“ ေရႊေစ်းကမေန႔ကတည္းကေတာက္ေလွ်ာက္က်ေနတာ လက္ရွိအထိကေတာ့ ၁၂၅၇၅၀၀ ေပါက္ေနတယ္။ ရန္ကုန္၊ မႏၱေလးေရႊေစ်းကြက္အခုရက္ပုိင္းအတြင္းသိပ္မကြာဘူး။ က်ရတဲ့အေၾကာင္းအရင္းကေတာ့ ကမၻာေရႊေစ်းလည္းက်တယ္။ လက္လီလကၠားအ၀ယ္ေတြကလည္း နည္းသြားတာပါတယ္။ ေရွ႕ေလွ်ာက္ ဘယ္လုိျဖစ္မလဲေတာ့မေျပာတက္ဘူး။ ကမၻာေရႊေစ်းေပၚမႈတည္ပါတယ္”ဟု မႏၱေလးတုိင္းေဒသႀကီး ေရႊလုပ္ငန္းရွင္မ်ားအသင္းဥကၠ႒ ဦးတင္ထြန္းက ေျပာသည္။
ရန္ကုန္ေရႊေစ်းကြက္၌ ယေန႔(စက္တင္ဘာလ ၇ ရက္)တြင္ ေရႊေစ်းတစ္က်ပ္သားလွ်င္ ၁၂၅၀၀၀၀ က်ပ္ျဖစ္ေၾကာင္း သိရသည္။ 
ျပည္တြင္းေရႊေစ်းသည္ ၾသဂုတ္လမွစတင္ကာ ဆက္တိုက္ျမင့္တက္လာခဲ့ျခင္းျဖစ္ၿပီး စက္တင္ဘာလ ၅ ရက္တြင္ ၁၃၀၇၀၀၀ က်ပ္အထိ အျမင့္ဆံုးျမင့္တက္ခဲ့ၿပီးေနာက္ တျဖည္းျဖည္းျပန္လည္က်ဆင္းလာျခင္း ျဖစ္သည္။ 

ရဲေက်ာ္ထက္(အကုန္သိသတင္းဌာန)

Unicode Version

မန္တလေးရွှေဈေးကွက် အကျဘက်သို့ဦးတည်နေ

မန္တလေးရွှေဈေးကွက်တွင် လက်လီလက္ကားအဝယ်အေးပြီး အကျဘက်သို့ဦးတည်နေကြောင်း သိရသည်။ 
မန္တလေးရွှေဈေးကွက်တွင် ယနေ့( စက်တင်ဘာလ ၇ ရက်)၊ နေ့လည် ၂ နာရီခန့်၌ ရွှေဈေးတစ်ကျပ်သားလျှင် ၁၂၅၇၅၀၀ ကျပ်ဖြစ်ကြောင်း သိရသည်။
“ ရွှေဈေးကမနေ့ကတည်းကတောက်လျှောက်ကျနေတာ လက်ရှိအထိကတော့ ၁၂၅၇၅၀၀ ပေါက်နေတယ်။ ရန်ကုန်၊ မန္တလေးရွှေဈေးကွက်အခုရက်ပိုင်းအတွင်းသိပ်မကွာဘူး။ ကျရတဲ့အကြောင်းအရင်းကတော့ ကမ္ဘာရွှေဈေးလည်းကျတယ်။ လက်လီလက္ကားအဝယ်တွေကလည်း နည်းသွားတာပါတယ်။ ရှေ့လျှောက် ဘယ်လိုဖြစ်မလဲတော့မပြောတက်ဘူး။ ကမ္ဘာရွှေဈေးပေါ်မှုတည်ပါတယ်”ဟု မန္တလေးတိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးတင်ထွန်းက ပြောသည်။
ရန်ကုန်ရွှေဈေးကွက်၌ ယနေ့(စက်တင်ဘာလ ၇ ရက်)တွင် ရွှေဈေးတစ်ကျပ်သားလျှင် ၁၂၅၀၀၀၀ ကျပ်ဖြစ်ကြောင်း သိရသည်။ 
ပြည်တွင်းရွှေဈေးသည် သြဂုတ်လမှစတင်ကာ ဆက်တိုက်မြင့်တက်လာခဲ့ခြင်းဖြစ်ပြီး စက်တင်ဘာလ ၅ ရက်တွင် ၁၃၀၇၀၀၀ ကျပ်အထိ အမြင့်ဆုံးမြင့်တက်ခဲ့ပြီးနောက် တဖြည်းဖြည်းပြန်လည်ကျဆင်းလာခြင်း ဖြစ်သည်။ 

ရဲကျော်ထက်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။