Skip to main content
တပ္မေတာ္ရဟတ္ယာဥ္ကိုပစ္ခ်ႏိုင္ခဲ့ေၾကာင္း AA ၏ထုတ္ျပန္ခ်က္မွာမဟုတ္မွန္ဟု တပ္မေတာ္ဘက္မွျငင္းဆို
Ads Block

တပ္မေတာ္ရဟတ္ယာဥ္ကိုပစ္ခ်ႏိုင္ခဲ့ေၾကာင္း AA ၏ထုတ္ျပန္ခ်က္မွာမဟုတ္မွန္ဟု တပ္မေတာ္ဘက္မွျငင္းဆို


ခ်င္းျပည္နယ္၊ ပလက္ဝၿမိဳ႕နယ္တြင္ AA လက္နက္ကိုင္အဖြဲ႕က တပ္မေတာ္စစ္ရဟတ္ယာဥ္ကို ပစ္ခ်လိုက္သည္ဆိုျခင္းမွာမဟုတ္မွန္သည့္အျပင္ တိုက္ပြဲျဖစ္ပြားခဲ့ျခင္းပင္မရွိေၾကာင္း တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕မွ အတြင္းေရးမွဴးဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။
AA လက္နက္ကိုင္အဖြဲ႕၏ထုတ္ျပန္ခ်က္အရ ခ်င္းျပည္နယ္၊ ပလက္ဝၿမိဳ႕နယ္တြင္ စက္တင္ဘာလ  ၅ ရက္၊ ေန႔လယ္ ၃ နာရီခြဲခန္႔က တပ္မေတာ္ဘက္မွ ရဟတ္ယာဥ္တစ္စီးကို ရကၡိဳင္တပ္မေတာ္(AA)မွ ပစ္ခ်ႏိုင္ခဲ့ၿပီး အဆိုပါရဟတ္ယာဥ္မွာ Mi 17 ဟု ယူဆရေၾကာင္းပါရွိသည္။ 
အဆိုပါ Mi 17 ဟု ယူဆရေသာရဟတ္ယာဥ္သည္ ကင္းတလင္းရြာ၊ အေနာက္ေျမာက္ (၅.၅)ကီလိုမီတာ အကြာအေဝး(သို႔မဟုတ္)ေလာင္းရပ္ေတာင္ အေနာက္ဖက္ (၂.၄)ကီလိုမီတာ(သို႔မဟုတ္) ခန္ခေတာင္တန္း၏ အေရွ႕ဖက္ (၉၀၀)မီတာအကြာအေဝးရွိ ေခ်ာက္ထဲသို႔ ထိုးဆင္းက်သြားခဲ့ေၾကာင္း၊ ဓာတ္ပုံအေထာက္အထားမ်ားရရွိရန္ မိမိတို႔အေနျဖင့္ ႀကိဳးစားလ်က္ရွိေၾကာင္း ေဖာ္ျပထားသည္။
 “အဲဒီသတင္းကမဟုတ္ပါဘူး။ သူတို႔နဲ႔လည္း ကြ်န္ေတာ္တို႔တိုက္ပြဲမျဖစ္ခဲ့ဘူး။ မေန႔က ဘူးသီးေတာင္ၿမိဳ႕မွာ ခဏဆင္းသက္ခဲ့တဲ့ရဟတ္ယာဥ္ကလည္း နီေပါႏိုင္ငံက ရဟတ္ယာဥ္ပါ။ အင္ဒိုနီးရွားႏိုင္ငံက သစ္ေတာမီးေလာင္မႈကို သြားေရာက္ကူညီဖို႔လာတာပါ။ ရာသီဥတုဆိုးရြားတဲ့အတြက္ ဘူးသီးေတာင္နားမွာရွိတဲ့ စည္ေတာင္နဲ႔ ေရေခါင္းေခ်ာင္းၾကားထဲက စားက်က္ေျမမွာ ခဏဆင္းရပ္တာပါ” ဟု တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႔မွ အတြင္းေရးမွဴး ဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းက အကုန္သိသတင္းဌာနသို႔ ေျပာသည္။
ၿပီးခဲ့ေသာ စက္တင္ဘာလ ၆ ရက္က ပလက္ဝၿမိဳ႕နယ္၊ စိမ္ညွင္းဝရြာႏွင့္ ႏွမ္းေခ်ာင္းဝရြာၾကား၊  မင္းျပားၿမိဳ႕နယ္၊ ေထာင့္ေခ်ရြာႏွင့္ ခြဆုံရြာၾကားတို႔တြင္ တပ္မေတာ္ႏွင့္ တိုက္ပြဲမ်ားျဖစ္ပြားခဲ့ၿပီး ပလက္ဝၿမိဳ႕နယ္တိုက္ပြဲအတြင္း တပ္မေတာ္ဘက္မွ ၁၀ ဦးခန္႔ေသဆုံးသြားေၾကာင္းႏွင့္ ဒဏ္ရာရသူ အခ်ဳိ႕လည္းထပ္မံရွိခဲ့ေၾကာင္း AA အဖြဲ႔က သတင္းထုတ္ျပန္ထားသည္။ 
တပ္မေတာ္ႏွင့္ AA လက္နက္ကိုင္အဖြဲ႕တို႔သည္ လက္ရွိ၌ ရခုိင္ျပည္နယ္တြင္တိုက္ပြဲမ်ားျဖစ္ပြားေနသည့္အျပင္ ခ်င္းျပည္နယ္၊ ပလက္၀ၿမိဳ႕နယ္တြင္ပါ တိုက္ပြဲမ်ားျဖစ္ပြားမႈမ်ားရွိေနဆဲျဖစ္သည္။ 
ဓာတ္ပုံ- တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ရံုး
 

