Skip to main content
ဝင္းႏွင့္ေဇာ္တို႔၏မိဘမ်ားအား ထုိင္းႏုိင္ငံသို႔ေခၚယူႏုိင္ေရး ေဆြးေႏြးေနဟု ဆို 
Ads Block

ဝင္းႏွင့္ေဇာ္တို႔၏မိဘမ်ားအား ထုိင္းႏုိင္ငံသို႔ေခၚယူႏုိင္ေရး ေဆြးေႏြးေနဟု ဆို 


လိပ္ကၽြန္းလူသတ္မႈမွ ေသဒဏ္ခ်မွတ္ခံထားရသည့္ ကိုေဇာ္လင္းႏွင့္ကိုဝင္းေဇာ္ထြန္းတုိ႔၏ မိဘမ်ားအား ထုိင္းႏုိင္ငံ၊ ဘန္ေကာက္ၿမိဳ႕သို႔ေခၚယူရန္ ရခုုိ္င္ျပည္နယ္အေျခစုုိက္၊ ဝံလက္ေဖာင္ေဒးရွင္းႏွင့္ ေဆြးေႏြးေနေၾကာင္း ထုိင္းႏုိင္ငံေရာက္ ျမန္မာအလုပ္သမားအေရးေဆာင္ရြက္ေနသူ ဦးထူးခ်စ္က ေျပာသည္။
လက္ရွိတြင္ ေသဒဏ္ခ်ခံရသူႏွစ္ဦး၏ မိဘမ်ားကိုင္ေဆာင္ေသာ Passport မ်ားမွာ သက္တမ္းကုန္ဆံုးေနေၾကာင္း သိရသည္။ 
“ ကၽြန္ေတာ္တုိ႔ကေတာ့ ကူညီေပးဖုိ႔အဆင္သင့္ရွိပါတယ္။ အခုလည္း ရခုိင္အေျခစိုက္ဝံလက္ေဖာင္ေဒရွင္းက ေဆြးေႏြးေနတာေတြရွိတယ္။ ထုိင္းႏုိင္ငံကိုေခၚယူေရးနဲ႔ပတ္သက္ၿပီးေတာ့ရွိတယ္။ လူပုဂၢိဳလ္ တစ္ဦးတစ္ေယာက္ခ်င္းကေနေခၚတာထက္ အဖြဲ႔အစည္းကေနေခၚတာေတာ့ပိုၿပီးေကာင္းလိမ့္မယ္။ ကၽြန္ေတာ္တုိ႔ကေတာ့ကူညီဖုိ႔အဆင္သင့္ရွိပါတယ္” ဟု ထုိင္းႏုိင္ငံေရာက္ျမန္မာအလုပ္သမားအေရး ေဆာင္ရြက္ေနသူ ဦးထူးခ်စ္က ေျပာသည္။
ဝင္းႏွင့္ေဇာ္၏အမႈမွာ ဥပေဒေၾကာင္းအရၿပီးဆံုးသြားၿပီျဖစ္ၿပီး ေနာက္ဆံုးအခြင့္အေရးအေနျဖင့္ ထုိင္းဘုရင္မင္းျမတ္ထံအသနားခံစာတင္ျပရန္သာရွိေတာ့သျဖင့္ စကားလံုးအထားအသို၊ နန္းေတာ္တြင္ သံုးသည့္အသံုးအႏႈန္းမ်ားကိုထုိင္းေရွ႕ေနမ်ားေကာင္စီကစိစစ္ၿပီးနန္းေတာ္သို႔ ေရာက္ရွိေစရန္ ေပးပို႔သြားမည္ျဖစ္ေၾကာင္းလည္း ၎က ဆက္လက္ေျပာသည္။
ထို႔အျပင္ ၀င္းႏွင့္ေဇာ္တို႔အတြက္ ျပည္ေထာင္စုႀကံ႕ခုိင္ေရးႏွင့္ဖြံ႔ၿဖိဳးေရးပါတီကလည္း ထုိင္းဘုရင္မင္းျမတ္ထံ အသနားခံစာတင္ျပထားၿပီး ျမန္မာအစိုးရအေနျဖင့္လည္းအသနားခံစာတင္ရန္ ထုိင္းႏုိင္ငံရွိ ျမန္မာသံအမတ္ႀကီး ဦးေဆာင္ကာေဆာင္ရြက္ေနကာ ျမန္မာ့တပ္မေတာ္မွ ၾကည္း၊ေရ၊ေလညိွႏိႈင္းကြပ္ကဲေရးမွဴး ဗုိလ္ခ်ဳပ္ႀကီးျမထြန္းဦးကလည္း ျမန္မာလုပ္သားႏွစ္ဦးထံသြားေရာက္ေတြ႔ဆံုကာ အားေပးစကားေျပာၾကားထားေၾကာင္း သိရသည္။
တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္ႀကီးမင္းေအာင္လိႈင္ကလည္း ထုိင္းႏုိင္ငံဝန္ႀကီးခ်ဳပ္ႏွင့္ ေတြ႔ဆံုစဥ္  ႏွစ္ႏုိင္ငံႏွင့္ ႏွစ္ႏုိင္ငံတပ္မေတာ္ႏွစ္ရပ္အၾကားရွိရင္းစြဲ ခ်စ္ၾကည္ရင္းႏွီးမႈမ်ားကုိေထာက္ထားၿပီး ျမန္မာႏုိင္ငံသား ၂ ဦးအား သက္ညႇာေပးရန္စဥ္းစားေပးေစလုိေၾကာင္းႏွင့္ တရားဥပေဒႏွင့္အညီ ကူညီေစာင့္ေရွာက္ ေပးေစလုိေၾကာင္း ေျပာၾကားခဲ့ေသးသည္။ 

