Skip to main content
တရားသူႀကီးအား ႀကိဳးျပတ္ေနသည့္ခ်ိန္ခြင္ေပးခဲ့သူကို ေထာင္ဒဏ္ ၃ လခ်မွတ္မႈမွာ တရားမွ်တမႈမရွိဟု ဆုိ
Ads Block

တရားသူႀကီးအား ႀကိဳးျပတ္ေနသည့္ခ်ိန္ခြင္ေပးခဲ့သူကို ေထာင္ဒဏ္ ၃ လခ်မွတ္မႈမွာ တရားမွ်တမႈမရွိဟု ဆုိ

ျမစ္ႀကီးနားၿမိဳ႕နယ္ တရားသူႀကီးအား ႀကိဳးျပတ္ေနသည့္ ခ်ိန္ခြင္ေပးခဲ့သည့္ ကခ်င္လူငယ္ကိုေပါလုကို ေထာင္ဒဏ္ ၃ လခ်မွတ္ျခင္းမွာ တရားမွ်တမႈမရွိေၾကာင္း ကိုေပါလု၏ေရွ႕ေနျဖစ္သူ တရားလႊတ္ေတာ္ေရွ႕ေန ဦးမာခါးက ေျပာသည္။ 
ကိုေပါလုအား ျမစ္ႀကီးနားၿမိဳ႕နယ္တရားရံုးတြင္ ယေန႔(စက္တင္ဘာလ ၆ ရက္)၊ နံနက္ပိုင္းက ေထာင္ဒဏ္ ၃ လ ခ်မွတ္ခဲ့သည့္အေပၚ ယခုကဲ့သို႔ေျပာျခင္းျဖစ္သည္။ 
 “ အခုလုိခ်ိန္ခြင္ေပးတဲ့အေပၚမွာေထာင္ဒဏ္ ၃ လခ်မွတ္တယ္ဆုိတာ လုံး၀တရားမွ်တမႈမရွိပါဘူူး။ ဒီပုဒ္မ ၂၂၈ ဆုိတာက တရားစီရင္ေရးကိစၥေဆာင္ရြက္ေနတဲ့ တရားလူႀကီးကုိ တမင္ေစာ္ကား၊ ေႏွာက္ယွက္မွသာလွ်င္ ဒီျပစ္မႈနဲ႔ေျမာက္တာေပါ့။ ကုိေပါလုကတရားစီရင္ေနတဲ့အခ်ိန္မွာေပးတာမဟုတ္ဘူး။ တရားခြင္ၿပီးလုိ႔ အျပင္ထြက္ၿပီး စကားေတြဘာေတြေျပာၿပီးမွ တရားလူႀကီးဆီ စကားသြားေျပာၿပီးမွေပးခဲ့တာပါ။ ဒါက ေစာ္ကားတာမဟုတ္ပါဘူး။ သူ႔ကုိအမိန္႔ခ်တာမတရားဘူးထင္လုိ႔ ေထာက္ျပတဲ့အေနနဲ႔ေပးခဲ့တာပါ”ဟု ကိုေပါလု၏ေရွ႕ေနျဖစ္သူ တရားလႊတ္ေတာ္ေရွ႕ေနဦးမာခါးက ေျပာသည္။ 
ရာဇသတ္ႀကီးဥပေဒပုဒ္မ- ၂၂၈ အရ တရားစီရင္ေရးေဆာင္ရြက္ေနခ်ိန္ ျပည္သူ႔၀န္ထမ္းတစ္ေယာက္ကုိ တမင္ေစာ္ကားေႏွာင့္ယွက္ပါက ေထာင္ဒဏ္ ၆ လ(သုိ႔မဟုတ္)ေငြဒဏ္ ၁ သိန္း(သုိ႔မဟုတ္) ဒဏ္ႏွစ္ရပ္လုံး ခ်မွတ္ႏုိင္ေၾကာင္း သိရသည္။
ကခ်င္လူငယ္ကိုေပါလုသည္ ျမစ္ႀကီးနားၿမိဳ႕တြင္ ၂၀၁၉ ခုႏွစ္၊ ဇြန္လ ၉ ရက္ကက်င္းပခဲ့သည့္ ကခ်င္ေဒသစစ္ပြဲ ၈ ႏွစ္ျပည့္ အထိမ္းအမွတ္၊ လမ္းေဘးသ႐ုပ္ျပတင္ဆက္ကျပမႈ၌ ဦးေဆာင္ပါဝင္ခဲ့သူတစ္ဦးျဖစ္ၿပီး ၿငိမ္းစုစီးပုဒ္(၁၉)ျဖင့္ တရားစြဲဆိုခံခဲ့ရျခင္းျဖစ္သည္။
ထုိ႔ေနာက္ ကိုေပါလုအား ျမစ္ႀကီးနားၿမိဳ႕နယ္တရားရုံးမွ ၂၀၁၉ ခုႏွစ္၊ စက္တင္ဘာလ ၂ ရက္တြင္ ေထာင္ဒဏ္ (၁၅) ရက္ခ်မွတ္ခဲ့ကာ ယင္းေန႔တြင္ ကိုေပါလုက ျမစ္ႀကီးနားၿမိဳ႕နယ္တရားသူႀကီးကို ႀကိဳးျပတ္ေနသည့္ခ်ိန္ခြင္ ေပးခဲ့ျခင္းျဖစ္သည္။

