Skip to main content
၀င္းႏွင့္ေဇာ္တို႔ ေသဒဏ္မွလြတ္ေျမာက္ေရး လာမည့္အပတ္မွစတင္ကာ အေသးစိတ္ေဆာင္ရြက္မည္
Ads Block

၀င္းႏွင့္ေဇာ္တို႔ ေသဒဏ္မွလြတ္ေျမာက္ေရး လာမည့္အပတ္မွစတင္ကာ အေသးစိတ္ေဆာင္ရြက္မည္


လိပ္ကၽြန္းလူသတ္မႈႏွင့္ပတ္သက္ၿပီး ေသဒဏ္ခ်မွတ္ခံထားရေသာ ၀င္းႏွင့္ေဇာ္တို႔အတြက္ လာမည့္အပတ္တြင္ အစီအစဥ္အေသးစိတ္စတင္ေဆာင္ရြက္မည္ျဖစ္ေၾကာင္း ေရွ႕ေနဦးေအာင္မ်ိဳးသန္႔ကေျပာသည္။
ထုိင္းႏုိင္ငံ၏ ဗဟုိတရားရုံးမွ ေနာက္ဆံုးအယူခံကိုပယ္ခ်ၿပီး ေသဒဏ္ကိုသာခ်မွတ္ခံထားရသည့္ ျမန္မာလုပ္သားႏွစ္ဦးျဖစ္သည့္ ကိုေဇာ္လင္းႏွင့္ ကိုဝင္းေဇာ္ထြန္းတုိ႔ကို ၿပီးခဲ့ေသာစက္တင္ဘာလ ၃ရက္ႏွင့္ ၅ရက္ေန႔မ်ားတြင္ ျမန္မာအစိုးရတာဝန္ရွိသူမ်ား၊ ထုိင္းႏုိင္ငံရွိ ျမန္မာသံရုံးမွ တာဝန္ရွိသူမ်ားသြားေရာက္ ေတြ႔ဆံုခဲ့ၾကသည့္အျပင္  ၾကည္း၊ ေရ၊ ေလညိွႏႈိင္းကြပ္ကဲေရးမွဴး ဗိုလ္ခ်ဳပ္ႀကီးျမထြန္းဦးကလည္း သြားေရာက္ေတြ႔ဆံုခဲ့ၾကသည္။
“ သက္ဆုိင္ရာပါတီေတြ၊ လူမႈအဖြဲ႔အစည္းေတြ၊ အစိုးရပိုိင္းကေဆာင္ရြက္ေနတာေတြကကေလးႏွစ္ေယာက္ လြတ္ေျမာက္ေရးအတြက္ အမ်ားႀကီးအလားအလာေကာင္းပါတယ္။ ၆ ရက္ေန႔မွာ ေရွ႕ေနမ်ားေကာင္စီနဲ႔ အစည္းအေဝးလုပ္ၿပီးေတာ့သူတုိ႔ကလာမယ့္အပတ္မွာေရွ႕ဆက္ေဆာင္ရြက္ရမယ့္အစီအစဥ္ေတြကို အေသးစိတ္ေပးမယ္။ အဲဒီအခါက်မွ ဘာေတြဆက္ေဆာင္ရြက္ရမယ္ဆုိတာေျပာလုိ႔ရမယ္။” ဟု ေရွ႕ေနဦးေအာင္မ်ိဳးသန္႔က ေျပာသည္။
ျမန္မာလုပ္သား ၂ ဦး၏ ေနာက္ဆံုးအခြင့္အေရးအေနျဖင့္ ထုိင္းဘုရင္မင္းျမတ္ထံ ရက္ေပါင္း ၆၀ အတြင္း အသားနာခံစာတင္ရမည္ျဖစ္ၿပီး ယခင္ကတည္းကမ်က္ျမင္သက္ေသမရွိျခင္းႏွင့္ ခိုင္လံုသည့္ သက္ေသအေထာက္အထားမ်ားမရွိျခင္းေၾကာင့္ အလားအလာေကာင္းခဲ့ေသာ္လည္းထုိင္းႏုိင္ငံ၏ တရားဥပေဒအရေသဒဏ္ခ်မွတ္ခဲ့ျခင္းျဖစ္ကာ ၎တုိ႔၏တရားစီရင္ေရးအေပၚ သီးျခားမွတ္ခ်က္ျပဳစရာ မရွိေၾကာင္းလည္း ၎က ဆက္ေျပာသည္။
ျဖစ္စဥ္မွာထိုင္းႏိုင္ငံေတာင္ပိုင္း၊ ဆူရတ္ဌာနီခရိုင္ရွိခိုေတာင္ကၽြန္း (လိပ္ကၽြန္း)တြင္ ၿပီးခဲ့ေသာ ၂၀၁၄ ခုႏွစ္ ကုန္ပိုင္းက ၿဗိတိန္ႏိုင္ငံသား (၂) ဦးျဖစ္ေသာ Hannah Witheridge ၊ (၂၃)ႏွစ္ႏွင့္ David Miller ၊ (၂၄)ႏွစ္တို႔ အသတ္ခံခဲ့ရျခင္းျဖစ္သည္။
အဆိုပါအမႈႏွင့္ပတ္သက္၍ ျမန္မာႏုိင္ငံသား ၂ ဦးျဖစ္ေသာေဇာ္လင္းႏွင့္ ဝင္းေဇာ္ထြန္းတို႔အား ေသဒဏ္ခ်မွတ္ခဲ့ျခင္းျဖစ္သည္။ 