ခ်မ္းၿငိမ္း(အကုန္သိသတင္းဌာန)

Unicode Version

ဝင်းနှင့်ဇော်တို့၏မိဘများအား ထိုင်းနိုင်ငံသို့ခေါ်ယူနိုင်ရေး ဆွေးနွေးနေဟု ဆို 

လိပ်ကျွန်းလူသတ်မှုမှ သေဒဏ်ချမှတ်ခံထားရသည့် ကိုဇော်လင်းနှင့်ကိုဝင်းဇော်ထွန်းတို့၏ မိဘများအား ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ခေါ်ယူရန် ရခိုင်ပြည်နယ်အခြေစိုက်၊ ဝံလက်ဖောင်ဒေးရှင်းနှင့် ဆွေးနွေးနေကြောင်း ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားအရေးဆောင်ရွက်နေသူ ဦးထူးချစ်က ပြောသည်။
လက်ရှိတွင် သေဒဏ်ချခံရသူနှစ်ဦး၏ မိဘများကိုင်ဆောင်သော Passport များမှာ သက်တမ်းကုန်ဆုံးနေကြောင်း သိရသည်။ 
“ ကျွန်တော်တို့ကတော့ ကူညီပေးဖို့အဆင်သင့်ရှိပါတယ်။ အခုလည်း ရခိုင်အခြေစိုက်ဝံလက်ဖောင်ဒေရှင်းက ဆွေးနွေးနေတာတွေရှိတယ်။ ထိုင်းနိုင်ငံကိုခေါ်ယူရေးနဲ့ပတ်သက်ပြီးတော့ရှိတယ်။ လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ချင်းကနေခေါ်တာထက် အဖွဲ့အစည်းကနေခေါ်တာတော့ပိုပြီးကောင်းလိမ့်မယ်။ ကျွန်တော်တို့ကတော့ကူညီဖို့အဆင်သင့်ရှိပါတယ်” ဟု ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေသူ ဦးထူးချစ်က ပြောသည်။
ဝင်းနှင့်ဇော်၏အမှုမှာ ဥပဒေကြောင်းအရပြီးဆုံးသွားပြီဖြစ်ပြီး နောက်ဆုံးအခွင့်အရေးအနေဖြင့် ထိုင်းဘုရင်မင်းမြတ်ထံအသနားခံစာတင်ပြရန်သာရှိတော့သဖြင့် စကားလုံးအထားအသို၊ နန်းတော်တွင် သုံးသည့်အသုံးအနှုန်းများကိုထိုင်းရှေ့နေများကောင်စီကစိစစ်ပြီးနန်းတော်သို့ ရောက်ရှိစေရန် ပေးပို့သွားမည်ဖြစ်ကြောင်းလည်း ၎င်းက ဆက်လက်ပြောသည်။
ထို့အပြင် ဝင်းနှင့်ဇော်တို့အတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကလည်း ထိုင်းဘုရင်မင်းမြတ်ထံ အသနားခံစာတင်ပြထားပြီး မြန်မာအစိုးရအနေဖြင့်လည်းအသနားခံစာတင်ရန် ထိုင်းနိုင်ငံရှိ မြန်မာသံအမတ်ကြီး ဦးဆောင်ကာဆောင်ရွက်နေကာ မြန်မာ့တပ်မတော်မှ ကြည်း၊ရေ၊လေညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီးမြထွန်းဦးကလည်း မြန်မာလုပ်သားနှစ်ဦးထံသွားရောက်တွေ့ဆုံကာ အားပေးစကားပြောကြားထားကြောင်း သိရသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ကလည်း ထိုင်းနိုင်ငံဝန်ကြီးချုပ်နှင့် တွေ့ဆုံစဉ်  နှစ်နိုင်ငံနှင့် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြားရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုများကိုထောက်ထားပြီး မြန်မာနိုင်ငံသား ၂ ဦးအား သက်ညှာပေးရန်စဉ်းစားပေးစေလိုကြောင်းနှင့် တရားဥပဒေနှင့်အညီ ကူညီစောင့်ရှောက် ပေးစေလိုကြောင်း ပြောကြားခဲ့သေးသည်။ 

ချမ်းငြိမ်း(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။