Skip to main content
တိုက္ပြဲမ်ားေၾကာင့္ ရပ္တန္႔သြားေသာနယ္စပ္ကုန္သြယ္ေရး ပံုမွန္နီးပါးျပန္လည္ေကာင္းမြန္လာ 
Ads Block

တိုက္ပြဲမ်ားေၾကာင့္ ရပ္တန္႔သြားေသာနယ္စပ္ကုန္သြယ္ေရး ပံုမွန္နီးပါးျပန္လည္ေကာင္းမြန္လာ 


ရွမ္းျပည္နယ္အတြင္းတိုက္ပြဲမ်ားေၾကာင့္ နယ္စပ္ကုန္သြယ္မႈလံုးဝရပ္တန္႔ခဲ့ရာမွ လက္ရွိတြင္ ပံုမွန္နီးပါး ျပန္လည္ေကာင္းမြန္ေနၿပီျဖစ္ေၾကာင္း မူဆယ္ကုန္စည္ဒိုင္မွအတြင္းေရးမွဴးဦးမင္းသိမ္းေျပာျပခ်က္အရ သိရသည္။
ရွမ္းျပည္ေျမာက္ပိုင္းတြင္ ျဖစ္ပြားသည့္တိုက္ပြဲေၾကာင့္ လမ္းမ်ား၊ တံတားမ်ား ပ်က္ဆီးခဲ့သည့္အျပင္ နယ္စပ္ကုန္သြယ္ေရးမွာ ရက္ ၂၀ ေက်ာ္နီးပါး လံုးဝျပတ္ေတာက္ခဲ့ရျခင္းျဖစ္သည္။ 
“လမ္းေတြကေတာ့ ေတာ္ေတာ္ႀကီးကိုေကာင္းလာၿပီ။ ကုန္တင္ကားေတြလည္း ဝင္လာတယ္။ တရုတ္ဘက္ကလည္း ဝင္လာပါတယ္။ ဒါေပမယ့္ ညဘက္ေတာ့မေမာင္းရဲၾကေသးဘူး။ ေန႔လယ္ပဲ ေမာင္းၾကတယ္။ ကုန္သြယ္ေရးကေတာ့ ပံုမွန္နီးပါးျပန္ျဖစ္ေနပါၿပီ”ဟုမူဆယ္ကုန္စည္ဒိုင္မွ အတြင္းေရးမွဴး ဦးမင္းသိမ္းက ေျပာသည္။
မူဆယ္နယ္စပ္ကုန္သြယ္ေရးဇုန္သည္ ပ်မ္းမွ်တစ္ရက္လွ်င္ ကန္ေဒၚလာ ၅ သန္းခန္႔ ကုန္သြယ္မႈျပဳလုပ္ႏိုင္ၿပီး တိုက္ပြဲျဖစ္ၿပီးေနာက္ပိုင္း တစ္ရက္လွ်င္ပွ်မ္းမွ် ကန္ေဒၚလာ ၇ သိန္းခန္႔သာ ျပဳလုပ္ႏိုင္ခဲ့ေၾကာင္း သိရသည္။
ယင္းအျပင္ ခ်င္းေရႊေဟာ္နယ္စပ္ကုန္သြယ္ေရးဇုန္သည္လည္း တိုက္ပြဲမ်ားမျဖစ္မီက တစ္ရက္လွ်င္ ကုန္သြယ္မႈပမာဏ ကန္ေဒၚလာ ၂ သန္းမွ ၃ သန္းအထိေဆာင္ရြက္ႏိုင္ၿပီး တိုက္ပြဲျဖစ္ၿပီးေနာက္ လံုးဝရပ္တန္႔သြားေၾကာင္း စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနမွ ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာသန္းျမင့္ကလည္း ေျပာၾကားထားသည္။ 
မူဆယ္ကုန္သြယ္ေရးဇုန္မွာ ျမန္မာႏိုင္ငံရွိ ကုန္သြယ္ေရးဇုန္မ်ားအနက္ အႀကီးမားဆံုးကုန္သြယ္ေရးဇုန္ျဖစ္ၿပီး ကုန္သြယ္မႈအားလံုး၏ ၇၀ ရာခိုင္ႏႈန္းခန္႔ကို ေဆာင္ရြက္ေနေၾကာင္း သိရသည္။