- ရဲေက်ာ္ထက္(အကုန္သိသတင္းဌာန)

Unicode version

တရားသူကြီးအား ကြိုးပြတ်နေသည့်ချိန်ခွင်ပေးခဲ့သူကို ထောင်ဒဏ် ၃ လချမှတ်မှုမှာ တရားမျှတမှုမရှိဟု ဆို

မြစ်ကြီးနားမြို့နယ် တရားသူကြီးအား ကြိုးပြတ်နေသည့် ချိန်ခွင်ပေးခဲ့သည့် ကချင်လူငယ်ကိုပေါလုကို ထောင်ဒဏ် ၃ လချမှတ်ခြင်းမှာ တရားမျှတမှုမရှိကြောင်း ကိုပေါလု၏ရှေ့နေဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးမာခါးက ပြောသည်။ 
ကိုပေါလုအား မြစ်ကြီးနားမြို့နယ်တရားရုံးတွင် ယနေ့(စက်တင်ဘာလ ၆ ရက်)၊ နံနက်ပိုင်းက ထောင်ဒဏ် ၃ လ ချမှတ်ခဲ့သည့်အပေါ် ယခုကဲ့သို့ပြောခြင်းဖြစ်သည်။ 
 “ အခုလိုချိန်ခွင်ပေးတဲ့အပေါ်မှာထောင်ဒဏ် ၃ လချမှတ်တယ်ဆိုတာ လုံးဝတရားမျှတမှုမရှိပါဘူူး။ ဒီပုဒ်မ ၂၂၈ ဆိုတာက တရားစီရင်ရေးကိစ္စဆောင်ရွက်နေတဲ့ တရားလူကြီးကို တမင်စော်ကား၊ နှောက်ယှက်မှသာလျှင် ဒီပြစ်မှုနဲ့မြောက်တာပေါ့။ ကိုပေါလုကတရားစီရင်နေတဲ့အချိန်မှာပေးတာမဟုတ်ဘူး။ တရားခွင်ပြီးလို့ အပြင်ထွက်ပြီး စကားတွေဘာတွေပြောပြီးမှ တရားလူကြီးဆီ စကားသွားပြောပြီးမှပေးခဲ့တာပါ။ ဒါက စော်ကားတာမဟုတ်ပါဘူး။ သူ့ကိုအမိန့်ချတာမတရားဘူးထင်လို့ ထောက်ပြတဲ့အနေနဲ့ပေးခဲ့တာပါ”ဟု ကိုပေါလု၏ရှေ့နေဖြစ်သူ တရားလွှတ်တော်ရှေ့နေဦးမာခါးက ပြောသည်။ 
ရာဇသတ်ကြီးဥပဒေပုဒ်မ- ၂၂၈ အရ တရားစီရင်ရေးဆောင်ရွက်နေချိန် ပြည်သူ့ဝန်ထမ်းတစ်ယောက်ကို တမင်စော်ကားနှောင့်ယှက်ပါက ထောင်ဒဏ် ၆ လ(သို့မဟုတ်)ငွေဒဏ် ၁ သိန်း(သို့မဟုတ်) ဒဏ်နှစ်ရပ်လုံး ချမှတ်နိုင်ကြောင်း သိရသည်။
ကချင်လူငယ်ကိုပေါလုသည် မြစ်ကြီးနားမြို့တွင် ၂၀၁၉ ခုနှစ်၊ ဇွန်လ ၉ ရက်ကကျင်းပခဲ့သည့် ကချင်ဒေသစစ်ပွဲ ၈ နှစ်ပြည့် အထိမ်းအမှတ်၊ လမ်းဘေးသရုပ်ပြတင်ဆက်ကပြမှု၌ ဦးဆောင်ပါဝင်ခဲ့သူတစ်ဦးဖြစ်ပြီး ငြိမ်းစုစီးပုဒ်(၁၉)ဖြင့် တရားစွဲဆိုခံခဲ့ရခြင်းဖြစ်သည်။
ထို့နောက် ကိုပေါလုအား မြစ်ကြီးနားမြို့နယ်တရားရုံးမှ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်တွင် ထောင်ဒဏ် (၁၅) ရက်ချမှတ်ခဲ့ကာ ယင်းနေ့တွင် ကိုပေါလုက မြစ်ကြီးနားမြို့နယ်တရားသူကြီးကို ကြိုးပြတ်နေသည့်ချိန်ခွင် ပေးခဲ့ခြင်းဖြစ်သည်။

- ရဲကျော်ထက်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။