Skip to main content
စက္မႈဇုန္ေဖာ္ေဆာင္ပါက ေဒသခံမ်ားအတြက္ အလုပ္အကိုင္အခြင့္အလမ္းမ်ားစြာရရွိလာႏိုင္ဟု ဆို
Ads Block

စက္မႈဇုန္ေဖာ္ေဆာင္ပါက ေဒသခံမ်ားအတြက္ အလုပ္အကိုင္အခြင့္အလမ္းမ်ားစြာရရွိလာႏိုင္ဟု ဆို

 

စက္မႈဇုန္ ၁ ခု စတင္ေဖာ္ေဆာင္ၿပီဆိုပါက ေဒသခံမ်ားအတြက္ အလုပ္အကိုင္အခြင့္အလမ္းမ်ားစြာ ရရွိလာမည္ျဖစ္ေၾကာင္း မဂၤလာေတာင္ညႊန္ၿမိဳ႕နယ္တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးလွေဌးက ေျပာသည္။

ရန္ကုန္တိုင္းေဒသႀကီး၊ လွည္းကူးၿမိဳ႕နယ္တြင္ ကိုရီးယားႏုိင္ငံႏွင့္ အက်ိဳးတူေဖာ္ေဆာင္မည့္ စက္မႈဇုန္စီမံကိန္းႏွင့္ပတ္သက္ၿပီး ယခုကဲ့သို႔ ဆက္စပ္ေျပာၾကားျခင္းျဖစ္သည္။

“စက္မႈဇုန္တစ္ခုေဖာ္ေဆာင္ၿပီဆိုကတည္းကအလုပ္အကိုင္အခြင့္အလမ္းကအမ်ားႀကီးရရွိလာမွာျဖစ္တယ္။ ပထမဦးဆံုးလုပ္ငန္းစတင္တဲ့ေန႔ကပဲ ကၽြန္ေတာ္တို႔ဆီကအေျခခံအလုပ္သမားေတြအလုပ္စရမယ္။ ပန္းရံ၊ ေျမတူး၊ ေျမသယ္စတဲ့ေနရာကအလုပ္သမားေတြအလုပ္စရမယ္။ ဒါေတြကေနၿပီးေတာ့မွ Infrastructure ေတြလုပ္ေတာ့မယ္ဆိုရင္ ဒီလုပ္ငန္းေတြမွာလည္း သူ႔သက္ဆိုင္ရာေတြမွာအလုပ္ေတြရလာမွာပဲ။ စက္ရုံႀကီးေတြ ေပၚေပါက္လာၿပီဆိုရင္လည္း အဲဒီမွာအလုပ္လုပ္ကိုင္ရမယ့္၀န္ထမ္းေတြအတြက္ အလုပ္အကိုင္အခြင့္အလမ္းေတြ အမ်ားႀကီးေပၚလာမယ္။ ဒါေၾကာင့္စက္မႈဇုန္ေတြက စတင္အေကာင္အထည္ေဖာ္ၿပီေဟ့ဆိုတာနဲ႔ ကၽြန္ေတာ္တို႔ႏုိင္ငံသူႏုိင္ငံသားေတြအတြက္ အလုပ္အကိုင္၊ အခြင့္အလမ္းေတြက တကယ္လုပ္ရင္ တကယ္ကိုအမ်ားႀကီးရလာႏုိင္တဲ့အခြင့္အေရးေတြပါပဲ။”ဟု မဂၤလာေတာင္ညႊန္႔ၿမိဳ႕နယ္ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးလွေဌးကေျပာသည္။

ကိုရီးယားႏုိင္ငံႏွင့္ အက်ိဳးတူေဖာ္ေဆာင္မည့္ စက္မႈဇုန္စီမံကိန္းတည္ေထာင္ရန္ အေမရိကန္ေဒၚလာ ၁ ဘီလ်ံကုန္က်မည္ျဖစ္ကာ ကိုရီးယားႏုိင္ငံသမၼတႏွင့္ ဒုတိယသမၼတ(၁) ဦးျမင့္ေဆြတို႔က ၂၀၁၉ ခုႏွစ္၊ စက္တင္ဘာ(၄)ရက္၌ ဖြင့္လွစ္ေပးခဲ့သည္။