စုသက္ႏွင္း(အကုန္သိသတင္းဌာန)

Unicode Version

တိုက်ပွဲများကြောင့် ရပ်တန့်သွားသောနယ်စပ်ကုန်သွယ်ရေး ပုံမှန်နီးပါးပြန်လည်ကောင်းမွန်လာ 

ရှမ်းပြည်နယ်အတွင်းတိုက်ပွဲများကြောင့် နယ်စပ်ကုန်သွယ်မှုလုံးဝရပ်တန့်ခဲ့ရာမှ လက်ရှိတွင် ပုံမှန်နီးပါး ပြန်လည်ကောင်းမွန်နေပြီဖြစ်ကြောင်း မူဆယ်ကုန်စည်ဒိုင်မှအတွင်းရေးမှူးဦးမင်းသိမ်းပြောပြချက်အရ သိရသည်။
ရှမ်းပြည်မြောက်ပိုင်းတွင် ဖြစ်ပွားသည့်တိုက်ပွဲကြောင့် လမ်းများ၊ တံတားများ ပျက်ဆီးခဲ့သည့်အပြင် နယ်စပ်ကုန်သွယ်ရေးမှာ ရက် ၂၀ ကျော်နီးပါး လုံးဝပြတ်တောက်ခဲ့ရခြင်းဖြစ်သည်။ 
“လမ်းတွေကတော့ တော်တော်ကြီးကိုကောင်းလာပြီ။ ကုန်တင်ကားတွေလည်း ဝင်လာတယ်။ တရုတ်ဘက်ကလည်း ဝင်လာပါတယ်။ ဒါပေမယ့် ညဘက်တော့မမောင်းရဲကြသေးဘူး။ နေ့လယ်ပဲ မောင်းကြတယ်။ ကုန်သွယ်ရေးကတော့ ပုံမှန်နီးပါးပြန်ဖြစ်နေပါပြီ”ဟုမူဆယ်ကုန်စည်ဒိုင်မှ အတွင်းရေးမှူး ဦးမင်းသိမ်းက ပြောသည်။
မူဆယ်နယ်စပ်ကုန်သွယ်ရေးဇုန်သည် ပျမ်းမျှတစ်ရက်လျှင် ကန်ဒေါ်လာ ၅ သန်းခန့် ကုန်သွယ်မှုပြုလုပ်နိုင်ပြီး တိုက်ပွဲဖြစ်ပြီးနောက်ပိုင်း တစ်ရက်လျှင်ပျှမ်းမျှ ကန်ဒေါ်လာ ၇ သိန်းခန့်သာ ပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။
ယင်းအပြင် ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးဇုန်သည်လည်း တိုက်ပွဲများမဖြစ်မီက တစ်ရက်လျှင် ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ ၂ သန်းမှ ၃ သန်းအထိဆောင်ရွက်နိုင်ပြီး တိုက်ပွဲဖြစ်ပြီးနောက် လုံးဝရပ်တန့်သွားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်ကလည်း ပြောကြားထားသည်။ 
မူဆယ်ကုန်သွယ်ရေးဇုန်မှာ မြန်မာနိုင်ငံရှိ ကုန်သွယ်ရေးဇုန်များအနက် အကြီးမားဆုံးကုန်သွယ်ရေးဇုန်ဖြစ်ပြီး ကုန်သွယ်မှုအားလုံး၏ ၇၀ ရာခိုင်နှုန်းခန့်ကို ဆောင်ရွက်နေကြောင်း သိရသည်။

စုသက်နှင်း(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။