ႏိုင္မင္းလြင္(အကုန္သိသတင္းဌာန)

Unicode Version

တပ်မတော်ရဟတ်ယာဉ်ကိုပစ်ချနိုင်ခဲ့ကြောင်း AA ၏ထုတ်ပြန်ချက်မှာမဟုတ်မှန်ဟု တပ်မတော်ဘက်မှငြင်းဆို

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် AA လက်နက်ကိုင်အဖွဲ့က တပ်မတော်စစ်ရဟတ်ယာဉ်ကို ပစ်ချလိုက်သည်ဆိုခြင်းမှာမဟုတ်မှန်သည့်အပြင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းပင်မရှိကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ အတွင်းရေးမှူးဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။
AA လက်နက်ကိုင်အဖွဲ့၏ထုတ်ပြန်ချက်အရ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် စက်တင်ဘာလ  ၅ ရက်၊ နေ့လယ် ၃ နာရီခွဲခန့်က တပ်မတော်ဘက်မှ ရဟတ်ယာဉ်တစ်စီးကို ရက္ခိုင်တပ်မတော်(AA)မှ ပစ်ချနိုင်ခဲ့ပြီး အဆိုပါရဟတ်ယာဉ်မှာ Mi 17 ဟု ယူဆရကြောင်းပါရှိသည်။ 
အဆိုပါ Mi 17 ဟု ယူဆရသောရဟတ်ယာဉ်သည် ကင်းတလင်းရွာ၊ အနောက်မြောက် (၅.၅)ကီလိုမီတာ အကွာအဝေး(သို့မဟုတ်)လောင်းရပ်တောင် အနောက်ဖက် (၂.၄)ကီလိုမီတာ(သို့မဟုတ်) ခန်ခတောင်တန်း၏ အရှေ့ဖက် (၉၀၀)မီတာအကွာအဝေးရှိ ချောက်ထဲသို့ ထိုးဆင်းကျသွားခဲ့ကြောင်း၊ ဓာတ်ပုံအထောက်အထားများရရှိရန် မိမိတို့အနေဖြင့် ကြိုးစားလျက်ရှိကြောင်း ဖော်ပြထားသည်။
 “အဲဒီသတင်းကမဟုတ်ပါဘူး။ သူတို့နဲ့လည်း ကျွန်တော်တို့တိုက်ပွဲမဖြစ်ခဲ့ဘူး။ မနေ့က ဘူးသီးတောင်မြို့မှာ ခဏဆင်းသက်ခဲ့တဲ့ရဟတ်ယာဉ်ကလည်း နီပေါနိုင်ငံက ရဟတ်ယာဉ်ပါ။ အင်ဒိုနီးရှားနိုင်ငံက သစ်တောမီးလောင်မှုကို သွားရောက်ကူညီဖို့လာတာပါ။ ရာသီဥတုဆိုးရွားတဲ့အတွက် ဘူးသီးတောင်နားမှာရှိတဲ့ စည်တောင်နဲ့ ရေခေါင်းချောင်းကြားထဲက စားကျက်မြေမှာ ခဏဆင်းရပ်တာပါ” ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက အကုန်သိသတင်းဌာနသို့ ပြောသည်။
ပြီးခဲ့သော စက်တင်ဘာလ ၆ ရက်က ပလက်ဝမြို့နယ်၊ စိမ်ညှင်းဝရွာနှင့် နှမ်းချောင်းဝရွာကြား၊  မင်းပြားမြို့နယ်၊ ထောင့်ချေရွာနှင့် ခွဆုံရွာကြားတို့တွင် တပ်မတော်နှင့် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ပလက်ဝမြို့နယ်တိုက်ပွဲအတွင်း တပ်မတော်ဘက်မှ ၁၀ ဦးခန့်သေဆုံးသွားကြောင်းနှင့် ဒဏ်ရာရသူ အချို့လည်းထပ်မံရှိခဲ့ကြောင်း AA အဖွဲ့က သတင်းထုတ်ပြန်ထားသည်။ 
တပ်မတော်နှင့် AA လက်နက်ကိုင်အဖွဲ့တို့သည် လက်ရှိ၌ ရခိုင်ပြည်နယ်တွင်တိုက်ပွဲများဖြစ်ပွားနေသည့်အပြင် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင်ပါ တိုက်ပွဲများဖြစ်ပွားမှုများရှိနေဆဲဖြစ်သည်။ 
ဓာတ်ပုံ- တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
 

နိုင်မင်းလွင်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။