“ ကိုရီးယားကတိုးတက္ေနတဲ့ႏုိင္ငံလည္းျဖစ္တယ္။ ၿပီးေတာ့သူရဲ႕ Product ေတြကလည္း အျပင္ကိုထြက္ႏုိင္တယ္။ International market ကို၀င္တယ္ေပါ့ေနာ္။ ကၽြန္မတို႔ဆီမွာဆိုလည္း သူတို႕ရဲ႕ပစၥည္းေတြက သံုးႏုိင္တဲ့အေနအထားရွိတယ္။ဒုတိယတစ္ခ်က္ကေတာ့ ကၽြန္မတို႔နဲ႔ ဘာမွသိပ္ၿပီး ျပႆနာေတြမရွိဘူး။ မိတ္ေဆြျဖစ္တဲ့တိုင္းျပည္။ နီးလည္းနီးတယ္။ ယဥ္ေက်းမႈခ်င္းလည္းသိပ္ၿပီးမကြာဘူး။ အသံုးအေဆာင္ပစၥည္းေတြအေနနဲ႔လည္း သူ႔ဟာေတြလည္းသံုးႏုိင္တယ္။ ကၽြန္မတစ္ေယာက္တည္းရဲ႕ အျမင္အေနနဲ႔ကေတာ့ အဲဒီလိုမ်ိဳးကိုေစာေစာကတည္းကလုပ္သင့္တာပါ။ အခုကကၽြန္မတို႔က နည္းနည္းေတာင္ေနာက္က်ေနၿပီ။”ဟုအထည္ခ်ဳပ္လုပ္ငန္းရွင္တစ္ဦးျဖစ္သူ ေဒၚရီရီျမင့္က ေျပာသည္။

ကိုရီးယားႏုိင္ငံႏွင့္အက်ိဳးတူေဖာ္ေဆာင္မည့္ စက္မႈဇုန္စီမံကိန္းကို လာမည့္ ၂၀၂၀ ခုႏွစ္၊ ႏွစ္ဆန္းပိုင္းတြင္ စတင္ႏုိင္မည္ျဖစ္ၿပီး လယ္သမားမ်ားကိုလည္းစီမံကိန္းလုပ္ေဆာင္ေနခ်ိန္အတြင္း သီးႏွံေပါက္ေစ်းအတိုင္း ေလ်ာ္ေၾကးေငြမ်ားေပးအပ္ေနမည္ျဖစ္ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕မွ ကရင္တိုင္းရင္းသားေရးရာ ၀န္ႀကီး ေနာ္ပန္းသဥၹာမ်ိဳးကေျပာၾကားထားသည္။

စီမံကိန္းတြင္ အပိုင္း(၃)ပိုင္းျဖင့္ေဖာ္ေဆာင္မည္ျဖစ္ကာ (၁)ပိုင္းလွ်င္ (၃)ႏွစ္ၾကာျမင့္မည္ျဖစ္ၿပီး စုစုေပါင္းစီမံကိန္း အၿပီးၾကာျမင့္ခ်ိန္မွာ (၉)ႏွစ္အထိ္ရွိမည္ျဖစ္သည္။

ယင္းစက္မႈဇုန္တြင္ လူသံုးကုန္ပစၥည္းမ်ားထုတ္လုပ္သည့္စက္ရုံမ်ားတည္ေထာင္ရန္ ရည္ရြယ္ထားေၾကာင္း သိရသည္။

 

ထက္ေ၀လင္း(အကုန္သိသတင္းဌာန)

Unicode Version

စက်မှုဇုန်ဖော်ဆောင်ပါက ဒေသခံများအတွက် အလုပ်အကိုင်အခွင့်အလမ်းများစွာရရှိလာနိုင်ဟု ဆို 