ခ်မ္းၿငိမ္း(အကုန္သိသတင္းဌာန)

Unicode Version

၀င်းနှင့်ဇော်တို့ သေဒဏ်မှလွတ်မြောက်ရေး လာမည့်အပတ်မှစတင်ကာ အသေးစိတ်ဆောင်ရွက်မည်
 

လိပ်ကျွန်းလူသတ်မှုနှင့်ပတ်သက်ပြီး သေဒဏ်ချမှတ်ခံထားရသော ဝင်းနှင့်ဇော်တို့အတွက် လာမည့်အပတ်တွင် အစီအစဉ်အသေးစိတ်စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း ရှေ့နေဦးအောင်မျိုးသန့်ကပြောသည်။
ထိုင်းနိုင်ငံ၏ ဗဟိုတရားရုံးမှ နောက်ဆုံးအယူခံကိုပယ်ချပြီး သေဒဏ်ကိုသာချမှတ်ခံထားရသည့် မြန်မာလုပ်သားနှစ်ဦးဖြစ်သည့် ကိုဇော်လင်းနှင့် ကိုဝင်းဇော်ထွန်းတို့ကို ပြီးခဲ့သောစက်တင်ဘာလ ၃ရက်နှင့် ၅ရက်နေ့များတွင် မြန်မာအစိုးရတာဝန်ရှိသူများ၊ ထိုင်းနိုင်ငံရှိ မြန်မာသံရုံးမှ တာဝန်ရှိသူများသွားရောက် တွေ့ဆုံခဲ့ကြသည့်အပြင်  ကြည်း၊ ရေ၊ လေညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီးမြထွန်းဦးကလည်း သွားရောက်တွေ့ဆုံခဲ့ကြသည်။
“ သက်ဆိုင်ရာပါတီတွေ၊ လူမှုအဖွဲ့အစည်းတွေ၊ အစိုးရပိုင်းကဆောင်ရွက်နေတာတွေကကလေးနှစ်ယောက် လွတ်မြောက်ရေးအတွက် အများကြီးအလားအလာကောင်းပါတယ်။ ၆ ရက်နေ့မှာ ရှေ့နေများကောင်စီနဲ့ အစည်းအဝေးလုပ်ပြီးတော့သူတို့ကလာမယ့်အပတ်မှာရှေ့ဆက်ဆောင်ရွက်ရမယ့်အစီအစဉ်တွေကို အသေးစိတ်ပေးမယ်။ အဲဒီအခါကျမှ ဘာတွေဆက်ဆောင်ရွက်ရမယ်ဆိုတာပြောလို့ရမယ်။” ဟု ရှေ့နေဦးအောင်မျိုးသန့်က ပြောသည်။
မြန်မာလုပ်သား ၂ ဦး၏ နောက်ဆုံးအခွင့်အရေးအနေဖြင့် ထိုင်းဘုရင်မင်းမြတ်ထံ ရက်ပေါင်း ၆၀ အတွင်း အသားနာခံစာတင်ရမည်ဖြစ်ပြီး ယခင်ကတည်းကမျက်မြင်သက်သေမရှိခြင်းနှင့် ခိုင်လုံသည့် သက်သေအထောက်အထားများမရှိခြင်းကြောင့် အလားအလာကောင်းခဲ့သော်လည်းထိုင်းနိုင်ငံ၏ တရားဥပဒေအရသေဒဏ်ချမှတ်ခဲ့ခြင်းဖြစ်ကာ ၎င်းတို့၏တရားစီရင်ရေးအပေါ် သီးခြားမှတ်ချက်ပြုစရာ မရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။
ဖြစ်စဉ်မှာထိုင်းနိုင်ငံတောင်ပိုင်း၊ ဆူရတ်ဌာနီခရိုင်ရှိခိုတောင်ကျွန်း (လိပ်ကျွန်း)တွင် ပြီးခဲ့သော ၂၀၁၄ ခုနှစ် ကုန်ပိုင်းက ဗြိတိန်နိုင်ငံသား (၂) ဦးဖြစ်သော Hannah Witheridge ၊ (၂၃)နှစ်နှင့် David Miller ၊ (၂၄)နှစ်တို့ အသတ်ခံခဲ့ရခြင်းဖြစ်သည်။
အဆိုပါအမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံသား ၂ ဦးဖြစ်သောဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့အား သေဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။ 

ချမ်းငြိမ်း(အကုန်သိသတင်းဌာန)
 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။