စက်မှုဇုန် ၁ ခု စတင်ဖော်ဆောင်ပြီဆိုပါက ဒေသခံများအတွက် အလုပ်အကိုင်အခွင့်အလမ်းများစွာ ရရှိလာမည်ဖြစ်ကြောင်း မင်္ဂလာတောင်ညွှန်မြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်တွင် ကိုရီးယားနိုင်ငံနှင့် အကျိုးတူဖော်ဆောင်မည့် စက်မှုဇုန်စီမံကိန်းနှင့်ပတ်သက်ပြီး ယခုကဲ့သို့ ဆက်စပ်ပြောကြားခြင်းဖြစ်သည်။
“စက်မှုဇုန်တစ်ခုဖော်ဆောင်ပြီဆိုကတည်းကအလုပ်အကိုင်အခွင့်အလမ်းကအများကြီးရရှိလာမှာဖြစ်တယ်။ ပထမဦးဆုံးလုပ်ငန်းစတင်တဲ့နေ့ကပဲ ကျွန်တော်တို့ဆီကအခြေခံအလုပ်သမားတွေအလုပ်စရမယ်။ ပန်းရံ၊ မြေတူး၊ မြေသယ်စတဲ့နေရာကအလုပ်သမားတွေအလုပ်စရမယ်။ ဒါတွေကနေပြီးတော့မှ Infrastructure တွေလုပ်တော့မယ်ဆိုရင် ဒီလုပ်ငန်းတွေမှာလည်း သူ့သက်ဆိုင်ရာတွေမှာအလုပ်တွေရလာမှာပဲ။ စက်ရုံကြီးတွေ ပေါ်ပေါက်လာပြီဆိုရင်လည်း အဲဒီမှာအလုပ်လုပ်ကိုင်ရမယ့်ဝန်ထမ်းတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ အများကြီးပေါ်လာမယ်။ ဒါကြောင့်စက်မှုဇုန်တွေက စတင်အကောင်အထည်ဖော်ပြီဟေ့ဆိုတာနဲ့ ကျွန်တော်တို့နိုင်ငံသူနိုင်ငံသားတွေအတွက် အလုပ်အကိုင်၊ အခွင့်အလမ်းတွေက တကယ်လုပ်ရင် တကယ်ကိုအများကြီးရလာနိုင်တဲ့အခွင့်အရေးတွေပါပဲ။”ဟု မင်္ဂလာတောင်ညွှန့်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးကပြောသည်။
ကိုရီးယားနိုင်ငံနှင့် အကျိုးတူဖော်ဆောင်မည့် စက်မှုဇုန်စီမံကိန်းတည်ထောင်ရန် အမေရိကန်ဒေါ်လာ ၁ ဘီလျံကုန်ကျမည်ဖြစ်ကာ ကိုရီးယားနိုင်ငံသမ္မတနှင့် ဒုတိယသမ္မတ(၁) ဦးမြင့်ဆွေတို့က ၂၀၁၉ ခုနှစ်၊ စက်တင်ဘာ(၄)ရက်၌ ဖွင့်လှစ်ပေးခဲ့သည်။
“ ကိုရီးယားကတိုးတက်နေတဲ့နိုင်ငံလည်းဖြစ်တယ်။ ပြီးတော့သူရဲ့ Product တွေကလည်း အပြင်ကိုထွက်နိုင်တယ်။ International market ကိုဝင်တယ်ပေါ့နော်။ ကျွန်မတို့ဆီမှာဆိုလည်း သူတို့ရဲ့ပစ္စည်းတွေက သုံးနိုင်တဲ့အနေအထားရှိတယ်။ဒုတိယတစ်ချက်ကတော့ ကျွန်မတို့နဲ့ ဘာမှသိပ်ပြီး ပြဿနာတွေမရှိဘူး။ မိတ်ဆွေဖြစ်တဲ့တိုင်းပြည်။ နီးလည်းနီးတယ်။ ယဉ်ကျေးမှုချင်းလည်းသိပ်ပြီးမကွာဘူး။ အသုံးအဆောင်ပစ္စည်းတွေအနေနဲ့လည်း သူ့ဟာတွေလည်းသုံးနိုင်တယ်။ ကျွန်မတစ်ယောက်တည်းရဲ့ အမြင်အနေနဲ့ကတော့ အဲဒီလိုမျိုးကိုစောစောကတည်းကလုပ်သင့်တာပါ။ အခုကကျွန်မတို့က နည်းနည်းတောင်နောက်ကျနေပြီ။”ဟုအထည်ချုပ်လုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဒေါ်ရီရီမြင့်က ပြောသည်။
ကိုရီးယားနိုင်ငံနှင့်အကျိုးတူဖော်ဆောင်မည့် စက်မှုဇုန်စီမံကိန်းကို လာမည့် ၂၀၂၀ ခုနှစ်၊ နှစ်ဆန်းပိုင်းတွင် စတင်နိုင်မည်ဖြစ်ပြီး လယ်သမားများကိုလည်းစီမံကိန်းလုပ်ဆောင်နေချိန်အတွင်း သီးနှံပေါက်ဈေးအတိုင်း လျော်ကြေးငွေများပေးအပ်နေမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီး နော်ပန်းသဉ္ဖာမျိုးကပြောကြားထားသည်။
စီမံကိန်းတွင် အပိုင်း(၃)ပိုင်းဖြင့်ဖော်ဆောင်မည်ဖြစ်ကာ (၁)ပိုင်းလျှင် (၃)နှစ်ကြာမြင့်မည်ဖြစ်ပြီး စုစုပေါင်းစီမံကိန်း အပြီးကြာမြင့်ချိန်မှာ (၉)နှစ်အထိရှိမည်ဖြစ်သည်။
ယင်းစက်မှုဇုန်တွင် လူသုံးကုန်ပစ္စည်းများထုတ်လုပ်သည့်စက်ရုံများတည်ထောင်ရန် ရည်ရွယ်ထားကြောင်း သိရသည်။

ထက်ဝေလင်း(အကုန်သိသတင်းဌာန)

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။